အမှိုက်ကောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ဂျပန်ကို ကျော်ဖြတ်ပြီး ဗြိတိန်အသင်း ဗိုလ်စွဲ

International News Sports
အမှိုက်ကောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ဂျပန်ကို ကျော်ဖြတ်ပြီး ဗြိတိန်အသင်း ဗိုလ်စွဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမှိုက်ကောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ဂျပန်ကို ကျော်ဖြတ်ပြီး ဗြိတိန်အသင်း ဗိုလ်စွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမှိုက်ကောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ဂျပန်ကို ကျော်ဖြတ်ပြီး ဗြိတိန်အသင်း ဗိုလ်စွဲ

အမှိုက်ကောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗြိတိန်အသင်းက အိမ်ရှင်ဂျပန်အသင်းကို ကျော်ဖြတ်ပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ပြဿနာတွေကို သတိထားမိစေဖို့ ရည်ရွယ်ပြီး ယခုသီတင်းပတ်အတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ အမှိုက်ကောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းပေါင်း ၂၁ သင်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

Britain wins litter-picking World Cup with load of rubbish | Reuters

ဘရာဇီး၊ သြစတြေးလျ အစရှိတဲ့ နိုင်ငံတွေမှ အသင်းတွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပြီး တစ်သင်းကို လူ ၃ ယောက်စီ ပါဝင်ပါတယ်။ အသင်းတွေဟာ သတ်မှတ်နေရာတွေမှာ အမှိုက်အမှိုက်ကောက်ရုံသာမက အမှိုက်တွေကိုပါ အမျိုးအစား ခွဲခြားပေးရပြီး အမှတ်အများဆုံးရတဲ့အသင်းက အနိုင်ရတာပါ။

The North Will Rise Again လို့ အမည်ပေးထားတဲ့ ဗြိတိန်အသင်းက အမှိုက် ၅၇.၃ ကီလိုဂရမ်ကောက်နိုင်ခဲ့ပြီး ရမှတ် ၉၀၄၆.၁ မှတ် ရရှိခဲ့ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ သန့်ရှင်းသပ်ရပ်မှု၊ ရောက်လေရာ အရပ်တိုင်း အမှိုက်တစ်စ မကျန်အောင် ပြန်ကောက်ပေးလို့ စည်းကမ်းရှိတဲ့ လူမျိုးအဖြစ် သတ်မှတ်ခံရတဲ့ ဂျပန်ကတော့ ကမ္ဘာ့ဖလား အမှိုက်ကောက်ပြိုင်ပွဲမှာ ဒုတိယပဲ ရခဲ့ပါတယ်။

Britain wins litter-picking World Cup with load of rubbish

အများပြည်သူဆိုင်ရာ နေရာတွေမှာ အမှိုက်ကောက်ဖို့ အားပေးအားမြှောက်လုပ်တဲ့အနေနဲ့ ၂၀၀၈ ခုနှစ်မှာ စတင်စီစဉ် ကျင်းပခဲ့တဲ့ SpoGomi ပြိုင်ပွဲဟာ ဆယ်စုနှစ် တစ်ခုကျော်အတွင်း ကျော်ကြားလာခဲ့ပြီး အခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ အမှိုက်ကောက်ပြိုင်ပွဲ ၂၃၀ အထိ ကျင်းပခဲ့ပါတယ်။ ဒုတိယမြောက် အမှိုက်ကောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကိုတော့ ၂၀၂၅ ခုနှစ်မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။