အမျိုးသမီးအလား ထင်မှတ်မှားစေနိုင်တဲ့ ဂျပန် Influencer

Celebrity International News
အမျိုးသမီးအလား ထင်မှတ်မှားစေနိုင်တဲ့ ဂျပန် Influencer

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမျိုးသမီးအလား ထင်မှတ်မှားစေနိုင်တဲ့ ဂျပန် Influencer ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမျိုးသမီးအလား ထင်မှတ်မှားစေနိုင်တဲ့ ဂျပန် Influencer

အမျိုးသမီးတစ်ယောက်အလား ထင်မှတ်မှားရအောင် ဝတ်စားပြင်ဆင်နိုင်တဲ့ ဂျပန်နိုင်ငံသား ဟိုက်မေနီက လူမှုကွန်ရက်မှာ ထင်ပေါ်ကျော်ကြားပါတယ်။ ဟိုက်မေနီက မိန်းကလေးတစ်ဦးလို ဝတ်စားပြီး သူစိမ်းတွေကို ယောကျာ်းသံကြီးနဲ့ စကားလိုက်ပြောတဲ့ ဟာသဗီဒီယိုတွေကြောင့် လူသိများလာခဲ့တာပါ။

ဟိုက်မေနီဟာ ငယ်ငယ်ကတည်းက မိန်းကလေး အဝတ်အစားတွေ ဝတ်ရတာ နှစ်သက်သူပါ။ သူ့မိဘတွေက ယောကျာ်းပီပီသသ နေထိုင်ပြုမူဖို့ ဖိအားပေးလေလေ၊ ဟိုက်မေနီက အရွဲ့တိုက်ပြီး မိန်းကလေးလို ဝတ်ဆင်ဖို့ အာသီသ ပိုပြင်းပြလေလေပါပဲ။ ဒီအကြောင်းကို R25 မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အထက်တန်းကျောင်းမှာ အချိန်ပိုင်းအလုပ်ရပြီးတဲ့နောက် ဟိုက်မေနီက အမျိုးသမီး အသုံးအဆောင်ပစ္စည်းတွေ ဝယ်ခဲ့ပြီး အမျိုးသမီးတစ်ဦးလို ဖြီးလိမ်းခြယ်သကာ ဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။ သူ့ပုံစံက တကယ့်မိန်းကလေးအတိုင်းပါပဲ။ ဟိုက်မေနီက အမျိုးသားအဝတ်အစားတွေလည်း ဝတ်လေ့ရှိပေမဲ့ သူ့အတွက် ပျင်းရိငြီးငွေ့စရာဖြစ်ပြီး အမျိုးသမီး အဝတ်အစားတွေလောက် စိတ်ဝင်စားစရာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။