မွေးကာစသမီးလေးတယောက်ကို ဂေဟာရှေ့မှာ စွန့်ပစ်သွားကြောင်းပုံနဲ့တကွပြလာတဲ့ ခိုင်နှင်းဝေ

Celebrity Local News
မွေးကာစသမီးလေးတယောက်ကို ဂေဟာရှေ့မှာ စွန့်ပစ်သွားကြောင်းပုံနဲ့တကွပြလာတဲ့ ခိုင်နှင်းဝေ

မြန်မာနိုင်ငံမှာ ပရဟိတမင်းသမီးလို့တောင် တင်စားခေါ်ရတဲ့ ခိုင်နှင်းဝေကေတာ့ အနုပညာလောကမှာလည်း နှစ်ပေါင်းများ စွာ တိုင်အောင် အောင်မြင်မှုသရဖူဆောင်းထားနိုင်တဲ့ မင်းသမီးချောတစ်ယောက်လည်း ဖြစ်ပါတယ်။ ရုပ်ရည်လေးလည်း ချောမောသလို စိတ်ထားလေးလည်း ဖြူစင်တဲ့ ခိုင်နှင်းဝေက ကိုယ်ကျိုးစွန့်ကာ ပရဟိတအလုပ်ကို လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လိုက်ကြည့်ပြီး လိုအပ် တဲ့နေရာကို ကိုယ်တိုင် လိုက်လှူဒါန်းပေးသလို အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးတွေကိုလည်း ခေါ်ယူမွေးစားထားသူလေးလည်း ဖြစ်ပါတယ်။


ကလေးတွေကို ဖခင်မေတ္တာရော မိခင်မေတ္တာနဲ့ပါ စောင့်ရှောက်နေတဲ့ ခိုင်နှင်းဝေက သူမရဲ့အားလပ်ချိန်လေးတွေကိုလည်းကလေးတွေနဲ့ကုန်ဆုံးလေ့ရှိပါတယ်။

ခိုင်နှင်းဝေဟာ ပရဟိတ အလုပ်တေကို လုပ်ကိုင်နေလျက်ရှိပြီး ဒီနေ့မှာလည်း သူမရဲ့ဂေဟာရှေ့မှာ လာရောက်စွန့်ပစ် ထားတဲ့ ကလေးတစ်ယောက်ကို လက်ခံရရှိခဲ့ကြောင်းပြော လာပါတယ် သူမက “မနက် (၅) နာရီလောက် ဂေဟာရှေ့မှာ မွေးကာစ မိန်းကလေး တစ်ဦးကို ခြင်းထဲ ထဲ့ တံခါးမှာ ကြိုးနဲ့ ချည်ကာ လာရောက်စွန့်ပစ်ထားပါတယ်..လိုအပ်တာများ ဆက်လက် စုံစမ်းပြီး ကလေးကို ဆေးစစ်ခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများ ဆက်လက်လုပ်ဆောင်ပေးထားပါတယ်ရှင်.. ဆိုပီ သူမရဲ့ လူမူ့ကွန်ယက်စာမျက်နှာထက်မှာ ပုံနှင်တကွတင်ပြခဲ့တာဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။