သူမတန်ဖိုးထားတဲ့ ကာရိုက်တာဇာတ်ကောင်ကို အလုခံခဲ့ရဖူးတဲ့ သရုပ်ဆောင်မေမီကိုကို

Celebrity Local News
သူမတန်ဖိုးထားတဲ့ ကာရိုက်တာဇာတ်ကောင်ကို အလုခံခဲ့ရဖူးတဲ့ သရုပ်ဆောင်မေမီကိုကို

 

ပရိသတ်ကြီးရေ မေမီကိုကိုကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ MRTV-4 မင်းသမီးမေမီကိုကိုက ဇာတ်လမ်းတွဲများစွာရို က်ကူးထားပြီး ပရိသတ်ရဲ့ အသိအမှတ်ပြုအားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားသူလေးမို့ အထူးတလည်မိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး..။

ချစ်စရာကောင်းသလို သရုပ်ဆောင်လည်းကောင်းတာမို့ ပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ မေမီလေးကတော့ ချစ်သူလေးနဲ့ အချစ်ရေးမှာ အဆင်ပြေနေလို့ လူတိုင်းကအားကျနေရတဲ့ မင်းသမီးလေးဖြစ်ပါတယ်။ ချစ်စရာအပြုံလေးတွေနဲ့ မြင်သူတိုင်းကိုစွဲဆောင်နိုင်သူလေး ဖြစ်နေတဲ့မေမီကိုကတော့ အရမ်းကိုအချစ်ခံနေရသူလေး ဖြစ်ပါတယ်.. သူ မကသူငယ်ချင်းတွေနဲ့လည်းနွဲ့ဆိုးဆိုးတတ်သူလေး ဖြစ်နေတယ်လို လည်းသူငယ်ချင်းဖြစ်သူနဲ့အင်တာဗျူးမှာဖြေသွားပါသေးတယ်။

MRTV-4မှာ ပြန်လွှင့်နေတဲ့ ပျားရည်အိုင်ဇာတ်လမ်းထဲမှာတော့ မြိုင်ဆိုတဲ့ ဇာတ်ရုပ်လေးနဲ့လိုက်ဖက်လွန်းတာကြောင့်လည်း ပရိသတ်က အရမ်း ကိုအားပေးနေကြတာ ဖြစ်ပါတယ်။

“အနုပညာမှာ ကိုယ့်ဆီကလုယူသွားတဲ့အရာတွေ အများကြီးကြုံဘူးတယ်။ လုယူရင်အေးဆေးပဲ ပေးလိုက်တယ်။ ကိုယ်က တရားသောနည်းနဲ့သွား တယ်။ အတင်းလုပ်ယူရမှာ ရှက်တယ်။ကာရိုက်တာတစ်ခုအပေါ်မှာအများကြီး ကိုယ်တိုင်အရမ်းမျှော်လင့်ပြီး လုပ်ချင်ပေမယ့် လုယူသွားတဲ့လူကို မှာ ချင်တာ ကျွန်တော်အရမ်းတန်ဖိုးထားရတဲ့ကာရိုက်တာ လုပ်ဖိုပေးလိုက်တာ ကို အကောင်းဆုံးကြိုးစားပေးပါ။ ကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာ အရသာ ရှိရှိကြည့်ချင်တယ်။ တော်အောင်လုပ်ပေးကြပါ။” ဆိုပီး သူမဆီက လုယူ သွားတဲ့ အရာတွေအတွက် ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။