မှိုတက်နေတဲ့အစားအစာတွေကို မတော်တဆစားမိရင် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ

Health Knowledge
မှိုတက်နေတဲ့အစားအစာတွေကို မတော်တဆစားမိရင် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ

သင် အရမ်းကြိုက်နှစ်သက်တဲ့မုန့်ကို တစ်ကိုက်လောက် ကိုက်စားပြီးမှ မုန့်မှာ မှိုတက်နေတာကို သတိပြုမိလိုက်တဲ့ အခိုက်အတန့်မျိုးကြုံဖူးကြတယ်မလား။ ဒီလိုမျိုး (၁) ကြိမ် (၂) ကြိမ်လောက်တော့ ဖြစ်ဖူးကြမှာပါ။ မှိုတက်နေတဲ့အစားအစာတွေကို မတော်တဆစားမိရင် ဖြစ်လာနိုင်တဲ့အကျိုးဆက်ရှိပါတယ်နော်။ ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးလို့ပြောလို့ရပါတယ်။ ကဲ…စာဖတ်ပရိသတ်တွေ သတိထားမိနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

တချို့မှိုတွေက အသည်းကို ပျက်စီးစေနိုင်တယ်

Mold လို့ခေါ်တဲ့ မှိုမှာ အဆိပ်အတောက်ဖြစ်စေတဲ့ဓာတုပစ္စည်းတွေ တွေ့ရနိုင်ပြီး အသည်းပျက်စီးတာ၊ အော့အန်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းလျောတာလို ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုကျန်းမာရေးပြဿနာတွေက ကိုယ်ခံအားစနစ် (သို့) အသက်အရွယ်ပေါ်မူတည်ပြီး ဖြစ်တတ်ပါသေးတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေထဲက တစ်ခုကို ကင်ဆာတွေတောင်ဖြစ်နိုင်တဲ့ Aflatoxin ဆိုတဲ့ ဓာတုပစ္စည်းလို့သိကြပါတယ်။ ဒါပေမဲ့ ကံကောင်းတာကတော့ မှိုတက်နေတဲ့အစားအစာတော်တော်များများက ဒီဓာတုပစ္စည်းကို မထုတ်လွှတ်ကြပါဘူး။ ဒါပေမဲ့ ပြောင်းဖူး၊ မြေပဲတွေမှာ တတ်တဲ့ မှိုတွေမှာ တွေ့ရနိုင်ပါတယ်။

မှိုမှာရှိတဲ့ ဘတ်တီးရီးယားပိုးမွှားတွေက အစာအဆိပ်သင့်တဲ့လက္ခဏာရပ်တွေကို အစပျိုးနိုင်တယ်

မှိုက ဒီအတိုင်းနေရင်တော့ အန္တရာယ်မဖြစ်သလို ဖျားနာနိုင်တဲ့အခွင့်အရေးလည်း နည်းပါးပါတယ်။ ဒါပေမဲ့ သင့်ကို ဖျားနာစေတဲ့အရာက မှိုနဲ့အတူ ဖြစ်တည်လာတဲ့ ဘတ်တီးရီးယားပိုးမွှားတွေပါပဲ။ အဲဒီဘတ်တီးရီးယားတွေကြောင့် အော့အန်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းလျှောတာလို လက္ခဏာရပ်တွေကြုံတွေ့ရနိုင်ပါတယ်။ လက္ခဏာပြင်းထန်တာမပြင်းထန်တာက သင် စားလိုက်တဲ့အစားအစာပမာဏနဲ့ ဘတ်တီးရီးယားအမျိုးအစားပေါ်မူတည်ပါလိမ့်မယ်။

မှိုနဲ့ဓာတ်မတည့်တာဖြစ်လာနိုင်တယ်

အစားအစာမှာ တွေ့ရတဲ့ မှိုကြောင့် ဓာတ်မတည့်တဲ့တုံ့ပြန်မှုတွေရှိတဲ့လူတချို့လည်းရှိပါတယ်။ သင်က အထိအခိုက်လွယ်တဲ့သူဆိုရင် မှိုတတ်နေတဲ့အစားအစာတွေမစားမိအောင် ဂရုစိုက်နေတာအကောင်းဆုံးပါပဲ။ တကယ်လို့ မတော်တဆစားမိရင် ချက်ချင်း ဆရာဝန်နဲ့ပြကြည့်ပါ။ မှိုနဲ့ဓာတ်မတည့်ကြောင်းပြတဲ့ လက္ခဏာရပ်တွေကတော့

ယားယံပြီး မျက်ရည်ခဏခဏကျခြင်း
အနီကွက်တွေပေါ်လာခြင်း
ချွဲသလိပ်ကပ်ခြင်း
နှာရည်ယိုခြင်း တို့ပါပဲ။

ခန္ဓာကိုယ်က အလွယ်တကူချေဖျက်နိုင်တဲ့ မှိုနဲ့အစားအစာတွေ

ချိစ်အမျိုးမျိုးမှာ အသုံးပြုတဲ့မှိုတွေကတော့ စားဖို့အတွက် အန္တရာယ်ကင်းပါတယ်။ Gorgonzola အမျိုးအစားချိစ်တွေက အန္တရာယ်ကင်းပါတယ်။ ဒါပေမဲ့ မှိုနဲ့ဓာတ်မတည့်တဲ့သူတွေအတွက်တော့ အဆင်မပြေပါဘူး။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။