ကံကောင်းစေမဲ့ မော်တော်ယာဉ်

Astrology
ကံကောင်းစေမဲ့ မော်တော်ယာဉ်

ယနေ့ခေတ်မှာ ဆိုင်ကယ် နဲ့ ကား တွေက လူအများစု အတွက် ဇိမ်ခံပစ်စည်းများ မဟုတ်ကြတော့ပါ။ လုပ်ငန်းသုံး ပစ္စည်းတခုသာ ဖြစ်နေပါတယ်။

သင် အသုံးပြုနေတဲ့ မော်တော်ယာဉ် ကို သင်ပိုင်ဆိုင်သည်ဖြစ်စေ၊ ငှားရမ်းသုံးစွဲ​ သည်ဖြစ်စေ၊ သင်ဟာနေ့စဉ် အဒီယာဉ် ကို သုံးစွဲ နေရတယ် ဆိုရင်၊ မော်တော်ယာဉ်က သင့်အတွက် ကြီးမားသော ကံကောင်းခြင်းများကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။

အောက်ဖော်ပြပါ အချက်လေးများကိုသာ လုပ်ကြည့်ပါ၊ သင့်အသုံးပြုနေတဲ့ မော်တော်ယာဉ် က သင်အတွက် အံ့သြ စရာကောင်းကျိုးများ သယ်လာ ပေးပါလိမ့်မယ်။

ရှေးဦးစွာ

သင့်ရဲ့ ကား သို့မဟုတ် ဆိုင်ကယ် မှာ ရှိတဲ့ တံခါးမှန်များ၊ ကြည့်မှန်များနှင့် တောက်ပြောင်သော မျက်နှာပြင်များကို သန့်ရှင်းကြည်လင်စေပြီး အစွန်းအထင်း ကင်းစင်အောင် ကြိုးစားပါ။

ဒုတိယ

ကား သို့မဟုတ် ဆိုင်ကယ် ကို မွေးအောင် ပန်း – ရေမွှေး စသည်ဖြင့် သုံးကြပါတယ်။ အကောင်းဆုံးက တော့ သစ်သား သို့မဟုတ် ဆေးဖက်ဝင်အပင် တစ်ခုခုရဲ့ အနံ့ကို သုံးသင့်ပါတယ်။ ဒီလို အနံမျိုးက သင့်ရဲ့ စိုးရိမ်ပူပန် မှု တွေကို ကင်းစေပြီး အတွေးကောင်းများရစေပါတယ်။

တတိယ

သင့်ကားထဲမှာ အစားစားတာကို ရှောင်ကြဉ်ပါ – သင့်ကားအပြင်မှာသာ ထမင်းအပါအ၀င် အစားစားအနားယူဖို့ အကြံပြုလိုပါတယ်။

စတုတ္ထ

သင့်ကားကို ရှုပ်ပွမနေအောင် စနစ်တကျထားဖို့ လိုပါတယ်။ စာရွက်စာတမ်းများ၊ ကိုယ်ပိုင်ပစ္စည်းများ၊ ကြမ်းပြင်ဖျာများ၊ နှင့် တံခါးအိတ်ကပ်များတွင် ထည့်ထားသောပစ္စည်းများ၊ ကို ရှင်းလင်းသန့်စင်အောင် ထားပါ။ ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းက ကာကွယ်ပေးပါတယ်။

ပဉ္စမ

သင့်ရဲ့ ဆိုင်ကယ် သို့မဟုတ် သင့်ကားထဲတွင် မေတ္တာစွမ်းအင်ကို ဖန်တီးပါ။ အများစုက တော့ ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်များ ဘုရာူများ၊ နတ်များ ရဲ့ပုံ တော်များ သို့မဟုတ် ကံကောင်းစေသော အရုပ်များကို ထားလေ့ ရှိကြပါတယ်။

ဆဌမ

ကား သို့မဟုတ် ဆိုင်ကယ်မှာ အကြွေစေ့ ထည့်တဲ့ နေရာ လေးများ ပါရှိတတ်ပါတယ်. သို့မဟုတ် သင့်ဒိုင်ခွက်ပေါ်တွင် သို့မဟုတ် ဒက်ရှ်ဘုတ်ပေါ်တွင် crystal သလင်းကျောက်လေး တခု ထားလိုက်ပါ။ သလင်းကျောက်များက မြေကြီးရဲ့ သန့်စင်သောပုံစံဖြစ်တဲ့အတွက်သင့်အတွက် အလွန်ကောင်းမွန်သော သန့်စင်မှုနှင့် စွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်။

သတ္တမ

သင့်ရဲ့ ဆိုင်ကယ် သို့မဟုတ် ကားကို အပြုသဘောဆောင်သော သင်္ကေတများဖြင့် အလှဆင်ပါ – သို့မဟုတ် အပြုသဘောဆောင်သော စတစ်ကာများ နှင့်အလှဆင်ပါ။

အဋ္ဌမ

ဒီအချက်ကတော့ သိပ်မလွယ်ပါ သို့သော် သင့်ကိုယ်ပိုင် စွမ်းအင်နှင့် ကိုက်ညီသော မှန်ကန်သော နံပါတ်ကို ရွေးချယ်ခြင်းသည် သင့်အား စည်းစိမ်ချမ်းသာများ သယ်ဆောင်လာမှာ ဖြစ်ပါတယ်။

နဝမ

သင့်ရဲ့ နေ့စဉ်သုံး မော်တော်ယာဉ် ကို မှန်ကန်သောအရောင် ရွေးချယ်ခြင်းဖြင့် သင့်ကို ကံကောင်းစေပါတယ် – တကယ်လို့များ သင့်ရဲ့ ယာဉ် အရောင်က သင့်အတွက် ကံကောင်းသည့်အရောင်ကို မဟုတ်ခဲ့ရင် ကားထဲက ခုံ ဆိုင်ကယ်က ထိုင်တဲ့ ခုံစသည်တို့ကို အဲဒီ ကံကောင်းစေတဲ့ အရောင် နဲ့ ဖုံးအုပ် ထားပါ။

ဒသာမ

ကောင်းချီးမင်္ဂလာများ ခံယူပါ – သင်ယုံကြည် ကိုးကွယ်ရာ ဘာသာ အလိုက် တရားတော်များ ဂါထာ မန္တန်များကို ရွတ်ဖတ်ခြင်း သို့မဟုတ် အသံနဲ့ ဖွင့်ထားခြင်းများ ပြုလုပ်ပါ။

မိတ်ဆွေ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။
ချစ်ခြင်းမေတ္တာဖြင့်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။