ခင်ပွန်းရဲ့မွေးနေ့မှာ တွေ့တာ၁နှစ်မပြည့်သေးပဲ နိုင်ငံခြားသားကို ရူးမိုက်စွာရွေးချယ်လက်ထပ်ခဲ့တဲ့ အကြောင်း ပြောပြလာတဲ့ အဆိုတော် မိစန္ဒီ

Celebrity Local News
ခင်ပွန်းရဲ့မွေးနေ့မှာ တွေ့တာ၁နှစ်မပြည့်သေးပဲ နိုင်ငံခြားသားကို ရူးမိုက်စွာရွေးချယ်လက်ထပ်ခဲ့တဲ့ အကြောင်း ပြောပြလာတဲ့ အဆိုတော် မိစန္ဒီ

ခပ်ဟော့ဟော့ Rap သီချင်းတွေကို လူငယ်ပရိသတ်တွေ ရဲ့ ခံစားချက်နဲ့ ကွက်တိကျအောင် ဖန်တီးသီဆိုနိုင်တဲ့ ခပ်ချောချောအဆိုတော်လေး မိစန္ဒီ ကိုတော့ အားလုံးကသိကြမှာပါ။ဈေးဗန်းခင်းမယ် ဆိုတဲ့ တေးသီချင်းပိုင်ရှင် မိစန္ဒီကတော့ အခုအခါမှာ သူမ ချစ်ရသူ အမျိုးသား နဲ့ အတူ ဈေးဗန်းသိမ်းသွားခဲ့တာကြာပါပြီ။

အခုတစ်ခါမှာတော့ မိစန္ဒီက သူမခင်ပွန်းရဲ့ မွေးနေ့အတွက် အမှတ်တရ ဆုဆောင်းပေးလာခဲ့ရင်း သူမတို့ ဖူးစာဆုံတဲ့ပုံကို စိတ်၀င်စားစရာကောင်းစွာ ပြောလာခဲ့ပါတယ်သူမကတော့ “Happy Birthday my soulmate ဖူးစာရှင်ကြီးဖူးစာဆိုတာက တကယ်ဆန်းကြယ်တယ်..မိစန္ဒီတို့ဆို စတွေ့ပြီး ၁၁လ အကြာမှာ မျက်စိစုံမှိတ် ယူချလိုက်တာ တစ်ယောက်နဲ့ တစ်ယောက် သိကြတာ “တစ်နှစ်” တောင် မပြည့်သေးတဲ့အချိန်လေးမှာ..ဘယ်လိုများ ဖြစ်သွားလဲ ကိုယ့်ကိုကိုယ်လည်း အခုထိတောင် မယုံနိုင်..
ကိုယ့် မိသားစု၊ သူငယ်ချင်းတွေလည်း ယောကျာ်းယူသွားတာကို မယုံနိုင်..
တကယ်တန်း စဉ်းစားရင် အရမ်းမိုက်ရူးရဲ ဆန်လွန်းတယ်..
ဒါပေမယ့်လည်း အရမ်းချစ်တယ်..


နေ့တိုင်း သူ့ကြောင့် စိတ်လုံခြုံမှုတွေ နွေးထွေးမှုတွေ နဲ့ ကြည်နူး ရတယ်..
အမြဲတမ်းလည်း အခုလိုပဲ နွေးထွေးချစ်ခင် ပျော်ရွှင်ချင်ပါတယ်..
သူ့နဲ့ ပတ်သတ်ပြီး ကိုယ်မစိတ်တိုင်းမကျတဲ့ အရာတွေလည်း အများကြီးရှိတာပေါ့ ..
သူလည်း ပြောသာ မပြောရဲတာ ကိုယ့်ကို မကြိုက်တာတွေလည်း ရှိမှာပေါ့..

နှစ်ယောက်လုံးမှာ အားနည်းချက် အားသာချက်တွေကိုယ်စီနဲ့မို့ အရမ်းပြီးပြည့်စုံပြီး ချောမွေ့နေတဲ့ အချစ်ခရီးလမ်းလေးတော့ မဟုတ်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အတတ်ဆုံး ကြင်နာ နားလည် ဖေးမကူညီရင်း ရှေ့ဆက်ကြမယ်နော်.
Alittle လေး ရစ်တာလည်း အမြဲခံပေးပါ..
he hee

ဒီဘဝမှာ မထင်မှတ်ပဲ တွေ့ဆုံခွင့်ရတာရော.. ဖူးစာဆုံခွင့်ရတာရော က ဘုရားကပေးတဲ့ဆုလာဒ်အကြီးကြီးပါပဲ..
thank you so much for everything, my baby. I love you so so so so so so so so much
ဒီနှစ်မွေးနေ့လေးမှာ အတူမရှိပေးနိုင်တာ ခွင့်လွှတ်ပါလို့.. see you very soon and have a great one my love “ဆိုပြီးမွေးနေ့ဆုတောင်းလေးနဲ့အတူ ပြောပြပေးလာတာဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။