ဘာတွေဘယ်လိုခက်နေပါစေ ယတြာကောင်းရှိတယ်

Astrology
ဘာတွေဘယ်လိုခက်နေပါစေ ယတြာကောင်းရှိတယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘာတွေဘယ်လိုခက်နေပါစေ ယတြာကောင်းရှိတယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘာတွေဘယ်လိုခက်နေပါစေ ယတြာကောင်းရှိတယ်

“လူတစ်ခု ၊ ပူမှုရယ်တဲ့ ဆယ်ကုဋေ”ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ် ။
ဒီတော့ လူရယ်လို့ ဖြစ်လာပြီဆိုကတည်းကအခက်အခဲ အကြပ်အတည်း ဒုက္ခတစ်မျိုးမဟုတ် တစ်မျိုးမျိုးတော့ အမြဲရင်ဆိုင် ကြုံတွေ့နေရမှာ ဓမ္မတာရယ်ပါ ။
အဲဒီလို ဒုက္ခသုက္ခတွေ ကြားကနေ လွတ်မြောက်စေမယ့် ယတြာကို မိတ်ဆွေတွေအတွက် ဝေမျှ ပေးလိုက်ပရစေ ။

ယတြာ

ဘယ်သူမဆို မိမိကြုံတွေ့နေရတဲ့ အခက်အခဲဒုက္ခ”#တစ်ခု”ကိုပြေလည်သွားစေရန် နေမွန်းတည့်ချိန် (၁၂း၀၀)နာရီတိတိ ရောက်တိုင်းမှာ ညောင်ပင်ကြီးကြီးတစ်ပင် အောက်ကို ဖိနပ်ချွတ်ပြီးသွားပါ ။

ပြီးရင် ဂုဏ်တော်(၉)ပါးထဲက “အရဟံ” ဂုဏ်တော်တစ်ခုထည်းကို ညောင်ပင်အောက်မှာ (၁၀၈)ခေါက် အမှားအယွင်းမရှိ ပီပီသသ ရွတ်ဆိုပေးပါ ။ ရွတ်ဆိုပြီးပါကလည်း ၄င်း ညောင်ပင်စောင့် ရုက္ခစိုးကို မေတ္တာပို့သခဲ့ပါ ။
သာမန်အခက်အခဲဒုက္ခဆိုရင် တစ်ကြိမ်တစ်ခါတည်းနဲ့ အောင်မြင် သွားပါလိမ့်မယ် ။

အခက်အခဲ အကြပ်အတည်း ကြီးကြီးမားမားကြုံတွေ့နေသူတွေ အနေနဲ့ကတော့ (၉)ရက်ဆက်တိုက် (၉)ကြိမ်မပျက်မကွက် သွားရောက် ပြုလုပ်ပေးမှသာ အောင်မြင်မှု ရရှိနိုင်ပါလိမ့်မယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။