၂၀၂၃ ဒီဇင်ဘာလမှစပြီး ၂၀၂၄ တစ်နှစ်တာ မြန်မာပြည်ကြီးအတွက် ဟောကိန်း

Astrology
၂၀၂၃ ဒီဇင်ဘာလမှစပြီး ၂၀၂၄ တစ်နှစ်တာ မြန်မာပြည်ကြီးအတွက် ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ဒီဇင်ဘာလမှစပြီး ၂၀၂၄ တစ်နှစ်တာ မြန်မာပြည်ကြီးအတွက် ဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ဒီဇင်ဘာလမှစပြီး ၂၀၂၄ တစ်နှစ်တာ မြန်မာပြည်ကြီးအတွက် ဟောကိန်း

1. အပြောင်းအလဲသိသာမြန်ဆန်သော အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံရေးဇာတ်ခုံပေါ်တွင် ရှိကြသော အမြင့်ဆုံးပုဂ္ဂိုလ်များ၏ ကြီးမားသောအပြောင်းအလဲများ ဖြစ်ပေါ်လာလိမ့်မည်။

2. သက်တော်ရှည်ဘုန်းတော်ကြီးများ နှင့် သက်တော်ရှည်နိုင်ငံရေးဇာတ်ခုံပေါ်မှာ ပုဂ္ဂိုလ်များ ကွယ်လွန်အနိစ္စရောက်ရှိလိမ့်မည်။ ထင်ရှားသောပုဂ္ဂိုလ်များဖြစ်ပြီး (၉)ဦး (၉)ပါးအနည်းဆုံးဖြစ်ပေါ်လိမ့်မည်။

3. နိုင်ငံရေးချက်ခုံပေါ်တွင် ဖမ်းစီးထားသော ပုဂ္ဂိုလ်များကို အကြောင်းပြုပြီး အပေးယူလုပ်ခြင်း နိုင်ငံရေးလှည့်ကွက်ပြောင်းလဲမှုမျိုး လုပ်ခြင်းများ တစ်ကြိမ်ထက်မနည်း လုပ်ဆောင်ပေးလိမ့်မည်။

4. လူပေါင်းထောင်ချီ သောင်းချီ ကပ်ကြီးသုံးပါးကြောင့် အသက်ဆုံးရှုံးရတတ်သည်။

5. နိုင်ငံရပ်ခြားမှ မြန်မာနိုင်ငံအပေါ် သိသာသော အကူညီ သိသာသော တင်ပြချက်များဖြင့် အရေးယူခြင်း ပြုလုပ်ပါလိမ့်မည်။

6. မြန်မာနိုင်ငံထဲ ထင်ရှားသော အမျိုးသမီးအချို့ကို အကြောင်းပြုပြီး သမိုင်းတွင်မည့် ကာလအပိုင်းအခြားဖြစ်လာလိမ့်မည်။

7. လူများအား စတေးပြီး ပြုလုပ်ရသော မကောင်းသောအတတ်ပညာကို အသုံးချပြီး ရွှေနန်းပလ္လင်အား ကာကွယ်မှုပြုလုပ်သော အကျိုးဆက်ကြောင့် မြန်မာနိုင်ငံတွင်ရှိသော အဓိက ဘုရားပုထိုးများဖြင့် နိမိတ်များစွာ ပေါ်လိမ့်မည်။

8. မြန်မာနိုင်ငံကြီးသည် အစိတ်အပိုင်းအသီးသီးဖြင့် ကွဲပြားခြားနားသွားလိမ့်မည်။

9. မြန်မာနိုင်ငံအပေါ် တရုတ် ရုရှား အမေရိကန် သုံးနိုင်ငံသည် မတူညီသော တုံ့ပြန်မှုများဖြင့် နိုင်ငံရေးအရ တရားဝင် ပေါ်ပေါ်ထင်ထင် ပတ်သက်ဆက်နွယ်လာလိမ့်မည်။

10. ကြာသပတေးဆိုင်ရာ လူမျိုးများဖြင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းကြီးသည် မြန်မာနိုင်ငံတွင် လွန်စွာနာမည်ကြီးပြီး အောင်မြင်မှုများစွာ စွမ်းဆောင်နိုင်လိမ့်မည်။ ထိုအဖွဲ့အစည်းသည် ကြာသပတေးနံအစ ပုဂ္ဂိုလ်များ၏ ပျော်ရွှင်မှုများ ရိုက်ချိုးပစ်ပေလိမ့်မည်။

11. စီးပွါးရေးဆိုင်ရာဖြင့် ပတ်သက်ပြီး လွန်စွာ ကျဆင်းလျက်ရှိပြီး နယ်စပ်များတွင် လူများစွာ စုပြုံကြပေလိမ့်မည်။

12. သဘာဝသယံဇာတတစ်ခု သိသိသာသာ ပျက်စီးခြင်း စမည်။

13. ထင်ရှားသော သဘာဝဆိုင်ရာ ပစ္စည်းများ ရတနာများ ရှာဖွေတွေ့ရှိ သုတေသန ပြုမှုများ ဖြစ်ပေါ်လိမ့်မည်။

14. ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံ ၏ သမိုင်းသစ်တစ်ရပ်အား မော်ကွန်းထိုးနိုင်သည့် နှစ်တစ်နှစ်ဖြစ်လာလိမ့်မည်။

15. ပျက်စီးခြင်း ပြိုလဲခြင်း ကွယ်လွန်ခြင်းတွေနဲ့အတူ ကံကောင်းခြင်း ဝမ်းသာခြင်း ကြည်နူးခြင်းများစွာနဲ့ပါ ပြည့်နှက်နေလိမ့်မည်။

16. မြန်မာနိုင်ငံရှိ အထင်ကရ မြို့ကြီးများတွင် လူတိတ်ဆိတ်လာပြီး နယ်စွန်နယ်ဖျား နယ်စပ်များစွာတို့တွင် စည်ပင်တိုးတက်လာလိမ့်မည်။

17. အေးချမ်းသည့်နေရာ မအေးချမ်းသည့်နေရာဟူ၍ ကွဲထွက်ခြားနားသွားပေလိမ့်မည်။

18. နီးစပ်လာပါက ဖော်ပြမည်။
19. နီးစပ်လာပါက ဖော်ပြမည်။
20. နီးစပ်လာပါက ဖော်ပြမည်။

အထက်ပါဟောကိန်းများစွာတို့သည် ပုဂ္ဂလိကဆိုင်ရာ ခံစားချက်များကို ဖယ်ထုတ်ပြီး ရယူထားသော ဟောကိန်းဖြစ်ပါသည်။ ကျွန်ုပ်ကိုယ်တိုင်ပင်လျှင် မကောင်းသောအရာများအား မဖြစ်စေလိုပြီး ကောင်းသောအရာများကိုသာ ဖြစ်စေလိုသောဆန္ဒရှိပါသည်။

ဤဟောကိန်းကို တင်ရခြင်းမှာ နှစ်စဉ်နှစ်တိုင်း ဖော်ပြနေသော တာဝန်တစ်ခုကို ထမ်းဆောင်တာဖြစ်ပြီး အကောင်းဆုံး အခြေအနေဖြစ်ရန် ကြိုတင်ပြင်ဆင်ဖို့ရန် သိရှိစေလိုသော မြန်မာပြည်ဆိုင်ရာ ဟောကိန်းကြီး ဖြစ်ပါသည်။ မကောင်းသည်များ ပျက်ပြယ်ပြီး ကောင်းသည်များ ရရှိကြပါစေ။ မြန်မာပြည်သူပြည်သားများအားလုံး ကျန်းမာ ချမ်းသာပြီး ဆုတောင်းပြည့်ကြပါစေ။

ရေးသားသူ –လင်းညှို့တာရာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။