၆ လပဲ အလုပ်လုပ်ပြီး ၁ နှစ်ကို ဒေါ်လာ ၁၂၀၀၀၀ ရနေတဲ့ ကမ္ဘာ့အဟော့ဆုံးကုန်တင်ယာဉ်မောင်း သမား

International News
၆ လပဲ အလုပ်လုပ်ပြီး ၁ နှစ်ကို ဒေါ်လာ ၁၂၀၀၀၀ ရနေတဲ့ ကမ္ဘာ့အဟော့ဆုံးကုန်တင်ယာဉ်မောင်း သမား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၆ လပဲ အလုပ်လုပ်ပြီး ၁ နှစ်ကို ဒေါ်လာ ၁၂၀၀၀၀ ရနေတဲ့ ကမ္ဘာ့အဟော့ဆုံးကုန်တင်ယာဉ်မောင်း သမား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၆ လပဲ အလုပ်လုပ်ပြီး ၁ နှစ်ကို ဒေါ်လာ ၁၂၀၀၀၀ ရနေတဲ့ ကမ္ဘာ့အဟော့ဆုံးကုန်တင်ယာဉ်မောင်း သမား

ကမ္ဘာ့အဟော့ဆုံးကုန်တင်ယာဉ်မောင်းသမားအဖြစ် အမည်ပေးထားတဲ့ FIFO ဝန်ထမ်းတစ်ဦးဟာ မကြာသေးခင်က သူ့အလုပ်နဲ့ပတ်သက်ပြီး ထုတ်ပြောလာခဲ့ပါတယ်။ သူကတော့ ပါ့သ်မြို့က အက်ရှဲလီယားဆိုတဲ့ အမျိုးသမီးဖြစ်ပြီး သူက Digital Content Creator တစ်ယောက်အပြင် အချိန်ပိုင်းကုန်တင်ယာဉ်မောင်းတဲ့သူလည်းဖြစ်ပါတယ်။ အဲဒီအလုပ်က ရတဲ့ ဝင်ငွေကတော့ အမိုက်စားပါပဲ။

သူက Pilbara မိုင်းတွင်းမှာ ကုန်တင်ယာဉ်မောင်းသမားအဖြစ် ၁၄ ရက်ဆက်တိုက်အလုပ်လုပ်တယ်။ ပြီးရင် ၁၄ ရက် နားရက်ယူပါတယ်။ သူ့ရဲ့တစ်နေ့တာအလုပ်က မနက် ၄ နာရီမှာစပါတယ်။ ၁၂ နာရီအဆိုင်းနဲ့ အလုပ်လုပ်တာပါ။ ကုန်တင်ယာဉ်မောင်းရင်းနဲ့ ပူပြင်းတဲ့အပူရှိန်ကိုလည်း အံ့တုရပါတယ်။

ဒါပေမဲ့ အလုပ်ကြိုးစားပြီးလုပ်တာကြောင့် ၆ လပဲ အလုပ်လုပ်ပြီး တစ်နှစ်ကို ဒေါ်လာ ၁၂၀၀၀၀ ဝင်ပါတယ်။ သူ အလုပ်မလုပ်တဲ့အခါမှာတောင် သူ့ဘဝကို အကောင်းဆုံးနေထိုင်စေနိုင်ပါတယ်။ လူမှုကွန်ယက်ပေါ်မှာ သူ့ရဲ့တစ်နေ့တာဘဝက ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာကို သက်သေပြထားပါတယ်။ သူ့ရဲ့အင်စတာဂရမ်အကောင့်ကတော့ the_salty_pinup ပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။