ကဆစ်ပင်ဆေးဖက်ဝင်ပုံများ

Health Knowledge
ကဆစ်ပင်ဆေးဖက်ဝင်ပုံများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကဆစ်ပင်ဆေးဖက်ဝင်ပုံများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကဆစ်ပင်ဆေးဖက်ဝင်ပုံများ

ကဆစ်ပင်သည် ဆေးဘက်ဝင်အပင်မျိုးဖြစ်ကာအသီးတွင် အခါးမျိုးနှင့် အချဉ်မျိုးဟုနှစ်မျိုးတွေ့ရပြီး၊ လေပြွခင်း၊ လည်ချောင်းနာခြင်း၊ အသည်းရောင်အသားဝါ၊ သွေးအားနည်းရောဂါ၊ဆီးဆေးနှင့် အကိုက်အခဲပျောက်ဆေးများဖော်စပ်ရာတွင် သုံးသည်ဟုဆိုပါသည်။

အိန္ဒိယနိုင်ငံ ဒေသတချို့တွင် ကဆစ်သီးကိုနံနက်စာတွင် ထည့်စားခြင်းဖြင့်အစာချေဖျက်အားကောင်းစေပြီး၊ အဆာခံကာ အလုပ်ကို ပိုမိုလုပ်နိုင်သည်ဟု ယုံကြည်ကြသည်။

အညာမှာတော့ ယာခင်းထွက် ကဆစ်သီးကိုအမျိုးမျိုးပြုလုပ် စားသုံးကြပါတယ်။ ကဆစ်သီး အမှည့်ကိုစားလို့ရပါတယ်။

သခွားမွှေးသီးနဲ့ အရသာဆင်ပါတယ်။ ကဆစ်သီးကိုတော့ မီးဖုတ်ပြီး ထောင်းစားကြသလို၊ ကဆစ်သီးငပိချက်ဟာလည်းလူကြိုက်များပါတယ်။

ကဆစ်သီးကိုချဉ်ပေါင်ရွက်နဲ့အတူချဉ်ရည်ဟင်းချက်စားကြသလို၊ အမဲ၊ ဝက်၊ ကြက်စတဲ့ အသားများနဲ့လည်းရောချက်စားကြပါတယ်။ (သမားတော်တိုင်းရင်းဆေး) ကိုယ်တိုင် စားဘူးသူများမှ သွေးတိုး နှလုံး ဆီးချို ကျောက်ကပ်ရောဂါများအတွက် အထူးကောင်းသည်ဟုပြောပါသည်။

ရေးသားသူ –ဦးမြကြိုင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။