ထိုင်ဝမ် ရွေးကောက်ပွဲ တရုတ် မလိုလားတဲ့ ဝီလျံလိုင် အနိုင်ရ

International News
ထိုင်ဝမ် ရွေးကောက်ပွဲ တရုတ် မလိုလားတဲ့ ဝီလျံလိုင် အနိုင်ရ

ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP) က သမ္မတလောင်း ဝီလျံလိုင်ဟာ ဆန္ဒမဲများစွာနဲ့ အခြားပြိုင်ဘက်နှစ်ဦးအပေါ် အသာစီးရပြီး သူဟာ ဆန္ဒမဲ ငါးသန်းကျော် ရတဲ့ ပထမဆုံးသမ္မတလောင်းလည်းဖြစ်တယ်လို့ ဒေသဆိုင်ရာရုပ်သံဌာနတွေ ဖော်ပြထားပါတယ်။

DPP က ဝီလျံလိုင်ကို တရုတ်က ပြဿနာရှာသူလို့သတ်မှတ်ထားပြီး သူ့ကို မဲမပေးကြဖို့ တိုက်တွန်းထားပါတယ်။

အဓိကအတိုက်အခံ ကူမင်တန်ပါတီက ဟူးယုယီက ရှုံးနိမ့်မှုကိုလက်ခံပြီး DPP မှ သမ္မတလောင်း ဝီလျံ လိုင်ကို ချီးကျူးစကားပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။
ဟူးယုယီဟာလည်း ဆန္ဒမဲ ရာခိုင်နှုန်း ၃၀ ကျော်နဲ့ ဒုတိယ လိုက်ခဲ့ပါတယ်။
လိုင်ကတော့ တရုတ်နဲ့ကင်းကင်းရှင်းရှင်းဆက်ဆံမယ်လို့ ပြောဆိုထားပြီး၊ ကူမင်တန်ပါတီကတော့ တရုတ်နဲ့ဆက်ဆံရေးပိုပြေလည်အောင်လုပ်မယ်၊ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းစေရမယ်လို့ ကတိပြုထားပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် ထိုင်ဝမ်မဲဆန္ဒရှင်တွေကတော့ တရုတ်ထက် စီးပွားရေးနဲ့ပတ်သက်ပြီး ပိုစိတ်ဝင်စားနေကြပါတယ်။

ထိုင်ဝမ်ရွေးကောက်ပွဲကို ဇန်နဝါရီ ၁၃ ရက်မှာ ပြုလုပ်ခဲ့ပြီး ဒေသဆိုင်ရာစံတော်ချိန် ညနေ ၆ နာရီ မဲရုံ ၉၀ ကျော်က မဲတွေကို ရေတွက်ခဲ့ပြီးဖြစ်တယ်လို့ ဗဟိုရွေးကောက်ပွဲကော်မရှင်ရဲ့ တိုက်ရိုက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်ချိန်တည်းမှာပဲ လွှတ်တော်အမတ်နေရာ ၁၁၃ နေရာအတွက်လည်း မဲပေးခဲ့ကြပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။