ခရစ္စတီယာနိုရော်နယ်လ်ဒိုကို စောင့်ကြိုနေတဲ့ ဆုတစ်ဆု

Celebrity International News Sports
ခရစ္စတီယာနိုရော်နယ်လ်ဒိုကို စောင့်ကြိုနေတဲ့ ဆုတစ်ဆု

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို စောင့်ကြိုနေတဲ့ ဆုတစ်ဆု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်လ်ဒိုကို စောင့်ကြိုနေတဲ့ ဆုတစ်ဆု

ခရစ္စတီယာနိုရော်နယ်လ်ဒိုကို စောင့်ကြိုနေတဲ့ ဆုတစ်ဆုရှိပါတယ်။

Balloon d’Or 2023မှာ ဆန်ကာတင်စာရင်း မ၀င်ခဲ့ပေမယ့် Globe Soccer Awards 2023 မှာတော့ ရော်နယ်လ်ဒိုဟာ တစ်နှစ်တာအကောင်းဆုံးအမျိုးသား ကစားသမားဆုနဲ့ ပရိသတ်အကြိုက်ဆုံး ကစားသမားဆုတွေအတွက် ထိပ်ဆုံးကနေ ပြေးနေပါတယ်။
ဒီဆုတွေကို ၂၀၁၀ခုနစ်ကနေ စတင်ပေးအပ်ခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေဟာ အွန်လိုင်းပေါ်ကနေ မဲပေးရွေးချယ်နိုင်ပါတယ်။ Globe Soccer Awards 2022 ရဲ့အကောင်းဆုံး အမျိုးသားကစားသမားဆုကို Balloon d’Or 2022 ဆုရှင် ကာရင်ဘန်ဇီးမားက ရခဲ့တာပါ။

ရော်နယ်လ်ဒိုဟာ Globe Soccer Awards က ပေးအပ်တဲ့ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ၆ကြိမ်နဲ့ အများဆုံးရထားပြီး ၂၁ရာစုရဲ့ အကောင်းဆုံးဘောလုံးသမားဆုကိုလည်း ရထားပါတယ်။
လက်ရှိမှာ ‌ရော်နယ်လ်ဒိုဟာ မဲပေးမှုတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ရထားပြီး အ‌ဓိကပြိုင်ဘက်တွေလို့ဆိုနိုင်တဲ့ ဆာလာ မက်ဆီတို့ကို အပြတ်အသတ် အသာရထားပါတယ်။

Balloon d’Or မှာ နံပါတ်၂နဲ့၃ နေရာချိတ်ခဲ့တဲ့ အမ်ဘာပေနဲ့ ဟာလန်းတို့ကတော့ ဒီဆုတွေအတွက် ရေပန်းစားသူတွေထဲ မပါ၀င်ပါဘူး။
ဆုပေးပွဲကိုတော့ ၂၀၂၄၊ ဇန်နဝါရီ ၁၉ရက်နေ့မှာ ပြုလုပ်သွားမှာပါ။

ရေးသားသူ –Football Fever

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။