တစ်နေ့တည်းနဲ့ ဘား ၉၉ ခုကို သွားပြီး ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ သူငယ်ချင်း ၂ ဦး

International News
တစ်နေ့တည်းနဲ့ ဘား ၉၉ ခုကို သွားပြီး ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ သူငယ်ချင်း ၂ ဦး

ဩစတြေးလျနိုင်ငံက သူငယ်ချင်း ၂ ဦးဟာ တစ်နေ့တည်းနဲ့ ဘားတွေအများကြီးသွားပြီးတော့ ကမ္ဘာ့စံချိန်ချိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့ကတော့ ဟာရီ ကိုရိုစ်နဲ့ ဂျိတ် လွိုင်တာတွန်ဆိုသူ သူငယ်ချင်း ၂ ဦးပါ။ သူတို့က ၂၄ နာရီအတွင်း ဘားအများဆုံးအလည်အပတ်သွားရောက်နိုင်ဆုံး ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းကို ချိုးခဲ့ကြတာပါ။

သူတို့သူငယ်ချင်း ၂ ဦးက တစ်နေ့တည်းနဲ့ ဘား ၉၉ ခုကို သွားရောက်နိုင်ခဲ့ပါတယ်။ တစ်နေ့တည်းအတွင်း ဘား ၇၈ ခုကို သွားရောက်နိုင်ခဲ့တဲ့ အရင်စံချိန်ကို ချိုးပစ်ခဲ့ကြတာပါ။ သူတို့က ညသန်းခေါင်ကစပြီး ဘားတွေအများကြီးကို သွားရောက်ဖို့ လုပ်ခဲ့ကြပါတယ်။ ကမ္ဘာ့ဂင်းနက်စ်စံချိန်က ချမှတ်ထားတဲ့ စည်းမျဉ်းအရ သူတို့တွေက တက္ကစီ (သို့) ကားတွေကို အသုံးပြုလို့မရခဲ့ပါဘူး။ သူတို့တွေက ခေတ္တပဲ အနားယူခဲ့ကြရပေမဲ့ ဒီစိန်ခေါ်မှုအတွင်း အခက်ခဲတဲ့အခိုက်အတန့်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။

ဘားတွေကို သွားရောက်ရင် ရေဓာတ်ပြည့်ဝနေဖို့က သူတို့အတွက် ခက်ခဲတဲ့တာဝန်တစ်ခုဖြစ်ခဲ့တာပါ။ အရက်မပါတဲ့ဖျော်ရည်တွေကို သောက်ဖို့လည်းကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ တချို့ဘားတွေက သူတို့ရဲ့ကင်မရာတွေကြောင့် သူတို့ကို ဝင်ခွင့်မပေးခဲ့ကြပါတယ်။ တစ်နေ့လုံး မြို့အနှံ့လမ်းလျှောက်သွားခဲ့ရပါတယ်။ ၂၄ နာရီသူတို့ရဲ့စွန့်စားမှုက ၄၅ ကီလိုမီတာအကွာအဝေးရှိခဲ့ပါတယ်။ ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို ချိုးဖို့ ဘားတွေကို သွားရာမှာ သူတို့သူငယ်ချင်း ၂ ဦးက ဩစတြေးလျဒေါ်လာ ၁၅၀၀ အကုန်ကျခံခဲ့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။