ဂျာမန် ဂန္တဝင်ဘောလုံးသမားကြီး ဖရန့်ဇ် ဘက်ကင်ဘောင်ဝါကွယ်လွန်

International News Sports
ဂျာမန် ဂန္တဝင်ဘောလုံးသမားကြီး ဖရန့်ဇ် ဘက်ကင်ဘောင်ဝါကွယ်လွန်

ကမ္ဘာ့ဖလားကို ဘောလုံးသမားအဖြစ်နဲ့ရော မန်နေဂျာအဖြစ်နဲ့ပါ ရဖူးသူ ဘက်ကင်ဘောင်ဝါ ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပါပြီ။

အင်္ဂလန် ကမ္ဘာ့ဖလားရခဲ့တဲ့ ၁၉၆၆ ခုနှစ်မှာ အသက် ၂၀ ပဲ ရှိသေးတဲ့ ဘက်ကင်ဘောင်ဝါ အနောက်ဂျာမနီအသင်းကနေ အလယ်တန်းလူ အဖြစ်ကစားခဲ့ပြီး ဂိုးလည်း လေးဂိုးသွင်းခဲ့ပါတယ်။ အဲဒီ ကမ္ဘာ့ဖလားမှာ သူ အကောင်းဆုံး သက်ငယ်ကစားသမားဆုကို ရခဲ့ပါတယ်။

သူဟာ အနောက်ဂျာမနီအသင်းလက်ရွေးစင်အဖြစ် ၁၀၃ ပွဲကစားခဲ့ပြီး ၁၉၇၄ မှာ ကမ္ဘာ့ဖလားရခဲ့ပါတယ်။ ဂျာမန်အသင်းရဲ့ မန်နေဂျာဖြစ်လာပြီးတော့လည်း ၁၉၉၀ မှာ ကမ္ဘာ့ဖလားရခဲ့သူပါ။
သူဟာ ဂျာမန်ထိပ်တန်းကလပ် ဘိုင်ယန်မြူးနစ်မှာ နောက်ခံလူအဖြစ် ၅၈၂ ပွဲကစားခဲ့ပြီး ဂျာမန်ဖလားကိုလည်း ကစားသမားအဖြစ်နဲ့ရော မန်နေဂျာအဖြစ်နဲ့ပါ ရခဲ့သူပါ။
ဘက်ကင်ဘောင်ဝါဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကိုလည်း ၁၉၇၂ နဲ့ ၁၉၇၆ မှာ ရခဲ့ပါတယ်။

သူ့ရဲ့ ဘောလုံးစွမ်းရည်ကြောင့် သူ့ကို ဂျာမနီမှာ Der Kaiser ဧကရာဇ်ဘုရင်ကြီးလို့ ချစ်ခင်စွာ ခေါ်ကြ သိကြပါတယ်။
သူ့လိုပဲ ကမ္ဘာ့ဖလားကို ကစားသမားအဖြစ်နဲ့ရော မန်နေဂျာအဖြစ်နဲ့ပါ ရဖူးသူ သုံးဦးပဲ ရှိပါတယ်။ နောက်နှစ်ယောက်ကတော့ ဘရာဇီးက မာရီယို ဇာဂါလိုနဲ့ ပြင်သစ်က ဒီဒီယေဒေရွှမ်းတို့ ဖြစ်ပါတယ်။

ဘက်ကင်ဘောင်ဝါ ကွယ်လွန်တာနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးလောကက ကစားသမားတွေ၊ မန်နေဂျာတွေက ဝမ်းနည်းကြောင်းစကားတွေ သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေမှာ ရေးတင်နေကြပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။