ကျန်းမာရေး အတွက်ယတြာ

Astrology
ကျန်းမာရေး အတွက်ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျန်းမာရေး အတွက်ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျန်းမာရေး အတွက်ယတြာ

(၇)ရက်သားသမီးများအားလုံးအတွက်သောကြာသက်ရောက်သောနှစ်တွင်ကျန်းမာရေးညံနေပါက အောက်ပါယတြာကိုပြုလုပ်ဆောင်ရွက်ပါ။(တစ်ကြိမ်တစ်ခါထဲပြုလုပ်လို့မရပါ အနည်းဆုံး ၃ကြိမ်ပြုလုပ်ပေးပါ တစ်ပတ်တစ်ခါသို့မဟုတ်တစ်လတစ်ခါ)

မိမ်ိရဲ့အသက်ကို(၈)နဲ့စားပါ။
တနင်္ဂနွေသားသမီးများ (၈)ကြွင်းသောနှစ်
တနင်္လါသားသမီးများ(၇)ကြွင်းသောနှစ်
အင်္ဂါသားသမီးများ(၆)ကြွင်းသောနှစ်
ဗုဒ္ဓဟူးသားသမီးများ(၅)ကြွင်းသောနှစ်
ကြာသပတေးသားသမီးများ(၃)ကြွင်းသောနှစ်
သောကြာသားသမီးများ(၁)သောနှစ်
စနေသားသမီးများ(၄)ကြွင်းသောနှစ်

ဒီလိုနှစ်ပိုင်းခြားတွင်ကျန်းမာရေးများညံ့နေပါသော၎င်း ဆေးမတိုးသော၎င်း ခဏခဏဖြစ်နေသော၎င်းရုံပတေးညွန့်မိမိရဲ့လက်တစ်တောင်တိုင်းပြီး ၎င်းအညွန့်ကိုကျောအောက်တွင်ကန့်လန့်ထားပြီးအိပ်ပေးပါ တစ်ည(သို့)သုံးညအိပ်ပေးပြီးနောက်မနက်တွင်မိမိ၏ဘုမ္မိအရပ်သို့စွန့်ပစ်ပေးပါ။ရေရှိရင်ရေမျှောပါ။ရေမရှိပါက ကျွင်းတူးမြေမြှုပ်ပေးပါ။

စွန့်ပစ်ပေးသောသူသည်မိမိရဲ့နံတူနေ့တူကိုမစွန့်ခိုင်းရ

တနင်္ဂနွေသားသမီးများတွက် သောကြာသားသမီးကို
စွန့်ခိုင်းပါ။
တနင်္လါသားသမီးများအတွက် စနေသားသမီးများကို
စွန့်ခိုင်းပါ။
အင်္ဂါသားသမီးများအတွက် တနင်္ဂနွေသားသမီးများကိုစွန့်ခိုင်ပါ။
ဗုဒ္ဓဟူး​သားသမီးများ တနင်္လါသားသမီးကိုစွန့်ခိုင်ပါ။
ကြာသပတေးသားသမီးများ အင်္ဂါသားသမီးကိုစွန့်ခိုင်ပါ။
သောကြာသားသမီးများ ဗုဒ္ဓဟူးသားသမီးစွန့်ခိုင်ပါ။
စနေသားသမီးများ ကြာသပတေးသားသမီးကိုစွန့်ခိုင်ပါ။

တနင်္ဂနွေ ဘုမ္မိအရပ် တောင်အရပ်
တနင်္လါ ဘုမ္မိအရပ် အနောက်တောင်အရပ်
အင်္ဂါ ဘုမ္မိအရပ် အနောက်အရပ်
ဗုဒ္ဓဟူး ဘုမ္မိအရပ်အနောက်မြောက်အရပ်
စနေ ဘုမ္မိအရပ် မြောက်အရပ်
ကြာသာပတေး ဘုမ္မိအရပ်အရှေ့မြောက်အရပ်
သောကြာ အရှေ့တောင်အရပ်

ရေးသားသူ –ဆရာမမြတ်ဝတ်မူံဦး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။