အထက်တန်းကျောင်းအောင်မြင်ပြီး ၇၃ နှစ်အကြာမှ မဟာဘွဲ့ရရှိခဲ့တဲ့ အသက် ၉၀ အရွယ်အမျိုးသမီး

International News
အထက်တန်းကျောင်းအောင်မြင်ပြီး ၇၃ နှစ်အကြာမှ မဟာဘွဲ့ရရှိခဲ့တဲ့ အသက် ၉၀ အရွယ်အမျိုးသမီး

အသက် ၉၀ အရွယ် အမျိုးသမီးတစ်ဦးဟာ အထက်တန်းကျောင်းအောင်မြင်ပြီး ဆယ်စုနှစ် ၇ ခုနှစ်ကျော်ကြာမှ တက္ကဆပ်တက္ကသိုလ်ကနေ မဟာဘွဲ့ရရှိခဲ့ပါတယ်။ မီနီပိန်းအမည်ရတဲ့ အဲဒီအမျိုးသမီးက သင်တန်းပြီးမြောက်တဲ့ အသက်ကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာပြီးတဲ့နောက် တနင်္ဂနွေနေ့က ဘွဲ့ရယူခဲ့ပါတယ်။

ပိန်းက တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ ကြီးပြင်းခဲ့ပြီး ပညာမတတ်တဲ့စက်ရုံလုပ်သား ၂ ဦးရဲ့ကလေးဖြစ်ခဲ့တာပါ။ ၁၉၅၀ ခုနှစ်မှာ သူ အထက်တန်းအောင်မြင်ခဲ့ပြီး အလုပ်ခွင်မဝင်ခင် ဂျူနီယာကောလိပ်မှာ ကျောင်းတက်ခဲ့ပါတယ်။ နှစ် ၃၀ လုပ်ခဲ့တဲ့ transcription အလုပ်ကနေ အငြိမ်းစားယူပြီးနောက် အသက် ၆၈ နှစ်မှာ ကျောင်းပြန်တတ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် အသက် ၇၃ နှစ်မှာ Texas Woman’s University ကနေ အထွေထွေပညာရပ်နဲ့ ရိုးရိုးဘွဲ့ရရှိခဲ့ပါတယ်။

ဒါပေမဲ့ သူက ပညာသင်ယူတာကို ရပ်တန့်မထားဘဲ ဆက်ပြီးတော့ မဟာဘွဲ့ယူခဲ့ပါတယ်။ Interdisciplinary Studies ဘာသာရပ်ကို အွန်းလိုင်းကနေပြီးအောင်တက်ခဲ့ပြီးတော့ မဟာဘွဲ့ကို ရယူခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်သရွေ့ အလုပ်ဆက်လုပ်သွားဖို့က သူ့ရဲ့ရည်ရွယ်ချက်ပါပဲ။ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပိန်းကို သူ့ရဲ့မြေးဖြစ်သူက အဖော်ပြုပေးခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။