ဂျနင်းမှာ အစ္စရေး စီးနင်း၊ ဂါဇာမှာ ဓားစာခံ ထပ်လွှတ်မယ်

International News
ဂျနင်းမှာ အစ္စရေး စီးနင်း၊ ဂါဇာမှာ ဓားစာခံ ထပ်လွှတ်မယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂျနင်းမှာ အစ္စရေး စီးနင်း၊ ဂါဇာမှာ ဓားစာခံ ထပ်လွှတ်မယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂျနင်းမှာ အစ္စရေး စီးနင်း၊ ဂါဇာမှာ ဓားစာခံ ထပ်လွှတ်မယ်

အစ္စရေးတပ်တွေက စစ်ဆင်ရေးလုပ်

အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းက ဂျနင်းမြို့မှာ ကလေးနှစ်ယောက် အသတ်ခံရကြောင်း ပါလက်စတိုင်း ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

အဲဒီက ဒုက္ခသည် စခန်းကြီးမှာ အစ္စရေးတပ်တွေက စစ်ဆင်ရေးတွေ ဆက်လုပ်နေတာပါ။

အိမ်တအိမ်ကို စစ်သားတွေ ဝိုင်းပြီး အထဲက လူတွေကို ပစ်တယ်လို့လည်း သတင်းရပါတယ်။

လူနှစ်ယောက် အဖမ်းခံရပြီး ဒီထဲက တယောက်က ဂျနင်းတပ်ရင်းလို့ ခေါ်တဲ့ လက်နက်ကိုင် အုပ်စုကလို့ သိရပါတယ်။

အီဘန်း ဆီနာ ဆေးရုံနား အစ္စရေးတပ်တွေ ဝင်စီးတယ်လို့လည်း ပါလက်စတိုင်း ဆေးဘက်သတင်းတွေအရ သိရပါတယ်။

အဲဒီက နယ်စည်းမခြား ဆရာဝန်အဖွဲ့ အကြီးအကဲကတော့ သူနဲ့ သူ့အဖွဲ့တွေ တခြား ဆေးရုံတခုထဲ ၂ နာရီကြာ ပိတ်မိနေကြတယ်လို့ ပြောပါတယ်။

စစ်ကားတွေက ဆေးရုံအဝင်ဝကို ပိတ်ထားလို့ ဖြစ်ပါတယ်။

ဂျနင်း အခြေအနေကို အစ္စရေးဘက်က မှတ်ချက်မပေးသေးပါဘူး။

ဂါဇာမှာ ဓားစာခံ ထပ်လွှတ်မယ်

ဂါဇာက အသုတ်လိုက် ခွဲလွှတ်ပေးနေတဲ့ ဓားစာခံတွေ

ဒီကနေ့ နှောင်းပိုင်း ဂါဇာမှာ နောက်ထပ် ဓားစာခံတွေကို ဟားမတ်စ်ဘက်က လွှတ်ပေးဖို့ ရှိပါတယ်။

လွတ်ဖို့ရှိတဲ့ စာရင်းကို အစ္စရေးဘက်က ရရှိထားပြီး သက်ဆိုင်ရာမိသားစုတွေကိုလည်း အကြောင်းကြားပြီး ဖြစ်ပါတယ်။

အလဲအလှယ်အနေနဲ့ ပြန်လွတ်လာတဲ့ ဓားစာခံတယောက်အတွက် ပါလက်စတိုင်း သုံးယောက်စီ အစ္စရေးဘက်က ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။

ဟားမတ်စ်လက်ထဲမှာ အနည်းဆုံး လူ ၁၇ဝ ဖမ်းထားတာ ကျန်နေပြီး ဒီထဲက ၃ဝ ကနေ ၄ဝ လောက်က အမျိုးသမီးနဲ့ ကလေးတွေလို့ ယူဆနေကြပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။