ဘယ်နေရာပဲရောက်ရောက် ကိုယ့်ကိုချစ်တဲ့ပရိသတ်တွေနဲ့ဆုံတွေ့ရတာ ကံကောင်းခြင်းတစ်မျိုးပါပဲဆိုတဲ့ နန်းစန္ဒာလှထွန်း

Celebrity Local News
ဘယ်နေရာပဲရောက်ရောက် ကိုယ့်ကိုချစ်တဲ့ပရိသတ်တွေနဲ့ဆုံတွေ့ရတာ ကံကောင်းခြင်းတစ်မျိုးပါပဲဆိုတဲ့ နန်းစန္ဒာလှထွန်း

သရုပ်ဆောင်နန်းစန္ဒာလှထွန်းကတော့ ချစ်စရာကောင်းတဲ့သူမရဲ အမူအရာတွေနဲ့အတူပရိတ်သတ်ကိုဖမ်းစားထားပြီးဇာတ် ကားတွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့်ပရိတ်သတ်များရဲ့ချစ်ခင်အားပေးမှုကိုတခဲနက်အခိုင်အမာအပြ ည့်အဝရရှိထားပါတယ်နော်။

အလှမယ်လောကထဲကတစ်ဆင့် MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ်အားပေးမှု အခိုင်အမာ ရရှိလာတဲ့ တောင်ကြီးသူလေး သရုပ်ဆောင် နန်းစန္ဒာလှထွန်းနဲ့ ချစ်သူမောင်ဉာဏ်လင်းမြင့် တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကို တောင်ကြီးမြို့ မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။

ပရိသတ်ကို အမြဲ Surpriseတိုက်ခဲ့ကြတဲ့လတ်တလာအနုပညာရှင်တွေအားလုံးထဲက ပရိသတ် အချစ်တော် နန်းနန်းကတော့ နိုဝင်ဘာ ၁၁ ရက်နေ့ မှာ တောင်ကြီးမြို့ Taunggyi Hotel မှာ မင်္ဂလာမော်ကန်းတင်လက်မှတ်ရေးထိုးပွဲကို ရှမ်းရိုးရာ ဝတ်စုံနဲ့နံနက်ပိုင်းကျင်းပခဲ့တာလည်း ပရိသတ်တွေသိပီးသားဖြစ်မှာပါ။

လတ်တလာမှာတော့ နန်းစန္ဒာလှထွန်းဟာ အနုပညာအလုပ်တွေ ရပ်နားထားပီး ပျားရည်ခရီးအဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိလည်ပတ်နေတာပဲဖြစ်ပါတယ်
နန်းနန်းကထိုင်းနိုင်ငံကိုရောက်ရှိခိုက်မှာ သူမကိုချစ်တဲ့ ပရိသတ်တွေနဲ့ဆုံတွေခွင့်ရတာ ကံကောင်းကြောင်း “ ရောက်တဲ့နေရာမှာ ကိုယ့်ကို ချစ်တဲ့ သူတွေနဲ့ တွေ့ရတာလည်း ကံကောင်းခြင်းတစ်မျိုးပဲ “ ဆိုပီး သူမရဲ့ facebook Story မှာတင်လာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။