ထောင်ထဲရောက်နေတဲ့ အီရန် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ထောင်ဒဏ် ထပ်မံချမှတ်ခံရ

International News
ထောင်ထဲရောက်နေတဲ့ အီရန် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ထောင်ဒဏ် ထပ်မံချမှတ်ခံရ

အီရန်နိုင်ငံအထူးတရားရုံးဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂတ်စ် မိုဟာမာဒီကို ထောင်ဒဏ် ၁၅ လ ထပ်တိုးချမှတ်လိုက်ပါတယ်။

မစ္စမိုဟာမာဒီဟာ ထောင်ဒဏ်စုစုပေါင်း ၁၂ နှစ်ချမှတ်ခံထားရပြီး အကျဥ်းထောင်ထဲရောက်နေတာဖြစ်ပါတယ်။

သူမရဲ့ မိသားစုကတော့ အခုတရားရုံးဆုံးဖြတ်ချက်ဟာ ၂၀၂၁ ခုနှစ်၊ မတ်လကတည်းက ဆိုရင် ၅ မှု မြောက်ဖြစ်တယ်လို့ ပြောဆိုပြီး အခုထောင်ဒဏ်ကို ရှုတ်ချပြောဆိုထားပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂတ်စ် မိုဟာမာဒီ

နောက်ဆုံးတရားရုံးကြားမှုမှာ သူမကိုယ်တိုင် တက်ရောက်ခွင့်မရဘဲ မျက်ကွယ်ထောင်ဒဏ်ချမှတ်ခဲ့ရတာဖြစ်ပါတယ်။
‌လပေါင်းများစွာ ထောင်ဒဏ်ချမှတ်ခံရမယ်လို့ အမိန့်ချခံရတဲ့အပြင် ထောင်ဒဏ်အသစ်မှာ မစ္စ မိုဟာမာဒီဟာ မြို့တော် တဟီရန်ကနေလည်း ၂ နှစ် မြို့နှင်ဒဏ်ခံရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မစ္စမိုဟာမက်ဟာ လက်ရှိထိန်းသိမ်းခံထားရတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အီဗင်ထောင်ကနေ အရွှေ့ခံရမှာဖြစ်ပါတယ်။

အော်စလို မြို့တော်ခန်းမမှာ ကျင်းပတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးပွဲကိုတော့ ကိုယ်တိုင်တက်ရောက်ခွင့် မရလို့ မိခင်နဲ့မတွေ့ရတာ လနဲ့ချီကြာနေပြီဖြစ်တဲ့ သူ့ရဲ့ ကလေးတွေက ကိုယ်စားဆု တက်ယူခဲ့ကြပါတယ်။

အဲဒီ တရားရုံးဆုံးဖြတ်ချက်အရဆိုရင် သူဟာ ထောင်ဒဏ် ချမှတ်ခံရပြီးတာတောင် ပြည်ပထွက်ခွင့် ၂ နှစ် အပိတ်ခံရတာ၊ နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းတွေမှာ ပါဝင်တာနဲ့ ဖုန်းကိုင်ဆောင်အသုံးပြုခွင့်လည်း ၂ နှစ် အပိတ်ခံရမှာဖြစ်ပါတယ်။

အသက် ၅၁ နှစ်အရွယ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မစ္စမိုဟာမာဒီဟာ ခြိမ်းခြောက်မှုတွေ၊ ဖမ်းဆီးမှုတွေ အကြိမ်ကြိမ်ကြုံခဲ့ရတာတောင် ဆက်လက်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။

အီရန်နိုင်ငံက ဖိနှိပ်ခံအမျိုးသမီးတွေအတွက် ကြိုးပမ်းမှုနဲ့ သူဟာ ၂၀၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပါတယ်။

အောက်တိုဘာလတုန်းက နော်ဝေနိုင်ငံ၊ အော်စလိုမြို့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ နိုဘယ်ဆုပေးပွဲအခမ်းအနားကိုတော့ သူ့ရဲ့ကလေးတွေက မိခင်ကိုယ်စား ဆုတက်ယူခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။