သတင်းထောက်ရဲ့လင်ပန်းပျံနဲ့ မတော်တဆတွေ့သွားပေမဲ့ အပြုံးမပျက်လို့ ပရိသတ်တွေစီက ချီးကျူးခံနေရတဲ့ ဆုပန်ထွာ(ရုပ်/သံ)

Celebrity Local News
သတင်းထောက်ရဲ့လင်ပန်းပျံနဲ့ မတော်တဆတွေ့သွားပေမဲ့ အပြုံးမပျက်လို့ ပရိသတ်တွေစီက ချီးကျူးခံနေရတဲ့ ဆုပန်ထွာ(ရုပ်/သံ)

ဆွဲဆောင်မှုရှိရှိလှပတဲ့မင်းသမီးဆုပန်ထွာ ကတော့ ပရိသတ် ရဲ့ အချစ်ကိုရရှိထားတဲ့ မင်းသမီးတွေထဲက တစ်ယောက်ပါ။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုဥက္ကာကျော်နှင့် လက်ထပ်ခဲ့ပြီး သားဖြစ်သူ မောင် Roar Roar Kyaw ကို မွေးဖွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မိသားစုဘဝလေးကိုတည်ထောင်ပြီး ပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။

ဆုပန်ထွာက သူ့ရဲ ့နေ့စဉ်ဘဝကို ပရိသတ်ကို မျှဝေပေးလေ့ ရှိသလို ပကာသနမရှိလွတ်လတ်လပ်လပ်နေထိုင်ရတာကို ခုံမင်တဲ့အကြောင်းကိုလည်း’”ညနေခင်း အိမ်နေရင်း ကိုယ်အိမ်နေရင်းအကြိုက်ဆုံးပုံစံလေး။ သနပ်ခါးတွေရယ်၊ဒီနိုင်ငံမှာနွေဘက်ဆိုပူလွန်းတာမို့ အပါးဆုံးနဲ့ လွတ်လတ်လပ်လပ်အဖြစ်ဆုံး ချည်သား၊စပန့်သားနဲ့ အင်ဒိုနီးရှားဂါဝန်တွေပဲရှာဝတ်နိုင်တာ။ ဘယ်လောက်ဟောင်းဟောင်းစုတ်စုတ် လွတ်လပ်ပြီးအေးလို့ ဒါတွေပဲဝတ်ဖြစ်တာများတယ်။ “ဆိုပြီး ပွင့်ပွင့်လင်းလင်းပြောပြခဲ့ဖူးပါတယ်။ ဆုပန်ထွာက ပွဲအခမ်း အနားတွေမှာ ဖက်ရှင်ကျကျနဲ့လှလှပပ ဝတ်ဆင်လေ့ရှိသလို လတ်လပ်တဲ့စတိုင်နဲနေရတာကိုလည်း ကြိုက်နှစ်သက်သူပါ။

ယခုအခါမှာတော့ အင်တာဗျူးတစ်ခုမှာ သူမက ပူတယ်လို့ ပြောလို့ လင်ပန်းကိုင်ပီးယပ်ခပ်ပေးနေတဲ့သတင်းသမားတစ်ဦးရဲ့ လက်ထဲက လင်ပန်းဟာ အရှိန်လွန်ပီး ဆုပပန်ထွာရဲ့ မျက်နှာကို သွားမှန်ခဲ့တာပဲဖြစ်ပါတယ် သူမကတော့ မျက်နှစ်တစ်လုံးကို လင်ပန်းနဲ့ ထိသွားတာကို စိတ်ဆိုးမပြု မျက်နှာတစ်ချက် ပျက်မသွားတာကြောင့် ပရိသတ်တွေက ချီးမွမ်းနေကျတာကိုတွေ့ရပါတယ်။ ထိုသတင်းထောက်ကလည်း အင်တာဗျူးနေရင်း မမပန် ကို ပူအိုက်နေလို့ ယပ်ခပ်ပေးနေတုန်း လင်ဗန်းလွတ်ထွက်သား ရတဲ့ သတင်းထောက်ရဲ့ အဖြစ်ကြောင့် မမပန်ကို အနူးအညွတ် .. တောင်းပန်ပါတယ် ဆိုပီး ဖြေရှင်းသားခဲ့တာပဲဖြစ်ပါတယ်။

ရုပ်/သံကြည့်ရန်- https://fb.watch/pr5BNwxOm2/

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။