ဂါဇာတောင်ပိုင်းမှာ စစ်ဆင်ရေးတွေ စတင်နေပြီ၊ မြောက်ပိုင်းစစ်ဆင်ရေးထက်ပိုကြမ်းမည်

International News
ဂါဇာတောင်ပိုင်းမှာ စစ်ဆင်ရေးတွေ စတင်နေပြီ၊ မြောက်ပိုင်းစစ်ဆင်ရေးထက်ပိုကြမ်းမည်

မြောက်ပိုင်းမှာ လုပ်နေတဲ့ စစ်ဆင်ရေးတွေထက်တော့ လျော့မှာ မဟုတ်ဘူးလို့ အစ္စရေး စစ်တပ်ရဲ့ အကြီးအကဲက ပြောပါတယ်။ အစ္စရေး ဝန်ကြီးချုပ်ရဲ့ အကြံပေးကလည်း အရပ်သူအရပ်သားတွေ သေကြေဆုံးရှုံးမှု မရှိစေဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြောင်းပြောပါတယ်။ ဂါဇာမှာ ယူကေအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ဟားမတ်စ်နဲ့ အစ္စရေးတို့အကြား တိုက်ပွဲတွေ စခဲ့တဲ့ နောက်ပိုင်းမှာ လူပေါင်း ၁၅၀၀၀ thayကြေဆုံးရှုံးခဲ့ရပြီး ဖြစ်တယ်လို့ ဟားမတ်စ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပါလက်စတိုင်းလူမျိုး ၃ သန်း ကျော်နေထိုင်ကြတဲ့ အနောက်ဘက်ကမ်း ဒေသထဲမှာလည်း အခြေအနေတွေက ပိုပြီး တင်းမာလာနေပါတယ်။ အဲဒီဒေသမှာ ဂျူးလူနေဒေသတွေ ရှိနေပြီး အစ္စရေးရဲ့ စစ်အင်အား တိုးချလာနေမှုတွေကြောင့် တင်းမာမှုတွေ မြင့်တက်လာတာ လအတော်ကြာနေပြီ ဖြစ်ပါတယ်။ ဂျူးတွေ အဲဒီမှာ လာနေကြတာကို အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ အရ တရားမဝင်ဘူးလို့ ရှုမြင်ကြပေမယ့် အစ္စရေးကတော့ လက်မခံပါဘူး။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။