လည်ပင်းကြီးရောဂါ အတွက် မြန်မာ့ဆေးစွမ်းနှင့် ကုသနည်း

Health Knowledge
လည်ပင်းကြီးရောဂါ အတွက် မြန်မာ့ဆေးစွမ်းနှင့် ကုသနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လည်ပင်းကြီးရောဂါ အတွက် မြန်မာ့ဆေးစွမ်းနှင့် ကုသနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လည်ပင်းကြီးရောဂါ အတွက် မြန်မာ့ဆေးစွမ်းနှင့် ကုသနည်း

အပူကိုအကြောင်းခံသည်ဖြစ်စေ။အအေးကိုအကြောင်းခံ၍ဖြစ်စေဖြစ်တတ်သောလည်ပင်းကြီးရောဂါ၊မုတ်ရောဂါဟူသမျကိုရာသီမရွေးအချိန်မရွေးသောက်သုံးရုံဖြင့်၂ပါတ်/တစ်လ/နှစ်လ/အတွင်းပျောက်ကင်းသော ဆေးကောင်းတစ်လက်ကိုအလှဖျက်သောလည်ပင်းကြီးရောဂါဝေဒနာရှင်များအတွက် စေတနာဗရဗွဖြင့်ဝေဒနာအသာကျရအောင်ကုသိုလ်ပြုလိုက်ရပါတယ်။

လက်တွေ့သုံးပါလက်တွေ့ပျောက်ပါလိမ့်မယ်။အပြောနဲ့မယုံပါနဲ့။လူလိမ်လူကောက် အတုအယောင်တွေပေါလှသည့်ခေတ်မှာ စစ်မှန်သောကျွန်ုပ်၏စေတနာနှင့်ဆေးကြောင့် ဝေဒနာရှင်များပျောက်ကင်းချမ်းသာကြပါစေ။

လက်တွေ့ဆေးတော်ကြီး

ဤဆေးသည်အဘဆရာကြီးကုသနေသောဆေးဖြစ်ပြီး ရရန်အချိန်ကြာမြင့်စွာ ခြေဆုပ်လက်နယ်ပြုပြီးမှရသောဆေးဖြစ်သည့်အတွက်ကျွန်တော့်အဖို့ရွှေပါပဲ။တန်ဘိုးမထားလုပ်တာမဟုတ်ပါကျွန်တော်သိလျှက် ကျွန်တော်သာရမည်အများသိမှလူများစွာ ပျောက်ကင်းကြမည်ဖြစ်သည့်အတွက်မျှဝေခြင်းဖြစ်ပါတယ်။

အခကြေးငွေအဆမတန်ဖြင့်် ရောင်းချခြင်းမှ ရှောင်ကျဉ်ပါ။ဆေးနည်း။ ။

၁။ဇာတိပ္ဖိိုလ်သီး ၁ ကျပ်သား၂။ ပန်းနု ၁ ကျပ်သား၃။ ပန်းမ ၁ ကျပ်သား၄။ကတ္တရသင်္ချေ ။၅။ဇီရာ ။၆။ ဆေးပုစွန်ထုပ် ။၇။ ဖာလာ ။၈။ ရိုးတုံ ။၉။ချောင်းကြား ။၁၀။ ဒန္ဒကူးအဖြူ ။၁၁။သိန္ဓော ၃ ကျပ်သား၁၂။ ဆားပုပ် ၃ကျပ်သား၁၃။ ဇဝက်သာ ၃ ကျပ်သား၁၄။အိမ်သုံးဆား ၃ကျပ်သား

၁၅။မြန်မာဆားခါး ၃ကျပ်သား၁၆။ စေမခန်း ၁ကျပ်သား၁၇။လေးညှင်း ။၁၈။ကြံ့သွေး ။၁၉။ ဒန္ဒကူးအနီ ၄ကျပ် ၈ ပဲ၂၀။နံ့သာဖြူ (အိန္ဒိယ) ၄ကျပ် ၈ပဲ၂၁။ နံ့သာနီ (အိန္ဒိယ) ၅ ကျပ်သား၂၂။ နွယ်ချို ၅ကျပ်သား၂၃။ကံကော်ဝစ္ဆံ ၅ကျပ်သား၂၄။ဒိုဘာလာသကြား ၅ကျပ်သား

အားလုံးအမှုံ့ပြု၍တစ်ခါသောက်လဖက်စားဇွန်းတစ်ဇွန်းခွဲခန့်တစ်နေ့ ၃ ကြိမ်သောက်ပါ၂ ပါတ်နှင့်ပျောက်သည်ကိုမြင်ဖူးပါသည်။အချို့မှာ ၁ လ ၂လ ကြာမှပျောက်သည်လည်းရှိပါသည်။အနုအရင့်အပေါ်မူတည်ပါသည်။မပျောက်သူဟူ၍မရှိ။

သေချာကျနစွာ ဖေါ်စပ်စားသုံးကြပါ။ဘေးထွက်ဆီုးကျိုးမရှိသောဆေးတော်ကြီးဖြစ်ပါသည်ဘာသာမရွေး သောက်သုံးနိုင်ပါသည်။ကြိုတင်ကာကွယ်လိုသူများသောက်သုံးသင့်သည်။အပူအပုပ်ကင်းလျှက်ဒူလာမီးယပ်မကပ်နိုင်ချေ။

စေတနာများစွာဖြင့် ဝေဒနာပျောက်စေအံ့ ။

ရေးသားသူ –ဆရာကျော်လင်းအောင် ဟာကြူလီမြန်မာ့တိုင်းရင်းဆေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။