သီချင်းပြန်ဆိုတာ မူးရူးပျော်ပါးသူတွေကိုဖျော်ဖြေဖို့ မဟုတ်ဘူးဆိုတဲ့ အဆိုတော်ဖြူဖြူကျော်သိန်း

Celebrity Local News
သီချင်းပြန်ဆိုတာ မူးရူးပျော်ပါးသူတွေကိုဖျော်ဖြေဖို့ မဟုတ်ဘူးဆိုတဲ့ အဆိုတော်ဖြူဖြူကျော်သိန်း

အဆိုတော်ဖြူဖြူကျော်သိန်းလို့ ပြောလိုက်တာနဲ့ မြန်မာပြည်မှာမသိသူမရှိသလောက်ရှားပါးတဲ့ နိုင်ငံကျော်အဆိုတော်တယောက်ဖြစ်ပါတယ်။ တမူထူးခြားတဲ့ ဖျော်ဖြေတင်ဆက်ပုံတွေနဲ့ အသံပါဝါကောင်းကောင်းနဲ့သီဆိုဖျော်ဖြေနိုင်တာကြောင့် ပရိသတ်ကြား အချိန်အတန်ကြာသည်အထိ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့နာမည်ကျော် အဆိုတော်တယောက်ပါ။ ၂၀၂၁ နောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေလုံးဝရပ်နားပြီး ကျန်းမာရေးကိုပြန်ဂရုစိုက်နေရတာဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ သူမ ရှိုးပွဲတွေပြန်လည်သီဆိုဖြစ်တဲ့အကြောင်းရင်းကို ပြန်လည်ပြောပြပေးလာခဲ့ပါတယ်။ ဖြူဖြူက “တစ်ပွင့်တည်း…ဒါပေမယ့် နှင်းဆီ…
ဖြူဖြူလည်း ပွဲတွေ ပြန်ဆိုနေပြီလားတဲ့ မေးလာတယ်။
အင်းလေ…သူများတွေပြောသလိုပဲပေါ့၊ အဆိုတော်ပဲ သီချင်းပဲ ဆိုတတ်တာ၊ သီချင်းပဲဆိုမှာပေါ့လို့

ဒါပေမယ့်…
ကိုယ်ဆိုနေတဲ့ပွဲတွေဟာ ပြည်သူ့သွေးတွေစိုစွတ်နေတဲ့မြေက ငိုကြွေးသံတွေကို ဖုံးဖို့လုပ်တဲ့ပွဲတွေ မဟုတ်သလို၊ မူးရူးပျော်ပါးသူတွေ ကြည့်တဲ့ပွဲတွေလည်း မဟုတ်ဘူး။
ကိုယ်အောင်မြင်ဖို့ကြွယ်ဝဖို့အတွက် လုံးပန်းပြတဲ့ပွဲတွေ မဟုတ်သလို၊ ကိုယ့်နာမည်ကို မကောင်းတဲ့ရည်ရွယ်ချက်အောက် အသုံးချခံတဲ့ပွဲတွေလည်း မဟုတ်ဘူး။
ပြည်သူတွေရဲ့ငိုကြွေးသံကို မကြားဖူးသေးတဲ့သူတွေက တခုတ်တရ တကူးတက တန်ဖိုးထားပြီး လာနားထောင်ကြတဲ့ပွဲတွေ။

ပြည်သူတွေရဲ့ခံစားချက်ကို ထင်ဟပ်တဲ့ အချစ်သီချင်းမဟုတ်တဲ့ သီချင်းအသစ်တွေကို ဆိုပြရင်း သူတို့ရော ကိုယ်ပါ မျက်ရည်စတွေနဲ့…ဆိုတဲ့ ပွဲမျိုးတွေပေါ့။
စိတ်မပူပါနဲ့…
တစ်ညတစ်ည သိန်းဆယ်ချီလည်း မရသလို…တန်ဖိုးလည်းမကျပါဘူး။
ကမ္ဘာကျော်လည်း မဖြစ်နိုင်သလို…ဂရမ်မီလည်း မရနိုင်ပါဘူး။

ယူကရိန်း နဲ့ ဂါဇာ ပဲသိတဲ့ ကမ္ဘာကြီးပေါ်ကလူတွေကြား…မြန်မာပြည် ဆိုတဲ့နာမည်လေးကိုမှတ်မိသွားဖို့၊ အဲ့ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာကို အမှန်အတိုင်းသိသွားဖို့၊ အဲ့ဒီမြန်မာပြည်သူအများစုဟာ ယူကရိန်း နဲ့ ဂါဇာ ထက်မလျော့တဲ့ ဆင်းရဲဒုက္ခတွေကို အကူအကယ်မဲ့ နေ့စဉ် ရင်စည်းခါးစည်းခံနေကြရရှာတယ်ဆိုတာကို သဘောပေါက်သွားဖို့… သူတို့နားလည်မယ့် ဘာသာစကားတွေနဲ့ မနည်းကြိုးစားသင်ယူပြီး ပြောပြရသေးတာ။

ဒါပေမယ့်လေ…ဝမ်းသာစရာကောင်းတာတစ်ခုက…
သူတို့ဟာ မြန်မာပြည်အကြောင်းကို စိတ်ဝင်တစား နားထောင်ပေးကြတယ်…
မြန်မာပြည်သူတွေရဲ့ ငိုကြွေးသံကို ကြားသွားတဲ့အခါ ကိုယ်တဲ့အတူ ငိုကြတယ်….
အရင်က အမှုမဲ့အမှတ်မဲ့ သတိမထားခဲ့မိကြတာကို လာတောင်းပန်ကြတယ်…
မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးကြတယ်…
မြန်မာပြည်သူတွေနဲ့အတူ သူတို့ရှိနေပါ့မယ်လို့ အားပေးစကားပါးကြတယ်…
မသိသေးတဲ့သူတွေကို ဆက်ပြီး လက်ဆင့်ကမ်းပြောပြမယ်လို့ ကတိပေးကြတယ်…
မြန်မာပြည်ရဲ့ update true news တွေကို follow လုပ်ပေးကြတယ်…
ကိုယ့်ရဲ့ ရွေးချယ်ရပ်တည်မှုကို ဝမ်းနည်းဝမ်းသာ တန်ဖိုးထားအားပေးကြတယ်…

ပုံလေးတွေကတော့…
မြို့လေးတစ်မြို့ရဲ့ ၅ ညဆက်တိုက် ကျင်းပတဲ့ ခရစ္စမတ် နဲ့ နှစ်သစ်အကြို Jazz Concert ပွဲတော်မှာ မြန်မာပြည်သူတွေရဲ့ငိုကြွေးသံတွေကို သီချင်းတွေနဲ့တင်ဆက်ခဲ့စဉ်က အမှတ်တရလေးတွေပေါ့…
ဝတ်စုံလေးတွေကတော့ ကိုယ့်ပရိသတ်တွေမြင်ဖူးပြီးသား အဟောင်းလေးတွေပဲ ဝတ်ဖြစ်ပါတယ်၊ အသစ်မှ မချုပ်နိုင်သေးတာ…”ဆိုပြီးသူမတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ ခံစားချက်တွေကိုပြောပြပေးလာခဲ့ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။