ငွေရေးကြေးရေးယတြာကောင်းများ

Astrology
ငွေရေးကြေးရေးယတြာကောင်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငွေရေးကြေးရေးယတြာကောင်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငွေရေးကြေးရေးယတြာကောင်းများ
ထစ်ငေါ့နေတဲ့အကြွေးတောင်းကြစို့

တခါတလေ ကိုယ်တွေကသနားလို့ လူမှုရေးအရ ပိုက်ဆံလေးတွေထုတ်ပြီး ကူညီလိုက်တယ် ။ ကိုယ်ပြန်တောင်းတော့ အတိုးနေနေသာသာ အရင်းတောင် မျိုးစုံချော့တောင်းတာတောင် တစ်ပြားမှ မပေးပဲ ဗြောင်မသိချင်ယောင်ဆောင် ကိုယ့်ရှေ့ကနေ ဖြတ်လျောက်ပြနေတဲ့ သူတွေကို တွေ့ဖူးကြုံဖူး မှာပါ ။ ဒီတော့ ကြွေးတောင်းနည်းလေးတွေ စုပြီးရေးသားဖော်ပြလိုက်ပါတယ် ။

၁ ။ မည်သူမဆို ဆုံးနေသောကြွေးများ ပြန်ရစေလိုလျှင် တနင်္လာနေ့ နံနက် ၉း၄၅ မိနစ်အချိန်တွင် အုန်းသီးအစိမ်း တစ်လုံးကို မျက်နှာဝလှပ်ပြီး အထဲမှအရည်များမသွန်ဘဲ ထိုအုန်းသီးစိမ်းထဲသို့ ကြံညွန့် (၂)ညွန့်စိုက်ပြီး မြတ်စွာ ဘုရားအား ပူဇော်တိုင်တည်ဆုတောင်းပါ။

၂ ။ ကြွေးတောင်းမည့်သူ၏ ဘယ်ဘက်လက်တွင် မိမိချေးထားသောလူ၏ နာမည်ကိုနှင့် ငွေပမာဏကို ထည့်ရေးပါ ။ ပြီးလျှင် အုန်း(၆)ညွန့် ၊ ဒါန်း (၇)ညွန့်ပူးချည်ပါ ။ ထိုပူးချည်ထားသော အညွန့်များနှင့် နာမည်ရေးထား သော ဘယ်လက်ကို အသက်အောင့်ရိုက်ပါ ။ “ငါ့ငွေ အမြန်ဆုံး ပြန်ပေးစေ”ဟုပြောရိုက်ပါ ။ (၁၃)ချက်တိတိရိုက်ပါ ။

ငွေကြေးကိစ္စနှင့်လူမှုရေးကိစ္စများအဆင်ပြေစေရန်ယတြာ

တနင်္ဂနွေနေ့သားသမီးဖြစ်ရင်နေအိမ်မျက်နှာစာဖက်ကိုသန့်ရှင်းအောင်ထားပေးပါ။
တနင်္လာနေ့သားသမီးဖြစ်ရင်အိမ်သာကိုသန့်ရှင်းအောင်ထားပေးပါ။
အင်္ဂါသားသမီးဖြစ်ရင်မီးဖိုချောင်ကိုသန့်ရှင်းအောင်ထားပေးပါ။
ဗုဒ္ဓဟူးသားသမီးဖြစ်ရင်ဘုရားကျောင်းဆောင်ကိုသန့်ရှင်းအောင်ထားပေးပါ။
ကြာသပတေးသားသမီးဖြစ်ရင်ဧည့်ခန်းကိုသန့်ရှင်းအောင်ထားပေးပါ။
သောကြာနေ့သားသမီးဖြစ်ရင်အိပ်ခန်းကိုသန့်ရှင်းအောင်ထားပေးပါ။
စနေနေ့သားသမီးဖြစ်ရင်ရေချိုးတဲ့နေရာနှင့်ရေချိုးခန်းတွေကိုသန့်ရှင်းအောင်ထားပေးပါ။

ငွေကြေးပြဿနာဒီယတြာ

ငွေကြေးကိစ္စအခက်အခဲအမျိုးမျိုးကြုံတွေ့ရင်ဆိုင်နေရပါရင်အခုယတွာကိုမကြာခဏပြုလုပ်ပေးလိုက်ပါ။အဆင်ပြေသွားပါလိမ့်မယ်။

တနင်္လာနေ့ နံနက် ၉း၄၅နာရီတိတိမှာအုန်းသီးအစိမ်းတစ်လုံးကိုထိပ်ဝလှပ်ပါ။ပြီးရင်ကြံရိုးတစ်ချောင်းနဲ့နှင်းဆီတစ်ပွင့်ကိုအုန်းသီးထဲထိုးစိုက်ပေးရင်းနေအိမ်ဘုရားကိုလှူဒါန်းပေးရင်းဆုတောင်းပါ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။