ဗြိတိသျှ ဘီလျံနာ သူဋ္ဌေးကြီး မန်ယူအသင်းရှယ်ယာအချို့ကို ဝယ်ပြီ

International News Sports
ဗြိတိသျှ ဘီလျံနာ သူဋ္ဌေးကြီး မန်ယူအသင်းရှယ်ယာအချို့ကို ဝယ်ပြီ

ဗြိတိသျှ ဘီလျံနာ သူဋ္ဌေးကြီး ဆာ ဂျင်မ် ရက်ချ်ကလစ်ဖ်ဟာ အမေရိကန်ဒေါ်လာ သန်း တစ်ထောင့်သုံးရာနီးပါးရှိတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။

သူပိုင်တဲ့ Ineos လုပ်ငန်းစုဟာ ဘောလုံးကိစ္စအဝဝကို ထိန်းချုပ်မှာဖြစ်ပါတယ်။
အသက် ၇၁ နှစ်အရွယ် သူဋ္ဌေးကြီးကတော့ အနာဂတ် ရင်းနှီးမြှုပ်နှံမှုအနေနဲ့ အိုးထရပ်ဖို့ဘောလုံးကွင်းကြီးအတွက် ဒေါ်လာ သန်း ၃၀၀ အသုံးပြုသွားဖို့လည်းရှိနေပါတယ်။
မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုက အသင်းရှယ်ယာတွေရောင်းချတာဟာ ‘’ဗျူဟာကျကျရွေးချယ်မှုတွေ’’ပြုလုပ်နေတယ်လို့ ပြောဆိုပြီး ၁၃ လအကြာမှာပဲ အခုကြေညာချက် ထွက်လာတာဖြစ်ပါတယ်။

ဂလေဇာမိသားစုဟာ မန်ယူအသင်းကို ဗြိတိသျှ စတာလင် ပေါင်ငွေ သန်း ၇၉၀ နဲ့ ၂၀၀၅ ခုနှစ်တုန်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကတော့ ကလပ်ကို ၁၀၀ ရာခိုင်နှုန်း ဝယ်ယူမယ်လို့ ကမ်းလှမ်းခဲ့တဲ့ ကာတာ ဘဏ်လုပ်ငန်းရှင် ရှိတ် ဂျက်ဆင် ဘင် ဟာမက် အယ်လ် သာနီဟာ ဝယ်ယူဖို့ အစီအစဥ်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

မန်ယူအသင်းဟာ အခုဘောလုံးရာသီမှာ ကွင်းထဲ ရုန်းကန်နေရတာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား မရတာ ၂၀၁၃ ခုနှစ်ကတည်းကဖြစ်ပြီး တဖက်မှာလည်း ဂလေဇာမိသားစု အသင်းကို ပိုင်ဆိုင်တာနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေရှိနေပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။