အစာအိမ်သမားများဂေါ်ဖီထုပ် စားပါ

Health Knowledge
အစာအိမ်သမားများဂေါ်ဖီထုပ် စားပါ

၁။ ကိုယ်ခံစွမ်းအားကို ကောင်းစေခြင်း

ဂေါ်ဖီထုပ်ကို မကြာခဏစားသုံးပါက ဗီတာမင်ဓာတ်များစွာရရှိနိုင်သည့်အတွက် ကိုယ်ခံအားစနစ် ကောင်းလာပြီး အအေးမိလွယ်ခြင်း ၊ နှာစေးချောင်းဆိုလွယ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။

၂။ ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေခြင်း

သုတေသနစမ်းသပ်ချက်များအရ ဂေါ်ဖီထုပ်တွင် Glucosinolates ဆိုသော ဓာတ်ပစ္စည်းများပါဝင်ပြီး ထိုဓာတ်ပစ္စည်းများသည် ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သိရပါသည်။

၃။ ဝမ်းမှန်စေပြီး အစာအိမ်နှင့် အူလမ်းကြောင်းကိုအထောက်အကူပြုခြင်း

ဂေါ်ဖီထုပ်တွင် အမျှင်ဓာတ်များစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကင်းပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါသည်။

၄။ သွေးအတွင်း မကောင်းသောအဆီဓာတ်များကို လျော့နည်းစေခြင်း၊

သုတေသနစမ်းသပ်ချက်များအရ ဂေါ်ဖီထုပ်တွင် ကြွယ်ဝစွာပါဝင်သော ပိုလီဖီနော (Polyphenols) သည် သွေးတွင်းမကောင်းသော ကိုလက်စထရောဓာတ်ကို လျော့နည်းစေပြီး သွေးဖိအား ပုံမှန်ဖြစ်စေရန် အထောက်အကူဖြစ်ကြောင်းသိရသည်။

၅။ ဓါတ်ရောင်ခြည်ကြောင့် ဖြစ်လာနိုင်သော ဆိုးကျိုးများကို လျော့နည်းစေနိုင်ခြင်း

ဂေါ်ဖီထုပ်တွင်ပါဝင်သော 3,3-diindolyl methane ( DIM ) သည် ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည် ကုသမှု့ခံယူနေသူများတွင် ဓါတ်ရောင်ခြည်ကုထုံးကြောင့်ဖြစ်သော နုံးပြီးအားမရှိသလိုခံစားရပြီး အစားအသောက်ပျက်ခြင်း ၊ ရင်ပူခြင်း၊အရေပြားယားယံခြင်း ၊ ခြောက်သွေ့ခြင်း ၊ အရည်ကြည်ဖုဖြစ်ခြင်း စသော ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေကို လျော့နည်းစေသည်။

၆။ မျက်စိတိမ်စွဲရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း
ဂေါ်ဖီထုပ်တွင် ဘီတာကယ်ရိုတင်းဓာတ်ကြွယ်ဝစွာ ပါရှိခြင်းကြောင့် မျက်လုံးအားကောင်းစေပြီး မျက်စိတွင်ရှိသော ဆဲလ်များကို ကျန်းမာစေပါသည်။ ဂေါ်ဖီထုပ်ကိုမကြာခဏစားခြင်းဖြင့် အသက်ကြီးလာသောအခါ ဖြစ်တတ်သော မျက်စိတိမ်စွဲရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါသည်။

၇။ ဆံပင်ကျန်းမာရေအတွက်အထောက်အကူပြုခြင်း

ဂေါ်ဖီထုပ်တွင်ပါဝင်သော ဆာလ်ဖာနှင့် ဆီလီကွန်ဓာတ်ဟာ ဆံပင်ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး ဗီတာမင်အေဓာတ်ဟာ ဆံပင်များပေါက်ရန်၊ ဆံပင်အုံထူရန်အတွက် အထောက်အကူပြုသည်။

သတိပြုရန်မှာ –

– ဂေါ်ဖီထုပ်ကိုစားသောအခါ တစ်ခါစားလျှင် အနည်းဆုံး (၁၀၀) ဂရန်သာ စားသင့်ပါသည်။ အစိမ်းစားမည်ဆိုပါက ရေစင်အောင်သေချာဆေးပါ။

– ဂေါ်ဖီထုပ်ကို ကြော်ခြင်း ၊ ချက်ခြင်းကို မီးပြင်းပြင်းဖြင့် အချိန်ကြာကြာ ချက်ခြင်း၊ ကြော်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ မီးပြင်းပြင်းဖြင့် အချိန်အကြာကြီး ချက်ပါက ဂေါ်ဖီထုပ်တွင်ပါဝင်သော ကျန်းမာရေးအကျိုးပြုသော အာဟာရဓာတ်များ ပျက်စီးပျောက်ဆုံးသွားနိုင်ပါသည်။

Credit : အစိမ်းရောင်လမ်း

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။