ကျန်းမာရေးကြောင့်ဇာတ်ကနိုင်ခြင်းမရှိတော့ဘူးဆိုတဲ့ ဇာတ်မင်းသား စွမ်းဇာနည်

Celebrity Local News
ကျန်းမာရေးကြောင့်ဇာတ်ကနိုင်ခြင်းမရှိတော့ဘူးဆိုတဲ့ ဇာတ်မင်းသား စွမ်းဇာနည်

မင်းသားချောလေး စွမ်းဇာနည်က ချောမောခန့်ညား တဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေက အပြတ်အသတ်သဘောကျကြတာ ဖြစ်ပါတယ် ၊ စွမ်းဇာနည်က ရုပ်ချောရုံတင်မက အဆို၊အအကကောင်းပြီး သရုပ်ဆောင်တော်တဲ့ ပရိသတ်အချစ်တော်အနုပညာရှင် လည်း ဖြစ်ပါတယ်။ စွမ်းဇာနည်အနေနဲ့ ဇာတ်မင်းသားအဖြစ်ရော သရုပ်ဆောင်မင်းသားအဖြစ်ပါ အနုပညာအလုပ် ကိုလုပ်ကိုင်ပြီး အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ စွမ်းဇာနည်က အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေပမယ့်လည်း ပရိသတ်တွေက သူ့ကိုချစ်ခင်အားပေးနေဆဲ ဖြစ်ပါတယ် ။
စွမ်းဇာနည်ရဲ့ Facebook Live တွေမှာလည်း ပရိသတ်က အမြဲစောင့်ကြည့်အားပေးပြီး ဝန်းရံနေကြတာ ဖြစ်ပါတယ် ။ ပျော်ပျော်နေတတ်တဲ့ စွမ်းဇာနည်က အခုလည်း အခွီတလိုင်းဗီဒီယိုတစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။

စွမ်းဇာနည်က မကြာခင်လပိုင်းအတွင်းမှာ အသဲရောဂါနဲ့ ဆေးရုံမှာ ကုသမှုခံယူခဲ့သူလည်းဖြစ်ပါတယ်..နေစဉ်နေတိုင်း အရက်နဲ့ အဖော်ပြုနေလို့ ကျန်းမာရေးဟာလည်း တစ်နေ တစ်ခြား ဆိုးရွားလာတာလည်းတွေ့ရပါတယ် ။ယခုအခါမှာစွမ်းဇာနည် က”အခုတော့ ကျွန်တော် ပြောလိုက် ပါတော့မယ် ပရိသတ်တွေ စိတ်မကာင်းဖြစ်မှာဆိုးလို့ ကျန်းမာရေးအတွက် အပင်ပန်းမ ခံနိုင်တော့ဘူး ဇာတ်မင်းသား ရဲ့ အ၀တ်အစားတွေကို မ၀တ်နို င်တော့ပါဘူး ..မွန်းကျပ်ပီး အရမ်းပင်ပန်းစေတယ် ဇာတ်ကတာ ကလည်း အဆို အကဆိုတော့ တစ်ချက်နားချိန်မရှိဘူး အဲဒီလောက် ဒီ လုပ်နိုင်တဲ့စွမ်းအားမရှိတော့လို့ပါ. ဇာတ်မနိုင်သော် လည်း အဆိုတော်အပိုင်းအတွက် အကပိုင်းအတွက် တာ့ မျက်တောင်လေးကော့ပီး အလှပြင်ပီး ၅မီနစ်ဖျော်ဖြေတာနဲ့
ပရိတ်က ကျေနပ်နေကျတာ အဲဒါကိုတောင် လိုက်မလုပ်နိုင်တော့ပါဘူး အသက် ၁၇ နှစ်တုန်းကလည်း ဇာတ်တစ်ပွဲကို သီချင်းအပုဒ် ၃၅ ပုဒ်ဖျော်ဖြေနိုင်ပင်မယ် အခုဆိုရင် သီချင်း ၃ပုဒ်လောက်ဆိုနိုင်ဖိုတောင်မလွယ်ကူးဘူးဖြစ်သားပါပီး…

ဒါပင်မဲ့လည်း ကျွန်တော် စွမ်းဇာနည်က စွမ်းဇာနည်ပါပဲ ပရိသတ်က ၀တုန်းကလည်းချစ်တာပဲ ဆံပင်တိုတိုရှည်ရှည် အကုန်လုံးက ချစ်ပေးကျတယ်”လို့ ပြောပြသွားခဲ့တာပဲဖြစ်ပါတယ်…. စမ်းသဘင်ကတာ့ အမြဲရှိနေမှာပါ ဒါပင်မဲ့လည်း ကျွန်တောင်ကတော့ ကဖို့ဆိုတာ သိပ်တော့ မလွယ်တော့ ပါဘူးလို့ ချစ်တဲ့ ပရိသတ်ကို ဇာတ်သဘင်နဲ့ ပက်သက်ပီး ပြောပြလာခဲ့ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။