“ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးစေသောမဟာဝေဒဗ္ဗမန္တန်

Astrology

“ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးစေသောမဟာဝေဒဗ္ဗမန္တန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးစေသောမဟာဝေဒဗ္ဗမန္တန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရွတ်ဖတ်ရန် ဓနသိဒ္ဓနက္ခတ်နှင့်စန်းယှဉ်ချိန်” ၂၈-၁၁-၂၀၂၂

အရှေ့လောင်ဂျီကျုဒ် ၉၇ ဒီဂရီ ၃၀ မိနစ်ကိုစံတော်ချိန်အဖြစ်သတ်မှတ်ထားတဲ့မြန်မာတစ်နိုင်ငံလုံးအတွက်မဟာဝေဒဗ္ဗမန္တန်ကြီးရွတ်ဖတ်ရမည့်အချိန်၌စန်းဟုခေါ်ဆိုအပ်သောလမင်းကြီးသည် ဓနသိဒ္ဓနက္ခတ်ကို နောက်ခံထား၍ အာကာသမိုးကောင်းကင်တွင် တင့်တယ်စွာစံပယ် နေချိန်ဖြစ်သည်။
ထိုကဲ့သို့ဓနသိဒ္ဓနက္ခတ်နှင့်စန်းယှဉ်ချိန်တွင် “မဟာ
ဝေဒဗ္ဗမန္တန်တော်ကြီး”ကိုရွတ်ဖတ်ပူဇော်ကြမည်ဆိုလျှင်ရတနာရွှေမိုးရွာသွန်းဖြိုးသကဲ့သို့ စီးပွားလာဘ်လာဘများ မုချတိုးတက်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွက်ရွတ်ဖတ်ရမည့်အချိန်ကား-
~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၈-၁၁-၂၀၂၂ တနင်္လာနေ့ ည ၂၂:၅၄:၀၃ နာရီတည်း။

စင်္ကာပူနိုင်ငံအတွက်-
~~~~~~~~~~~~
၂၉-၁၁-၂၀၂၂ အင်္ဂါနေ့ နံနက် ၀၀:၂၄:၀၃ နာရီတည်း။
ထိုင်းနိုင်ငံအတွက်-
~~~~~~~~~~~
၂၈-၁၁-၂၀၂၂ တနင်္လာနေ့ ည ၂၃:၂၄:၀၃ နာရီတည်း။
မလေးရှားနိုင်ငံအတွက်-
~~~~~~~~~~~~~~
၂၉-၁၁-၂၀၂၂ အင်္ဂါ နံနက် ၀၀:၂၄:၀၃ နာရီတည်း။
Western,Australia အတွက်-
~~~~~~~~~~~~~~~~~~
၂၉-၁၁-၂၀၂၂ အင်္ဂါ နံနက် ၀၀:၂၄:၀၃ နာရီတည်း။
အင်္ဂလန်နိုင်ငံအတွက်-
~~~~~~~~~~~~~
၂၈-၁၁-၂၀၂၂ တနင်္လာ ညနေ ၁၆:၂၄:၀၃ နာရီတည်း။
အီတလီနိုင်ငံအတွက်
~~~~~~~~~~~~~
၂၈-၁၁-၂၀၂၂ တနင်္လာ ညနေ ၁၇:၂၄:၀၃ နာရီတည်း။
ထိုင်ဝမ်နိုင်ငံအတွက်
~~~~~~~~~~~~
၂၉-၁၁-၂၀၂၂ အင်္ဂါ နံနက် ၀၀:၂၄:၀၃ နာရီတည်း။
ဂျပန်နိုင်ငံအတွက်
~~~~~~~~~~
၂၉-၁၁-၂၀၂၂ အင်္ဂါ နံနက် ၀၁:၂၄:၀၃ နာရီတည်း။
ယူအေအီး ( U.A.E )နိုင်ငံအတွက်
~~~~~~~~~~~~~~~~~~
၂၈-၁၁-၂၀၂၂ တနင်္လာ ည ၂၀:၂၄:၀၃ နာရီတည်း။
ဆိုးလ်,South Korea နိင်ငံအတွက်
~~~~~~~~~~~~~~~~~~~~~
၂၉-၁၁-၂၀၂၂ အင်္ဂါနေ့ နံနက် ၀၀:၅၄:၀၃ နာရီတည်း။

ကောင်းကင်ပြင် ၁၂-ရာသီခွင်ရှိ “ဓနသိဒ္ဓနက္ခက်” ၏ပုံ
သဏ္ဍာန်ကို မြန်မာတို့က အင်ကြင်းသီးသဏ္ဍာန် မြင်ခဲ့၍
“အင်ကြင်းသီးသွင်၊ လေးလုံးမြင် မည်တွင် ဓနသိဒ္ဓဆို။ ။”
ဟုနက္ခတ် ၂၇-လုံးသံပေါက်၌စပ်ဆိုထားပါသည်။ အနောက်
တိုင်းနက္ခတ်ပညာရှင်တု့ိကမူ ” လင်းပိုင် ” တစ်ကောင်၏ပုံ
သဏ္ဍာန်အဖြစ်ရှုမြင်ခဲ့ကြသည်။


ရှေးမြန်မာတို့သည်မိမိတို့၏ဦးခေါင်းပေါ်ဝယ်ညစဉ်ဖြတ်
သန်းသွားလာနေသော ကြယ်စုပေါင်း ( ၁၅၈ ) စုအနက်မှ
ကြယ်စု ၂၇-စု ( နက္ခတ် ၂၇-လုံး )ကိုယဉ်ပါးခဲ့ကြသည်။
နက္ခတ်ဗေဒင်ဟောဆိုရာဝယ် ရာသီစက် ၁၂-ခုကိုအခြေ
ခံထားပြီး ထိုရာသီစက်တွင် နက္ခတ် ၂၇-လုံး၏နာမများဖြင့်
နက္ခတ်တစ်လုံးလျှင် ၁၃-အံသာ ၂၀- လိတ္တာနေရာပေး၍ ရာ
သီစက်၏ ၃၆၀-အံသာကို ၂၇-နေရာအညီအမျှခွဲဝေပေးခဲ့
ကြသည်။
နက္ခတ်ဗေဒင်ဟောရန်အလို့ငှာ နေရာပေးထားခြင်းသာဖြစ်၍ လက်တွေ့ကောင်းကင်ပြင်၌မူ အနှီနက္ခတ်၂၇-လုံးတို့သည် ဗေဒင်ဆရာများသတ်မှတ်ထားသည့်နယ်ပယ်နှင့် သွင်သွင်ကွဲလွဲနေသည်။
ရှေးကျမ်းများတွင် ဗေဒင်ဟောရန် ခွဲဝေပေးထားသည့်နက္ခတ်တစ်လုံး၏အကျယ် ၁၃ အံသာ ၂၀-လိတ္တာသည် မျက်မြင်နက္ခတ်တည်နေရာများ မဟုတ်ကြောင်းကို ဖတ်ရှုမှတ်သားခဲ့ရသည်။
ဥပမာအားဖြင့် မြန်မာ့ရိုးရာနက္ခတ်ဗေဒင်ပညာ၌ စင်နက္ခတ် ( စန်းစီးနက္ခတ် )ကိုဗေဒင်ဟောရန် အသုံးပြုခဲ့‌သော်လည်း အမှန်စင်စစ်တွင်မူ စန်းစီးနက္ခတ်တည်နေရာကို “မြင်နက္ခတ်”
ဖြင့်ဖော်ပြပေးရသည်ဖြစ်၍ မြင်နက္ခတ်ကောက်နည်းလည်းရှိလေသည်။ မွန်းတည့်နက္ခတ်ကောက်နည်းလည်းအလားတူရှိ၍ ယနေ့ခေတ်ဗေဒင်လောကတွင် ကောင်းကင်ပြင်၌ တိကျစွာရှိနေသောနက္ခတ်တည်နေရာနှင့် ဗေဒင်ဟောရန်ပိုင်းခြားထားသည့် နက္ခတ်အပိုင်းအခြားနေရာကို အတူတူဟု ထင်နေပုံရသည်။ကျွန်ပ်သည်ထန်းဖူးဇာတာမြောက်များစွာကို ကညစ် ဖြင့်
ကိုယ်တိုင်ရေးခဲ့ရ၍၊ ဇာတာရေးရင်း နက္ခတ်များကိုသုတေသနပြုခွင့်ရသလို မျက်မြင်လည်းလေ့လာခွင့်ရခဲ့သည်။

ကျွန်ပ်၏ဆရာကြီး” ဝဏ္ဏကျော်ထင်ဦးကျော်ငြိမ်းသည်သူ၏ “ကန်ဦးမူ တစ်ဆယ့်နှစ်မြို့ သံဒိဌဇာတာကောက်ကိန်းကျမ်း” တွင် နက္ခတ် ၂၇-လုံး၏တည်နေရာကိုအတိအကျဖော်ပြထားခဲ့သည်။ အင်္ဂါပိုင် ဓနသိဒ္ဓနက္ခတ်၏နယ်ပယ်သည်မကာရရာသီ ၂၃-အံသာ ၂၀-လိတ္တာ မှ ကုမ်ရာသီ ၆-အံသာ၄၀-လိတ္တာအထိကျယ်သော်လည်း ကောင်းကင်မှဓနသိဒ္ဓနက္ခတ်တည်နေရာသည် မကာရရာသီ ၁၇-အံသာတွင်ရှိ၍နယ်ပယ်နှင့် နက္ခတ်တည်နေရာ လွဲနေသည်ကို သတိမူရန်
လိုအပ်ပါသည်။

သူရိယသိဒ္ဓန္တကျမ်း(၁),(၂),(၃)တို့၌ဓနသိဒ္ဓနက္ခတ်တည်နေရာကို ၂၈၇-အံသာ ၁၄ လိတ္တာ နှင့် ၂၈၇-အံသာ ၁၆လိတ္တာဟု အသီးသီးဖော်ပြထားသည်ကိုတွေ့ရပါသည်။ထို့ကြောင့် “ဆီးနှင်း မြူ တိမ် သူရိန် မီးခိုး ” ဟူသော ညစ်မျိုး ငါးဝ ကင်းစင်သောအချိန်များ၌ ကောင်းကင်ရှိ နက္ခတ်၂၇-လုံးတည်နေရာကို တိကျလုနီးပါးတိုင်းတာနိုင်ခဲ့သည်။နောက်ဆုံးတွေ့ရှိချက်ကား ဆရာကြီးဦးကျော်ငြိမ်း၏မူကသာလျှင်မှန်ကန်ကြောင်းတွေ့ရှိခဲ့ရလေသည်။

မဟာဝေဒဗ္ဗမန္တန်တော်ကြီးကိုရွတ်ဖတ်ကြမည့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့အနေဖြင့် ၂၈-၁၁-၂၀၂၂ တနင်္လာနေ့ ည ၂၂:၅၄:၀၃ နာရီ သို့ရောက်သော အခါသမယဝယ် စန်း ခေါ်လမင်းနှင့် ဓနသိဒ္ဓ(အမြင်နက္ခတ်) တို့ ရာသီစက်ဝန်း၏ ၂၈၇ အံသာတွင်အတိအကျဆုံတွြေ့ကမည်ဖြစ်၍ ထိုအချိန်ဝယ်ရွတ်ဖတ်ကြမည်ဆိုလျှင် အကျိုးများမည်ဖြစ်ကြောင်းနှင့်ကိုယ်တိုင်လိုက်နာ၍အကျိုးရှိခဲ့ကြောင်းတင်ပြလိုက်ပါသည်။
( အနည်းဆုံး ၉ ခေါက်ရွတ်ပါ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
” ဓနသိဒ္ဓနက္ခတ်အပေါ်မွန်းတည့်မျဉ်းဖြတ်ချိန် ”
+++++++++++++++++++++++++++
ဓနသိဒ္ဓနက္ခတ်သည် ကမ္မဘာဝမွန်းတည့်မျဉ်းပေါ်
(၁) ရက်လျှင် တစ်ကြိမ်ဖြတ်သန်းလေ့ရှိသည်။ ယခင်က
ဓနသိဒ္ဓနက္ခတ်နှင့် စန်းယှဉ်သောနေ့တွင်လည်း သက်
ဆိုင်ရာမြို့ရွာအလိုက်မွန်းတည့်မျဉ်းပေါ် ဓနသိဒ္ဓနက္ခတ်
ဖြတ်သန်းချိန်ကို တွက်ချက်ပေးထားပါသည်။
အမှန်စင်စစ်ကား မြန်မာနိုင်ငံအတွက် ဓနသိဒ္ဓနက္ခတ်နှင့် စန်းယှဉ်ချိန်ကို အထက်တွင်ဖော်ပြပြီးသည်ဖြစ်
၍ ထိုအချိန်ကိုသာရွတ်ရန်လိုအပ်ပြီး မြို့ရွာအလိုက်မွန်းတည့်မျဉ်းပေါ် စန်းဖြတ်ချိန်ကို ရွတ်ဖတ်ရန်မလိုအပ်ချေ။
နောင်တွင်အမှားကိုအမှန်ထင်မည်ကိုစိုးရိမ်ပါသဖြင့် ဤကဏ္ဍကိုချန်လှပ်တော့မည်ဖြစ်ပါသည်။

ရေးသားသူ – ပါမောက္ခဒေါက်တာရွှေမင်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။