အိမ်မက်မကောင်းတာတွေမက်နေသူများအတွက် ယတြာ

Astrology
အိမ်မက်မကောင်းတာတွေမက်နေသူများအတွက် ယတြာ

ကျွန်တော်တို့ ဗေဒင်ဆရာတွေကို ဗေဒင်မေးကြသူတွေကနေ မကြာခဏ အမေးခံရလေ့ရှိတဲ့ မေးခွန်းတစ်ခုက “အခုတလော ညတိုင်း ညတိုင်းလိုလို အိပ်မက်တွေ မကောင်းဘူး ဆရာရယ်…။ အဲဒါ ဘယ်လိုယတြာ ချေရမလဲဟင် ။ ကယ်ပါဦးနော်”ဖြစ်ပါတယ် ။

အကောင်းဆုံး ယတြာကတော့ ညအိပ်ရာ ဝင်ကာနီးတိုင်း ဘုရားရှိခိုး ၊ ပရိတ်ပဌါန်း ရွတ်ပွါး ၊ ဝေနေယျသတ္တဝါအပေါင်းကို အမျှအတမ်းပေးဝေ ပေးရင် အိပ်မက်ဆိုးတွေ မမြင်မက်တော့ပါဘူး ။
“ဒါတော့ ဒါပေါ့ဆရာရယ် ၊ ဆရာပြောမှလား ၊ တစ်ခြား နည်းလမ်းလေး တစ်ခုခုများ ၊ ယတြာလေး တစ်ခုခုများဆရာ့ဆီက ရနိုင်မလားလို့ မေးတာပါ”
အခုလို ကျွန်တော်တို့ဗေဒင်ဆရာတွေကို ပညာပဲစမ်းသလိုလို ၊ အထင်ပဲသေးသလိုလို ၊ အားပဲကိုးသလိုလိုနဲ့ ဝိရောဓိစကားလုံးမှိုင်းတွေနဲ့ လာလာ ချည်တတ်တာလည်း ရှိကြတယ် ။ အကုန်လုံးတော့မဟုတ်ပါဘူး ။ တချို့ တချို့ လူတွေ ။

အဲဒီအခါမျိုးနဲ့ ကြုံခဲ့လို့မေးလာခဲ့ရင် ဒီယတြာကို ရှေးရှေး ဗေဒင်ကဝိပညာရှိကြီးတွေက ပေးခဲ့ကြပါတယ် ။ ပေးတိုင်းလည်း အောင်မြင်မှုရခဲ့ပါတယ် ။ အိပ်မက်ဆိုးတွေဘယ်ဆီ ဘယ်ဝယ် ရောက်မှန်းမသိ ။

ယတြာက…

ရှေးဦးစွာ သစ်ငုတ်တို တစ်ခုကို တွေ့အောင်ရှာပါ ။
တွေ့ပြီဆိုရင် ထမင်းလက်တစ်ဆုပ်နဲ့ ရေတစ်မှုတ် (ရေတစ်ခွက်)ကို အဲဒီသစ်ငုတ်တိုပေါ် တင်ထားခဲ့ပါ ။ ပြီးရင် ပရိတ်ရေနဲ့ ခေါင်းလျှော်ပေးပါ ။ ယောဂီဝတ်ပါ ။
နေအိမ်ဘုရားမှာလည်း ပန်း ၊ ရေချမ်း ၊ ထီး ၊ တံခွန်တွေ ဆက်ကပ် လှူဒါန်း ပူဇော်ပေးလိုက်ပါ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။