ချစ်သူနဲ့လက်ထပ်တော့မယ်ဆိုတဲ့ သရုပ်ဆောင် Chris Evans

Celebrity International News
ချစ်သူနဲ့လက်ထပ်တော့မယ်ဆိုတဲ့ သရုပ်ဆောင် Chris Evans

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချစ်သူနဲ့လက်ထပ်တော့မယ်ဆိုတဲ့ သရုပ်ဆောင် Chris Evans ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ချစ်သူနဲ့လက်ထပ်တော့မယ်ဆိုတဲ့ သရုပ်ဆောင် Chris Evans

MCU မှာ Steve Rogers ဟာ Peggy Carter နဲ့ ဘဝတစ်ခုအခြေချနိုင်ခဲ့သလို Chris Evans ဟာလည်း အိမ်ထောင်တစ်ခုကိုတည်ဆောက်ဖို့အစပြုလာနေပါပြီ။

World’s Sexiest man alive ဂုဏ်ပုဒ်ကိုရရှိထားတဲ့ ဟောလိဝုဒ်ရဲ့ လူပျိုကြီးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် Chris Evans ဟာ သူ့ရဲ့ချစ်သူ သရုပ်ဆောင် Alba Baptista နဲ့ ၂၀၂၃ နွေရာသီအကုန်လောက်မှာ လက်ထပ်တော့မှာဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပါတယ်။

MCU ရဲ့ Captain America သရုပ်ဆောင် Chris Evans ဟာ ပေါ်တူဂီသရုပ်ဆောင် Alba Baptista နဲ့ တွဲနေတာ တစ်နှစ်ကျော် နှစ်နှစ်နီးပါရှိနေပြီဖြစ်သလို ယခုချိန်မှာတော့၎င်းတို့နှစ်ဦးဟာ လက်ထပ်တော့မှာဖြစ်ကြောင်း အတွင်းသတင်းများအရ သိရပါတယ်။ သို့ပေမယ့် ကာယကံရှင်တွေဘက်ကတော့ တစ်စုံတစ်ရာထုတ်ဖော်ပြောပြလာခြင်းမရှိသေးပါဘူး။

Alba Baptista ဟာ ၂၆နှစ်သာရှိသေးပေမယ့်လည်း ၁၆နှစ်ကွာဟနေတဲ့ သူတို့နှစ်ဦးရဲ့ relationship ဟာ တော်တော်လေးကိုခိုင်မာနေပြီး Chris Evans အနေနဲ့လည်း ဒီအခြေအနေမှာ အတော်ပျော်နေတယ်လို့လည်း သိရပါတယ်။

ရေးသားသူ –Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။