“လှေကားအကြောင်းသိကောင်းစရာ”

Astrology
“လှေကားအကြောင်းသိကောင်းစရာ”

လှေကားအကြောင်း တောင်းဆိုသူ မိတ်ဆွေများအတွက် လူသိနည်းလှတဲ့ လှေကားအဆံ တပ်ဆင်ခြင် သိကောင်းစရာ မျှဝေလိုက်ပါတယ် ။ ရှေ့ထုံးလည်းမပယ်နဲ့ စျေးသုံးလဲမကြွယ်နဲ့ စကားမျိုးလိုပါပဲ။ အိမ်တစ်အိမ်ဆောက်ရာတွင် အဓိကအရေးကြီးတာ အိမ်လှေကား ပြုလုပ်ခြင်းပါပဲ။

ရှေးကျမ်းဆရာတို့သည် “စုံ” “မ” နှစ်ခုလုံး တပ်ကောင်း၏ဟုဆိုသည်။ လက်သမား ကျမ်းဆရာတို့က “မ” ကိုသာ တပ်စေပါတယ်။ လက်သမား ဆရာကြီးများမှာ-
“မ”စုံ”တပ်သည်လည်း ရှိတယ်။
“မ” တပ်သည်လည်း ရှိပါတယ်။

အဘယ်ကြောင့်ဆိုသော်—

ပထမအထစ်မှ [လာဘံ ၊သုခံ ၊မရဏံ ၊
လာဘ၊ သုခ၊ မရဏ] တွက်ယူကာ မရဏံ မရဏ ကို ရှောင်ပါတယ်။
ပထမထစ်က – လာဘ၊
ဒုတိယထစ်က – သုခ၊
တတိယထစ်က – မရဏ။
လာဘက – လာတ်လာဘ ပေါများခြင်း။
သုခက – ကြွယ်ဝချမ်းသာခြင်း။
မရဏက – ဆုတ်ယုတ်ခြင်း ပျက်စီးခြင်းနဲ့
ကြုံတွေ့ရလိမ့်မယ်တဲ့ ။
လာဘက – ၁ထစ်၊ ၄ထစ်၊ ၇ထစ်။
သုခက –၂ထစ်၊ ၅ထစ်၊ ၈ထစ်။
မရဏက – ၃ထစ်၊ ၆ထစ်၊ ၉ထစ်၊
၁၂ထစ် စသည်ဖြင့်တပ်ဆင်
ကြပါတယ်။

အိမ်အနေအထား မင်္ဂလာသား အနေအထားအလိုက်လုပ်ဆောင်ကြပါတယ်။
တစ်ချို့ ဆရာများမှာ [ရာဇ ၊ လာဘ ၊ မရဏ] လို့သတ်မှတ်လုပ်ဆောင်ကြပါတယ်။

၁ထစ် – ဘုန်းကျက်သရေတိုးခြင်း၊

၂ထစ် – လာတ်လာဘ ပေါများခြင်း၊

၃ထစ် – ဆုတ်ယုတ်ပျက်စီးခြင်း စသဖြင့်
အယူမျိုးနဲ့လုပ်ဆောင်ကြပါတယ်။

တစ်ကျောင်း တစ်ဂါထာတစ်ရွာ တစ်ပုဒ် ဆန်းဆိုသလို ဒေသအလိုက် ကွဲလွဲကြတာရှိကြပါတယ်။

အိမ်လှေကားကို (၃)ထစ်ထားသော် ဒုက်ခံ
မရဏံ ကြုံစေပြန်၏။
(၁)ထစ်ထားသော် ကောင်းစားစေတက်၏။

(၈)ထစ်ထားသော် မင်္ဂလာအပေါင်းနဲ့
ပြည့်စုံ၍ ကျက်သရေ ဘုန်းသမ္ဘာ
မြင့်မားစေတက်၏။

(၉)ထစ်ထားသော် လာဘ်လာဘ
ပေါကြွယ်ဝတက်၏။

(၁၂)ထစ်ထားသော် ကျမ္မာရေးကောင်းမွန်စေ၍ ရန်သူမျိုးငါးပါးမှ ကင်းဝေးစေ၏။
တနင်္လာနေ့တွင် အိမ် လှေကား စလုပ်ခြင်းမှ ရှောင်ရှားစေလိုပါကြောင်း။

“လှေကားတွင်ပါသောအမျက်၏အကျိုးအပြစ်”

လှေကားအလယ်ပိုင်းတွင် အမျက်ပါခဲ့မူ မကောင်း၊ ဥစ္စာပစ္စည်း ပျက်စီးတတ်သည်။ ဥပါဒ်အန္တရာယ်လည်း အနည်းငယ်မျှ ဖြစ်တတ်သည်။
လှေကားဦးတွင် အမျက်ပါမူ ဧည့်သည်အရောက် များတတ်သည်။ စုတ်လာဘ်ကြီးစွာရတတ်သည်။
လှေကားရင်းတွင် အမျက်ရှိမူ ကျွဲနွားများရတတ်သည်။ စည်းစိမ်ဥစ္စာကြွယ်ဝ ချမ်းသာတတ်သည်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။