ကင်ဆာနဲ့ အဆစ်အမြစ်ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ နံနံပင်

Health Knowledge
ကင်ဆာနဲ့ အဆစ်အမြစ်ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ နံနံပင်

မြန်မာနံနံပင်ဘဲဖြစ်ဖြစ်၊ တရုတ်နံနံပင်ဘဲဖြစ်ဖြစ် စားသုံးရင် ကင်ဆာနဲ့အဆစ်အမြစ် ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နံနံပင်ကို အသုတ်သုပ်စားတဲ့ နေရမှာဘဲထည့်ထည့်၊ ဟင်းချိုမှာဘဲ ခပ်ခပ်၊ မုန့်ဟင်းခါးစားရာမှာဘဲ ထည့်စားစား ကြိုက်နှစ်သက်သလို စားသုံးနိုင်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေး

နံနံပင်မှာ Phthalides နဲ့ Polyacetylenes ကွန်ပေါင်းဓာတ်တွေ ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေကို လျော့နည်း ဖယ်ရှားပေးပါတယ်။မျိုးဥပြွှန်ကင်ဆာအပြင် ကင်ဆာအမျိုးအစားများစွာကိုလည်း ကာကွယ်ပေးပါတယ်။

အဆစ်အမြစ် ကျန်းမာရေးကို ကောင်းမွန်စေ

နံနံပင်မှာ ရောင်ရမ်းတာတွေ လျော့ပါးစေတာကြောင့် အဆစ်အမြစ်ရောဂါတွေဖြစ်တဲ့ ဂေါက်တို့၊လေးဖက်နာတို့ကို သက်သာ ပျောက်ကင်းစေပါတယ်။အဆိုပါ ရောဂါတွေကြောင့် ရောင်ရမ်းနေရင် နံနံပင် ကို ဖျော်ပြီး တစ်နေ့ကို တစ်ခွက်လောက်သောက်သုံးရင် သက်သာ ပျောက်ကင်းနိုင်ပါတယ်။

ရောင်ရမ်းတာတွေကို လျော့ကျ

ရောင်ရမ်းတာတွေအတွက်ဆို နံနံပင်က အကောင်းဆုံးပါဘဲ။ နံနံပင်မှာ Luteolin ဆိုတဲ့ Phytochemical ဓာတ် ပါဝင်တာကြောင့် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အဲ့ဒီဓာတ်က အဓိကအားဖြင့် ဦးနှောက်အပါအဝင် တစ်ကိုယ်လုံးမှာရှိတဲ့ ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။

သွေးအတွင်း ကိုလက်စထရော ဓာတ်ကိုကျဆင်းစေ

နံနံပင်မှာ Phthalides ဓာတ်ပါဝင်တာကြောင့် Bile အက်ဆစ်ဓာတ်ကို ထုတ်ပေးပါတယ်။ အဲဒီဓာတ်က သွေးအတွင်းရှိ LDL ကိုလက်စထရောတွေ ကျဆင်းအောင် ပြုလုပ်ပေးပါတယ်။ တစ်နေ့ကို နံနံပင် ၂ ပင်လောက်စားရင် သွေးထဲကမကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ကျစေပါတယ်။

ဆီးအိမ်မှာ ရောဂါတွေကို ကာကွယ်ပေး

နံနံပင်က ဆီးရွှင်တာကြောင့် ဆီးအိမ်မှာ ဖြစ်တတ်တဲ့ ဘက်တီးရီးယား ပိုးဝင်တာတွေ ကျောက်တည်တာတွေကို သက်သာ ဖယ်ရှားပေးပြီး ရောင်ရမ်းတာတွေကို လျော့ကျစေပါတယ်။

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။