(၇)ရက်သားသမီးများ ရာသက်ပန် အမြန်ဆုံး ရှောင်ကျဉ်ရမည့် စရိုက်လက္ခဏာ

Astrology
(၇)ရက်သားသမီးများ ရာသက်ပန် အမြန်ဆုံး ရှောင်ကျဉ်ရမည့် စရိုက်လက္ခဏာ

❝ (၇)ရက်သားသမီးများ ရာသက်ပန် အမြန်ဆုံး ရှောင်ကျဉ်ရမည့် စရိုက်လက္ခဏာလေးတွေ ဖြစ်ပါတယ် ❞

(၇)ရက် သားသမီးတွေအနေနဲ့ အောက်ပါ အလေ့အထ ၊ အကျင့်အကြံ ၊ အမူအယာ
ဆိုးများနဲ့တကွ လုပ်မှားကိုင်မှား ပြုမိမှား တဲ့ စရိုက်လက္ခဏာလေးတွေ အမြန်ဆုံး
ရှောင်ကျဉ်နိုင်ကြရင် မိမိတို့ဘဝလမ်းမှာ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ကြပါမယ် ။

တနင်္ဂနွေသားသမီးများ

မိမိကို လူအများကြား ထင်ထင်ပေါ်ပေါ် နဲ့ သတိမူမိစေသောကိစ္စများ ၊ လုပ်ရပ်များ ၊
ပြောဆိုခြင်းများ မပြုမိဖို့လိုပါတယ် ။ ထို့အပြင် မိမိကို သတိပြုမိအောင် ကြိုးပမ်း
တဲ့လုပ်ရပ် မပြုရပါ ။ မိမိ အရည်အချင်းနဲ့ လူတွေကြား ထင်ပေါ်မူ များလာပါကလည်း မိမိအနေဖြင့် ခပ်ကုပ်ကုပ်သာ နေပါ ။

တနင်္လာသားသမီးများ

ကိုယ့်ရဲ့ မိသားစုဝင်များ၏ ကိစ္စများကို၄င်း ၊ ကိုယ့်အိမ်ထောင်ဖက် သို့ သားချင်းမိတ်ဆွေ များ၏ အိမ်ထောင်ရေး အိမ်တွင်းရေးများကို အကြံဥာဏ်ပေးကာ မြောက်ပေးခြင်းများနှင့် မိမိ အိမ်ထောင်ဖက်အပေါ် သို့ အိမ်သားများ ကို အနိုင်ယူခြင်း ၊ ဗိုလ်ကျခြင်း … စတဲ့ အနိုင့်အထက်ပြုခြင်းများ အထူးရှောင်ပါ ။

အင်္ဂါသားသမီးများ

ငွေလေးကြေးလေး ရွှင်လာရင် သုံးချင်ဖြုန်းချင် စိတ်ဖြစ်တတ်လို့ အမှတ်မထင် ငွေစုငွေပြုံကြီး ဝင်ပါက သောကတစ်ခုပါ ကပ်ပါလာတတ်သူ ဖြစ်ပါတယ် ။
သူတပါးအပေါ် မာရည်ကျောရည် ဆက်ဆံမူ ၊ မိမိ အရည်အချင်းအရ မာနဖြင့်မောက်မာမူ ၊ ဝံ့ဝံ့ကြွားကြွား ပပလွှားလွှား နေထိုင်တတ်မူနဲ့ တကယ်မဟုတ်တဲ့ ကိစ္စတွေကို တကယ်ကြီး လိုလို အာချောင် အကြွားသန်မူ အထူးရှောင်
ဖို့ လိုပါတယ် ။

ဗုဒ္ဓဟူးသားသမီးများ

စိတ်ထဲ ပုံသိပ်မလာရင် တွယ်ချင် ဗြင်းချင်ပြီး အရည်ခွံ ခွာချင်စိတ် ၊ စိတ်ဆိုးရင် နောက်ပိုင်း ဘာဖြစ်ဖြစ် ခုလက်ရှိ တစ်ခုခု ပြန်တုံ့ပြန်လိုက် ရလိုက်မှ ကျေနပ်သဘောကျတဲ့ စိတ်ထဲက ခိုင်းသမျှ ထလုပ်တတ်သော အလေ့အထနဲ့ စိတ်လေရင် တော်ယုံနဲ့ ပုံမှန် ပြန်ပြီးတော့ လမ်းမှန်ပေါ် မရောက်တဲ့ ကိစ္စလေးတွေကို အမြဲ သတိထားပါ ။ စိတ်ကို လေလိုလွှင့်ရင် မိမိသာ ဒုက္ခပွေမည် ။

ကြာသပတေးသားသမီးများ

ငါ တကောကောတဲ့အကျင့် ၊ ငါသာလျှင် ဧကန် မှန်တဲ့သူ ၊ ငါကလွှဲရင် ကျန်တာတွေ
ဘလာ ဘလာ ဘလာ … ၊ လူကို လူချင်း စီးစီးနင်းနင်း လုပ်ချင်တဲ့အလေ့ ၊ တင်တင် စီးစီးပြုမူတတ်တဲ့ အလေ့အထ ၊ ငါ ငါ ငါ … ငါ ဦးတည်တဲ့ အတွေးမျိုး အထူး ရှောင်ပါ ။

လူမူပေါင်းသင်း ဆက်ဆံရေးမှာ လူ ဆိုး / ကောင်း သေချာစွာ ခွဲခြားကာ ပေါင်းတတ်
သင်းတတ်တဲ့ စရိုက်လေးရအောင် မွေးပါ ။ အရေးကြုံက လူ့အောက်ကျို့သော စိတ်
မွေးပါ ။ ဆုံကြုံသမျှ လူသားတွေအားလုံးကို အယုတ်အလတ် အမြတ်မရွေး သမမျှတ
တဲ့စိတ် ထားပေးပါ ။

သောကြာသားသမီးများ

မှားခြင်း မှန်ခြင်းဆိုတာ နောက်ချန်ထားပြီး တယူသန် တဇွတ်ထိုး လုပ်ချင်ရာဇွတ်ကြီးနဲ့ အရာရာ ပုံဖော်ပစ်လိုက်တတ်တာလေးတွေ ၊ မှားသွားလဲ နောင်တမရတတ်မှု ၊ မှန်သွား ကလူ အမြင်ကပ်စရာ ကောင်းအောင်ကို ဝါးကြွားမောက်မာပြတတ်မှုမျိုးလေးတွေ အထူး သတိထားပါ ။ အဓိက ကိုယ့်ကိုယ်ထဲက မောင်းထုတ်ရမယ့်
အကျင့်ဆိုးက တဇွတ်ထိုးဆန်မူ ၊ တယူသန် အတွေး ၊ တဖက်သတ် လုပ်တတ်မူတွေပါ ။

စနေသားသမီးများ

ကိုယ်အပါအဝင် အခြားသူတွေအတွက် ကို ကောင်းကျိုးချမ်းသာ မဖြစ်စေသောကိစ္စတွေ ၊ လုပ်ရပ်တွေ ၊ စကားပြောဆိုမူတွေ ၊ လှုပ်ရှားသွားလာမူတွေ တတ်နိုင်သမျှ လျော့ပါအောင် နေထိုင်တတ်အောင် ကြိုးစားပါ ။

အထက်ပါအကျိုးမဲ့လုပ်ရပ်လေးတွေ အဝေး မှာထားပြီး တည်ကြည်ငြိမ်သက်စွာ နေနိုင်ရင် အိုကေမှာ စိုပြေပြီလေ ။

ရေးသားသူ –စံဇာဏီဗို

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။