ပြင်ဦးလွင်၊ ဘူတာလမ်း၊ စစ်ဗိုလ်ချုပ်များ အိမ်ရာရှေ့ရှိ ဆိုင်ခန်းနှင့်တိုက်ခန်း ၂၀၀ ကျော်ကို နိုဝင်ဘာ လ ကုန် အပြီး ဖယ်ခိုင်း၊ NLD အစိုးရက စည်ပင်ခွင့်ပြုချက် အုံနာဘုတ်များထုတ်ပေးခဲ့သော်လည်း စစ်တပ်က ဖယ်ခိုင်းဟုဆို

Local News

ပြင်ဦးလွင်၊ ဘူတာလမ်း၊ စစ်ဗိုလ်ချုပ်များ အိမ်ရာရှေ့ရှိ ဆိုင်ခန်းနှင့်တိုက်ခန်း ၂၀၀ ကျော်ကို နိုဝင်ဘာ လ ကုန် အပြီး ဖယ်ခိုင်း၊ NLD အစိုးရက စည်ပင်ခွင့်ပြုချက် အုံနာဘုတ်များထုတ်ပေးခဲ့သော်လည်း စစ်တပ်က ဖယ်ခိုင်းဟုဆို
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပြင်ဦးလွင်၊ ဘူတာလမ်း၊ စစ်ဗိုလ်ချုပ်များ အိမ်ရာရှေ့ရှိ ဆိုင်ခန်းနှင့်တိုက်ခန်း ၂၀၀ ကျော်ကို နိုဝင်ဘာ လ ကုန် အပြီး ဖယ်ခိုင်း၊ NLD အစိုးရက စည်ပင်ခွင့်ပြုချက် အုံနာဘုတ်များထုတ်ပေးခဲ့သော်လည်း စစ်တပ်က ဖယ်ခိုင်းဟုဆို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၆

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဘူတာလမ်းရှိ စစ်ဗိုလ်ချုပ်များ နေထိုင်ရာ ဗိုလ်ချုပ်ရွာ ခေါ် ဗိုလ်ချုပ်များ၏ အိမ်ရာရှေ့ရှိ ဆိုင်ခန်းနှင့်တိုက်ခန်း ၂၀၀ ကျော်ကို ယခု နိုဝင်ဘာလ အကုန်အပြီး ဖယ်ရှားရန် စစ်တပ်က အမိန့်ထုတ်လာကြောင်း ဆိုင်ခန်းပိုင်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


ပြင်ဦးလွင်တွင် စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ထားသည့် ဆိုင်ခန်းနှင့်တိုက်ခန်းများ၊ ဆောက်လုပ် ရေးဝန်ကြီးဌာနက ဆောက်လုပ်ထားသည့် ဆိုင်ခန်းနှင့် တိုက်ခန်း စုစုပေါင်း ဆိုင်ခန်း ၂၀၀ ကျော်ကို စစ်ဗိုလ်ချုပ်များ နေထိုင်ရာ အိမ်ရာရှေ့ဖြစ်နေသည့်အတွက် လုံခြုံရေးအရ အတင်းအကျပ် ဖယ်ရှားခိုင်းခြင်းဖြစ်ပြီး ဆိုင်ခန်းနှင့် တိုက် ခန်းများသည် နှစ် ၃၀ နီးပါး ရှိလာပြီဖြစ်ကာ NLD အစိုးရလက်ထက်တွင် အုံနာဘုတ်များ ထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း၊ သို့ရာတွင် ယခု နိုဝင်ဘာလအကုန်တွင် ဆိုင်ခန်းအားလုံးကို ဖယ်ရှားရန် စစ်တပ်ဘက်က အမိန့် ထုတ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။


စစ်တပ်က ဆိုင်ခန်းနှင့်တိုက်ခန်းများအားလုံးကို ဖယ်ရှားခိုင်းခြင်းမဟုတ်ဘဲ ပြင်ဦးလွင်မြို့နယ် စည်ပင် အမှုဆောင်အရာရှိ ဗိုလ်မှူးဟောင်း ကျော်ခိုင်မိသားစု နေထိုင်သော ရွှေကြယ်စတိုးတိုက်ခန်းနှင့်ဆိုင်ခန်းကိုမူ မဖျက်ခိုင်းသည့်အပြင် ဂရန်ပါ ထုတ်ပေးလိုက်ကြောင်း၊ ထိုဆိုင်ခန်းသည် ရေမြောင်းပေါ် ခွ၍ ဆောက်ထားသောတိုက်ခန်းဖြစ်သော်လည်း စည်ပင်ဂရန်ပင်ရရှိကြောင်း သိရှိရသည်။


“ဘူတာလမ်းရှိ စည်ပင်တိုက်ခန်း၊ အ လ က ၁ တိုက်ခန်း၊ ဆောက်လုပ်ရေးတိုက်ခန်းတွေအားလုံး ဒီလကုန် အပြီးဖယ် ရှားခိုင်းပါတယ်။ ဘူတာလမ်းရှိ စည်ပင်တိုက်ခန်းတွေမှာ နေထိုင်လာသည်မှာ နှစ်၃၀ ရှိပြီဖြစ်ပါတယ်။ NLD အစိုးရ လက်ထက်မှာ စည်ပင် အုံနာဘုတ် ချပေးထားတဲ့ အခန်းတွေဖြစ်ပါတယ်။ စည်ပင်တိုက်ခန်းအနောက်တွင် ကျောင်းမြေကို ဂရန်ထုတ်ပြီး ချထားတဲ့ ဗိုလ်ချုပ်အိမ်ရာရှိပါတယ်။ ဗိုလ်ချုပ်အိမ်ရာရှေ့မှာ သူတို့အကွက်တွေ ပိတ်နေလို့ ဖျက်ခိုင်းပါတယ်။ ဖျက်ရမယ့် စည်ပင် ဆိုင်ခန်းနဲ့ တိုက်ခန်းက ၁၄၀ကျော်ပါတယ်။ ဆောက်လုပ်ရေးတိုက်ခန်းတွေပါ အပါဆိုရင် ဆိုင်ခန်းပေါင်း ၂၀၀ကျော်ပါတယ်” ဟု ဆိုင်ခန်းပိုင်ရှင်တချို့က ပြောသည်။


အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် အပါအဝင် မြို့ကြီးများတွင် ကျူးကျော်ဟု အမည်တပ်၍ လည်းကောင်း၊ စစ်တပ်ပိုင်ဟု အမည်တပ်၍ လည်းကောင်း ပြည်သူပိုင် အိမ်ရာများနှင့် မြေကွက်များကို အတင်းအဓမ္မ သိမ်းယူခြင်းများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။