ရှစ်ခုစားဗေဒင်ဟောကိန်း

Astrology
ရှစ်ခုစားဗေဒင်ဟောကိန်း

ကျွန်တော် အခုတစ်ခါ မိတ်ဆွေတို့ကို ပြောပြမှာကတော့ ရှစ်ခုစား ဗေဒင်ဟောကိန်းမှာ မွေးဖွားသည့် မြန်မာသက္ကရာဇ်ကို (၈)ဖြင့်စားပြီး ရရှိသည့်အကြွင်းကို မူတည်ကာ ဟောကိန်းထုတ်သည့်နည်း ဖြစ်ပါသည် ။

တွက်နည်းမှာ လွယ်ကူသော်လည်း တိကျ မှန်ကန်မှုရှိသည် ။ လူများစွာတွက်ချက်ပြီးသုတေသနပြု၍ ကြည့်ရာ၌ အံ့ဩစရာမှန်ကန်နေသည်ကိုတွေ့ရ၏ ။

နမူနာ- မြန်မာသက္ကရာဇ် ၁၃၀၇ ခုနှစ်တွင်မွေးဖွားသူကို တွက်ချက်ပါက-
၁၃၀၇ ÷ ၈ = အကြွင်း (၃)ရ၏။ ဤတွင်အကြွင်း( ၃ )ဟောကိန်းကို ဖတ်ကြည့်နိုင်ပါသည်။

မြန်မာသက္ကရာဇ် မသိသူများအတွက် ခရစ် သက္ကရာဇ်ကို မြန်မာသက္ကရာဇ်ပြောင်းနည်းမှာ ဇန်နဝါရီလ (၁)ရက်နေ့မှ ဧပြီ (၁၆) ရက်အထိ မွေးဖွားသူများကို ခရစ်သက္ကရာဇ်မှ(၆၃၉)နုတ်ပါက မြန်မာသက္ကရာဇ်ရမည်။

ဧပြီ (၁၇) ရက်မှ ဒီဇင်ဘာ (၃၁) ရက်အတွင်း မွေးဖွားသူများကို ခရစ်သက္ကရာဇ်မှ (၆၃၈) နှုတ်ပါက မြန်မာသက္ကရာဇ်ရပါမည်။

နမူနာ ။ ။ ၁၉၄၅ ခုနှစ်၊ ဇွန်လတွင် မွေးဖွားသူ ကို တွက်ချက်ပါက-
၁၉၄၅- ၆၃၈= ၁၀၃၇ (မြန်မာသက္ကရာဇ်) ကို ရရှိမည်။

“အကြွင်း(၁)အတွက် ဟောကိန်း”

ကတိတည်ကြည်၍ သစ္စာရှိသူဖြစ်သည်။ မိမိ၏လိုအင်ဆန္ဒ ပြည့်၀ရန်အတွက် မဖြစ်မနေ ဝီရိယ စိုက်ထုတ်တတ်သူဖြစ်၏။ စိတ်တို၍ဒေါသ ကြီးမည်။ သူတစ်ပါးကို အနစ်နာခံ၍ ကူညီဆောင် ရွက်တတ်သည်။ မျက်နှာလို မျက်နှာရလုပ်ခြင်းကို မနှစ်သက်တတ်။ မိမိအလုပ်ကိုမိမိ မှန်မှန်ကန်ကန် လုပ်တတ်ပြီး လူတိုင်းနှင့်ရောနှောရန် ဆန္ဒမရှိတတ် ပေ။ ငွေကြေးသုံးစွဲရာတွင် စည်းစနစ်ကျနပြီး တိကျ မှုရှိမည်။ ကျောင်းပညာရေးထက် လက်တွေ့ဘ၀မှ ရရှိသောပညာကို ပို၍မြတ်နိုးတတ်သည်။

အတ္တနှင့် ပရ မျှတမှုရှိမည်။ ရပ်ကျိုး ရွာကျိုး၊ နိုင်ငံအကျိုး ဆောင်ရွက်တတ်မည်။ မိသားစု၊ ဆွေမျိုးနှင့်မိတ်ဆွေ တို့အတွက်ကူညီဆောင်ရွက်တတ်သည်။စည်းကမ်း ကြီးမည်။

မည်သည့်ကိစ္စတွင်မဆို ဦးစီးခေါင်းဆောင် လုပ်ရတတ်သည်။ သူတစ်ပါးလုပ်သည်ထက် မိမိ ကိုယ်တိုင်လုပ်ရခြင်းကို ပို၍နှစ်ခြိုက်တတ်၏။ သူတစ်ပါးလက်အောက်တွင် လုပ်ကိုင်ရပါကလည်း တာဝန်ကျေသောကြောင့့်အဆင်ပြေ၍နာမည်ရ မည်။ ဆန်းသစ်တီထွင်သောလုပ်ငန်းများကြောင့် ကြီးပွားနိုင်မည်။

အာမခံပစ္စည်းတစ်စုံတစ်ရာမရှိဘဲ ငွေချေးခြင်း၊ ငွေကြေးကိစ္စ သူတစ်ပါးကို အာမခံပေး ခြင်းတို့ကြောင့် အကျိုးမရှိဘဲ ဆုံးရှုံးနိုင်မည်။ ငွေ ကြေးကို ကုန်သင့်မှအကုန်ခံလိုစိတ်ရှိလိုသော်လည်း စည်းကမ်းရှိရှိသုံးစွဲသည့်ကြားမှ အကုန်အကျများနေ ကာ ပထမအရွယ်တွင် မစုဆောင်းနိုင်ဘဲနေမည်။ ဒုတိယအရွယ်ကျမှ စုဆောင်းနိုင်ကာ အိုဇာတာပို၍ ကောင်းလာမည်။ လုပ်ငန်းကိုင်ငန်း တစ်သမတ် တည်းမနေဘဲ သုံးလေးကြိမ်မကပြောင်းလဲမှုရှိမည်။

အသက်ကြီးပိုင်းတွင် ပြည့်စုံကြွယ်၀၍ ပူပင်စရာမရှိ ဘဲ အလှူအတန်းများပြုလုပ်နိုင်မည်။ အကြံပေးရ သောအလုပ်၊ ပညာရှင်၊ စက်ရုံစက်မှုလုပ်ငန်း၊ ဆေးဝါးနှင့်ကုန်သည်ပွဲစားလုပ်ငန်းများအကျိုးပေးမည်။

အချစ်ရေးတွင် ပထမချစ်သူ သို့မဟုတ် အိမ်ထောင်ဦး ကွဲကောင်းကွဲနိုင်သည်။ အိမ်ထောင် ဖက်နှင့်အယူအဆကွဲပြားမှုရှိတတ်သည်။အဖုအထစ် များရှိသော်လည်း အချစ်ရေး၊ အိမ်ထောင်ရေးတွင် ကံကောင်းစေသောအကြောင်းအရာများစွာရှိ၏။

ကျန်းမာရေးတွင် ရောဂါကြီးကြီးကျယ်ကျယ် မရှိဘဲ မျက်စိအားနည်းခြင်း၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဗိုက်နာလောက်သာဖြစ်မည်။နှလုံးအားနည်းတတ်ပြီး အဆစ်အမြစ်ကိုက်သည့်ရောဂါနှင့်အကြောတက်သည့် ရောဂါများ ဖြစ်နိုင်သည်။

ကံပိုမိုကောင်းမွန်စေရန်ပတ္တမြားနှင့်ကျောက်နီ ကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။ အံ့ဩစရာ ကောင်းလောက်အောင် ထူးထူးခြားခြားပြောင်းလj စေနိုင်သည့်အသက်အပိုင်းအခြား(၁၊ ၁၀၊ ၁၉၊ ၂၈၊ ၃၇၊ ၄၆၊ ၅၅၊ ၆၄၊ ၇၃၊ ၈၂ နှင့် ၉၁)နှစ်များဖြစ်ပါ သည်။

“အကြွင်း(၂)အတွက် ဗေဒင်ဟောကိန်း”

စိတ်ထဲတွင် ခံစားနေရသောအချက် ထုတ် ဖော်ပြောဆိုပြသရန် ခက်ခဲမည်။ အပြင်မှအကဲခတ် နိုင်ရန်မလွယ်။ စိတ်ခံစားမှုအပြင်ပန်း ပုံသဏ္ဍာန်ကွဲ ပြားမည်။ သနားကြင်နာတတ်သောစိတ်ထားရှိမည်။ စိတ်ကူးယဉ်တွေးခေါ်မှု များပြားနေပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ခဲယဉ်းမည်။ ပေါင်းသင်းဆက်ဆံရေးတွင် လူတစ်ယောက်ကို ဗြုန်းစားကြီး ခင်မင်ရန် ခဲယဉ်းသော်လည်း ခင်မင်မိ သောအခါ လှိုက်လှိုက်လှဲလှဲ စွဲမြဲစွာခင်မင်တတ် မည်။ မိမိသည်တည်ကြည်လေးနက်သူဖြစ်သည်နှင့် အညီပြောဆိုဆုံးမတတ်သောကြောင့် သူတစ်ပါးက အထင်ကြီးမှုရှိသော်လည်း အမြင်ကပ်နေပေလိမ့် မည်။ အစွန်းနှစ်ဖက် ဒွန်တွဲနေသောစရိုက်ကိုအရာ ရာတွင်တွေ့မြင်ရသည်။

သို့သော် မိမိသည်သတ္တိထူး များနှင့် စွမ်းရည်ပြည့်စုံသူဖြစ်ပေသည်။ ခြေကုန် လက်ပန်းဖြစ်ကာ စိတ်အားငယ်မှုများ တစ်ခါတစ်ရံ ဖြစ်ရတတ်သည်။ မိမိသည်အောက်ခြေသိမ်းအလုပ် များကိုလုပ်ကိုင်တတ်သည်။ သို့သော် မိမိနိုင်နင်း ကျွမ်းကျင်သောအလုပ်ကိုသာ လုပ်ကိုင်လိုသော ဆန္ဒရှိနေမည်။ ပညာရှာဖွေရာတွင်မူ အောက်ကျ သည်ဟူသောအယူအဆ မရှိဘဲ ထူးချွန်အောင် သူတစ်ပါးထက်ပို၍တော်အောင် လေ့လာသင်ယူမှု ရှိမည်။

ချစ်မှုရေးရာနှင့်အိမ်ထောင်ရေးတို့တွင် မိမိ ကသာ ထာ၀စဉ် မျှော်လင့်ရသော တစ်ဖက်သတ် ဆန်သည့်ဘ၀ကို ကြုံတွေ့ရတတ်၏။

ငွေရေးကြေး ရေးတွင် သူတစ်ပါးက ကူညီမစခြင်း၊ ထီပေါက်ခြင်း၊ အမွေရခြင်း စသည့်ကံကောင်းသောအချက်များကို ကြုံတွေ့ရမည်။အစုစပ်လုပ်ကိုင်ခြင်းတွင်အကျိုးမပေး နိုင်ပါ။ စရိတ်စကနည်းသည့် ဝန်ကျဉ်းသောလုပ်ငန်း များ၊ ခေတ်ပေါ်ပင်လုပ်ငန်းများကို လုပ်ကိုင်ခြင်းက ပိုမိုအောင်မြင်ပြီး အကျိုးရှိနိုင်သည်။ သွားသွားလာ လာ၊ လှုပ်လှုပ်ရှားရှား လုပ်ကိုင်ရသောလုပ်ငန်းများ နှင့်သာသင့်တော်သည်။ငွေကြေးကိစ္စတွင်ကံကောင်း မှုများစွာရှိမည်။ ကုန်သည်ပွဲစား၊ သင်္ဘောသား၊ ရှေ့နေ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း၊ ကော်မရှင် စားလုပ်ကိုင်ခြင်း၊ အစိုးရအမှုထမ်းဘ၀တို့နှင့်အကျိုး ပေးနိုင်သည်။
ကျန်းမာရေးတွင် အားနည်း၍မူးမော်ခြင်း၊ အဆုတ်အအေးပတ်မှု မကြာခဏဖြစ်တတ်ခြင်းတို့ ရှိနိုင်သည်။

မိမိအား ဆွဲဆောင်အား တိုးပွားပြီး ကံအခွင့်အလမ်း ပိုမိုသင့်စေရန်အတွက် ကျောက် မျက်ရတနာအဆောင်အဖြစ် ကျောက်စိမ်းနှင့်ပုလဲကို သုံးစွဲနိုင်သည်။

ဘ၀တွင် ထူးခြားသောအပြောင်း အလဲများကို အသက်(၂၊ ၁၁၊ ၂၀၊ ၂၉၊ ၃၈၊ ၄၇၊ ၅၆၊ ၆၅၊ ၇၄၊ ၈၃၊ ၉၂)နှစ်များတွင် ကြုံတွေ့ရ မည်။

“အကြွင်း(၃)အတွက် ဗေဒင်ဟောကိန်း”

စိတ်ခံစားမှုကို အဓိကထားတတ်သူဖြစ်ပြီး အမှန်တရားကို လိုလားပြီး ရှေ့တန်းတင်လွန်းသော ကြောင့် မကြာခဏ ပြဿနာများ ရင်ဆိုင်ရတတ် သည်။ စည်းကမ်းရှိရှိ နေထိုင်တတ်သော်လည်း ရှေးရိုးစွဲဝါဒကို လက်မခံဘဲ လွတ်လပ်မှုကို လိုလား တောင့်တသူဖြစ်၏။ ပုံသေမူဝါဒကို မနှစ်သက်ဘဲ ဆန်းသစ်တီထွင်မှုနှင့် သုတေသနပြုရန် ဝါသနာပါ သည်။

သူတစ်ပါးက ဆရာလုပ်သည်ကို လက်မခံ နိုင်။ သို့သော် အပြုသဘောဆောင်သော စေတနာ ဖြင့်ဆွေးနွေးမှုကိုသာ လက်ခံသည်။ သဘော ကောင်းခြင်း၊ သနားကြင်နာတတ်ခြင်း စသောစိတ် ထားများရှိသည်။ သူတစ်ပါးပြောသမျှ ခေါင်းညိတ် တတ်သောကြောင့် ဒုက္ခရောက်ရတတ်သည်။ စိတ် လွယ်သောကြောင့်သိက္ခာကျရတတ်သည်။ သံယောဇဉ်ကြီးကြီးထားတတ်သဖြင့် မကြာခဏ ဝမ်း နည်းပူဆွေးရတတ်၏။

သူတစ်ပါးကိုခင်မင်သံယောဇဉ်ထားလွန်းခြင်း၊ သနားညှာတာလွန်းခြင်း၊ အားနာမှုလွန်ကဲခြင်းတို့က မိမိဘ၀ကို ပြောင်းလဲ၍ပုံဖော်စေတတ်သည်။ ပညာရေးကို အထင်မကြီးတတ်၊ ငွေကြေးကိုလည်း အဓိကထားသူမဟုတ်။ သို့သော် သူတစ်ပါးလုပ် ဆောင်၍မဖြစ်သောအလုပ်မျိုးကိုမှ လုပ်ချင်တတ်သည်။ အကြွေးတင်မှာကို အထူးကြောက်တတ် သည်။

ဘ၀တစ်လျှောက်တွင် ကံဆိုးခြင်းနှင့်ကံ ကောင်းခြင်းတို့ ဒွန်တွဲနေတတ်ပြီး ဘ၀အနိမ့်အမြင့် အတက်အကျများတတ်၏။ငွေကြေးဆင်းရဲ ချမ်းသာမှုထက် စိတ်ချမ်းသာ မှုကိုဦးစားပေးသူဖြစ်ရာ ငွေကြေးကိုစုဆောင်းရန် ဝါသနာမပါသလို၊ အလွန်အမင်းလည်းမသုံးစွဲတတ်။ လူဖြောင့် စိတ်တိုသော၀သီရှိသဖြင့် အထက်လူကြီး များကို ဂရုမစိုက်ဘဲ တာဝန်ဝတ္တရားကိုသာဦးစားပေး တတ်သောကြောင့် ရာထူးနှင့်လွဲချော်ရတတ်သည်။ အမြဲလှုပ်ရှားနေသောဘ၀ဖြစ်ပြီး မိမိ၏လုပ်ကိုင် လှုပ်ရှားမှကြောင့် ကံကြမ္မာအတက်အကျဖြစ်လာရ တတ်၏။။

အချစ်ရေး၊ အိမ်ထောင်ရေးတွင် ကောင်းခြင်း၊ ဆိုးခြင်းမှာ မိမိအပေါ်၌သာမူတည်၍ဖြစ်ပေါ်သည်။ မိမိက အလေးအနက်ထားဆောင်ရွက်လျှင်သာယာ မှုရှိမည်ဖြစ်၍ မိမိက ဂရုမစိုက်ဘဲ ပေါ့ဆပါက သာယာမှုမရရှိနိုင်ပေ။ မိမိချစ်သောသူနှင့်လက်တွဲရ သော်လည်း ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမည်။ သီးခြားခွဲ၍ လွတ် လွတ်လပ်လပ်နေမှသာ အဆင်ပြေမည်။

ကျန်းမာရေးကောင်းသူဖြစ်ရာ အပယိကဖြစ် သော လေနာ၊ ဗိုက်နာ၊ ခါးနာ၊ ရင်နာနှင့်သွေးလေ မညီညွတ်သောကြောင့်ဖြစ်သည့်ရောဂါရရှိနိုင်သည်။

ရတနာအဆောင်ကောင်းမှာ ကျောက်စိမ်းနှင့်စိန်ဖြစ် ၏။ အသက် (၃၊ ၁၂၊ ၂၁၊ ၃၀၊ ၃၉၊ ၄၈၊ ၅၇၊ ၆၆၊ ၇၅၊ ၈၄၊ ၉၃)နှစ်များတွင် ထူးခြားသောဖြစ်စဉ် များ ကြုံတွေ့ရမည်။

အကြွင်း(၄)အတွက် ဗေဒင်ဟောကိန်း”

ဖြောင့်မတ်သူ၊ ရိုးသားသူဖြစ်သည်။ အရာရာ ကို စိတ်အေးလက်အေးဖြင့် ခေါင်းအေးအေးထား၍ ဆောင်ရွက်တတ်မည်။ မိမိ၏အလုပ်ကိစ္စကိုဇွဲရှိရှိနှင့် မဖြစ်မနေ ဆောင်ရွက်နိုင်သည်။ ပုံစံချ၍အကောင် အထည်ဖော်တတ်သည်။အလုပ်အကိုင်တွင်စေ့စပ် သေချာ၍ အောက်ခြေသိမ်းမှစပြီး အသေးစိတ်နား လည်မှုရှိသည်။ ပညာမာန် ထားရှိတတ်၏။ မိမိ အတွက်ထက် သူတစ်ပါးအတွက် ပိုမိုပူပင်မှုရှိပြီး အားနာမှုကြောင့် မိမိအကျိုးစီးပွားနစ်နာတတ်သည်။

အရာရာတွင် မိမိကိုယ်တိုင်လုပ်ရမှ စိတ်တိုင်း ကျနိုင်မည်။ အများနှင့်ရောနှောနေထိုင်ရခြင်းကို ကြိုက်နှစ်သက်၏။ အပျော်အပါးတွင် စိတ်ဝင်စားမှု ရှိသည်။ ပထမအရွယ်တွင် အပင်ပန်းအဆင်းရဲခံရမည်။ အကင်းပါးသူဖြစ်၍ လူကဲခတ်လည်းကောင်းမည်။ မနာလိုသူလည်း များမည်။ စီမံကိန်းဆွဲ၍ ဘ၀ကိုအကောင်အထည်ဖော် ဆောင်ရွက်တတ်မည်။

ပြဿနာတစ်ရပ်ရပ်ကိုအဖြေထွက်သည်အထိ အကောင်းဆုံး စဉ်းစားဖော်ထုတ်နိုင်စွမ်းရှိ၏။ ရေ ရှည်လုပ်ငန်းများအတွက် အကျိုးကျေးဇူးရရှိနိုင်မည်။ မမေ့ပျောက်နိုင်သော စိတ်ခံစားမှုတစ်ခုနှင့်ဘ၀တွင် ကြုံတွေ့ခံစားရမည်။အပေးအကမ်း ရက်ရောပြီး အသုံးအစွဲတွင် လက်ဖွာမည်။ တန်ဖိုးကိုမကြည့်ဘဲလိုချင်သောအရာကို ရအောင်ယူတတ်သည်။

လုပ်ငန်းစုံလုပ်ကိုင်နိုင်သော အရည်အချင်းရှိသူဖြစ်ရာ ရေရှည်စီမံကိန်းချ လုပ်ဆောင်ရသောလုပ်ငန်းများနှင့်သာသင့်တော်၍ အကျိုးပေးနိုင်မည်။

အချစ်ရေး၊ အိမ်ထောင်ရေးနှင့်ပတ်သက်၍ ငယ်ငယ်ရွယ်ရွယ်နှင့်အိမ်ထောင်ကျတတ်သည်။ အိမ်ထောင်ကျဖြစ်လျှင် သုံးလေးနှစ်အတွင်းကသီ လင်တဖြစ်ကာ ပင်ပန်းတကြီးရုန်းကန်ရတတ်သည်။ အိမ်ထောင်သက် ငါးနှစ်ကျော်မှသာအဆင်ပြေမည်။ မိမိနှင့်အိမ်ထောင်ဖက်တို့ နှစ်ဦးနှစ်ဖက် မိသားစုများ နှင့်လက်တွဲ၍ပူးပေါင်းနေထိုင်လျှင်စိတ်ညစ်ရမည်။ ကိုယ်တိုင် အိုးအိမ်ထူထောင်နေမှသာ အောင်မြင်ပြီး သာယာသောအိမ်ထောင်ရေးဘ၀ကိုတည်ဆောက် နိုင်၍ ပျော်ရွှင်ရမည်။ စီးပွားလည်းတိုးတက်ဖြစ်ထွန်းမည်။

ကျန်းမာရေးနှင့်ပတ်သက်၍မတော်တဆ ထိ ခိုက်မှု အနည်းငယ်ရှိနိုင်သည်။ နှလုံးရောဂါနှင့်အားနည်းသောရောဂါဖြစ်တတ်၍ စိတ်ကြောင့်ဥပဒ်ဖြစ်ကာ ကျန်းမာရေးကို ထိခိုက်နိုင်သည်။

မိမိအတွက် ကံကောင်းစေနိုင်သောအဆောင်ကောင်းမှာ စိန်၊ ကြောင်၊ နီလာနှင့်ဥဿဖရားတို့ဖြစ်၏။

ဘ၀တွင် ထူးခြားသောဖြစ်စဉ်ကိုဖြစ်ပေါ်စေ နိုင်သည့်အသက်အပိုင်းအခြားမှာ(၄၊ ၁၃၊ ၂၂၊ ၃၁၊ ၄၀၊ ၄၉၊ ၅၈၊ ၆၇၊ ၇၆၊ ၈၅၊ ၉၄)နှစ်များဖြစ်သည်။

“အကြွင်း(၅)အတွက် ဗေဒင်ဟောကိန်း”

ရိုးသားတည်ကြည်သူဖြစ်သည်။ အလုပ်လုပ် ကိုင်ရာတွင် စည်းစနစ်ကျန၍သေသပ်မှုရှိမည်။ အလုပ်နှင့်ပတ်သက်၍မာနထားရှိတတ်၏။ မိမိလုပ် ကိုင်သောအလုပ်ကို အများက အံ့ဩမှုရှိကြမည်။ သူတစ်ပါးကို အောက်မကျို့လိုသောစိတ်ရှိမည်။ အများနှင့်ဆက်ဆံရာတွင် ဖော်ရွေမှုရှိသူဖြစ်ပြီး ကျေးဇူးလည်းသိတတ်သူဖြစ်၏။ သူတစ်ပါးကို အလွန်အားနာတတ်သောကြောင့် မိမိရသင့်ရထိုက် သော အခွင့်အရေးကို အပြည့်အဝ မရရှိနိုင်ဘဲဖြစ် တတ်သည်။ အတွေးခေါင်တတ်ခြင်း၊ စိတ်တိုတတ် ခြင်း၊ သဝန်တိုခြင်း၊ ဇီဇာကြောင်တတ်ခြင်းစသည့် အားနည်းချက်များရှိတတ်သည်။

ပညာရေး ကောင်းမွန်တတ်သည်။ ပညာကို အရင်းခံ၍ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်လိုစိတ် ရှိမည်။ ငယ်ဇာတာ ညံ့သောကြောင့် အရာရာ ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံ၍ ကြိုးစားလုပ်ကိုင် ရတတ်၏။ ဘ၀ကို အောက်သက်ကျေပြီး ရုန်းကန် လာရသဖြင့် ဒုက္ခ၊ သုခ လောကဓံတရားကို ကောင်းစွာသဘောပေါက်နားလည်ကာ ခံနိုင်ရည် စွမ်းအား ပြည့်၀လာမည်။အသက်(၂၀)ကျော်လျှင် ဘ၀အကျိုးပေး ကောင်းသထက်ကောင်းလာမည်။

ပထမအရွယ်တွင် ငွေကြေးနှင့်ပတ်သက်၍ အခက်အခဲများစွာကို ရင်ဆိုင်ရသော်လည်း နောက် ပိုင်းတွင် အလုပ်အဆင်ပြေခြင်း၊ သူတစ်ထူး၏မ’စခြင်း၊ မိမိကိုယ်တိုင် စည်းစနစ်ရှိရှိသုံးစွဲခြင်းတို့ကြောင့် ဘ၀အဆင့်အတန်းတဖြည်းဖြည်းတိုးတက် ၍လာမည်။

ပညာရေးနှင့်ပတ်သက်သောလုပ်ငန်း ရပ်များတွင်လည်း အဆင်ပြေချောမွေ့နိုင်သည်။ ရှေ့နေ၊ တရားသူကြီး၊ ကျောင်းဆရာ၊ ဘဏ်လုပ် ငန်းများတွင် အောင်မြင်နိုင်သည်။ ဦးစီးခေါင်းဆောင် အဖြစ် အကျိုးရှိနိုင်သည်။ ဘာသာရေးတွင်လည်း စိတ်ဝင်စားမှုရှိမည်။

အချစ်ရေး၊ အိမ်ထောင်ရေးနှင့်ပတ်သက်၍ ဣန္ဒြေသိက္ခာနှင့်သမာဓိပိုး ပိုးသောအုံပုန်းချစ်သမား ဖြစ်နိုင်သည်။ မိမိကိုယ်တိုင် ဆုံးဖြတ်ပြီး ကြိုက်သောကြောင့်ယူပါက မိမိထက်အဆင့်အတန်းနိမ့်သော၊ ဂုဏ်ငယ်သောသူနှင့်ဆုံစည်းရတတ်သည်။ လူကြီးမိဘအုပ်ထိန်းသူများက မိမိအိမ်ထောင်ဖက်ကို ရွေးချယ်စီစဉ်ပေးလျှင် ကံကောင်းစေရန်အခွင့်အရေး ရရှိနိုင်သည်။

ကျန်းမာရေးနှင့်ပတ်သက်လျှင် သွေးလေးပြီး ထိုင်းမှိုင်းလေးလံနေတတ်သည်။ မူးမော်တတ်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်းများ ရှိနိုင်သည်။

ပုလဲသည် ကံကောင်းစေသော အဆောင်ရတနာကောင်းဖြစ်ပြီး ရွှေ၊ ငွေ၊ ပတ္တမြား၊ နီလာ၊ ကျောက်ဖြူ၊ဥဿဖရား တို့လည်း မိမိအတွက် ကံကောင်းစေနိုင်မည်။

ဘ၀တစ်လျှောက်တွင် အသက်(၅၊ ၁၄၊ ၂၃၊ ၃၂၊ ၄၁၊ ၅၀၊ ၅၉၊ ၆၈၊ ၇၇၊ ၈၆၊ ၉၅)နှစ်များ၌ ထူးခြားသော အပြောင်းအလဲများကို တွေ့ကြုံရ တတ်သည်။

“အကြွင်း(၆)အတွက် ဗေဒင်ဟောကိန်း”

စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်သည်။သို့သော်အလွန် ခေါင်းမာ၍ ပြတ်သားသောကြောင့် အမှားအယွင်း များနှင့်ကြုံတွေ့ရတတ်မည်။ သဘောကောင်းလျှင် လွန်စွာကောင်းတတ်သည်။ ကိုယ်လုပ်ချင်ရာကို လုပ်ရမှကျေနပ်သည်။ ဆုံးဖြတ်ချက်တစ်ခုခုချပြီး ပါက မည်သူတားတား နောက်မဆုတ်ဘဲလုပ်တတ် သည်။ လုပ်ချင်ရာမလုပ်ရလျှင် မကျေမချမ်းဖြစ်ကာ ဖြေမရနိုင်ဘဲဖြစ်တတ်သည်။ မည်သူ့ကိုမျှမတိုင်ပင်ဘဲ မပြောမဆို တဇွတ်ထိုး အရမ်းလုပ်တတ်မှုကြောင့် ဘ၀တွင် ဝမ်းသာစရာ၊ ဝမ်းနည်းစရာများ ကြုံရတတ်သည်။ စိတ်ညစ်စရာ၊ စိတ်လှုပ်ရှားစရာ ဖြစ်ရပ်များ ဘ၀ကို ပုံရိပ်ထိုး၍နေတတ်၏။

ဖြတ်ထိုးဉာဏ် အလွန်ကောင်းမွန်ပြီးတိုးတက် သော ခိုင်မာသည့်အယူအဆ စွဲကိုင်ကာ မကုန်နိုင် မခန်းနိုင်သော အင်အားတစ်ရပ်ကို ပြည့်စုံသူလည်း ဖြစ်၏။ ဘ၀ရှေ့ရေးကို အလေးအနက်မထားဘဲ လောလောဆယ် လက်ငင်းပြဿနာကိုသာဖြေရှင်းရန် ဆန္ဒရှိတတ်၏။ ဘ၀ခရီးမှာ အနိမ့်အမြင့်၊ အတက်အကျများက စုန်ကာ၊ ဆန်ကာဖြစ်၍နေ မည်။ ရဲဝံ့၍စွန့်စားသော်လည်း လက်တွေ့တွင်မိမိ ယုံကြည်ထင်မြင်ရာကိုမည်သူ့ကိုမှမထောက်ထားဘဲ ဗြောင်ကျကျ ပြောဆိုလုပ်ကိုင်တတ်မည်။ စိတ်ကူး ပေါက်တိုင်း ထင်ရာမစိုင်းဘဲ စဉ်းစားဆုံးဖြတ်ပြီး ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်တတ်အောင် အလေ့ အကျင့်ထား၍ပြုမူမှသာ ဘ၀၏အောင်မြင်မှုကို ပိုမို မြန်ဆန်စွာရနိုင်မည်။

ငွေရေးကြေးရေးနှင့်ပတ်သက် လျှင် ကံကိုပုံချပြီးရောင့်ရဲတင်းတိမ်တတ်သည်။ သူ တစ်ပါးကို ငွေလွယ်လွယ်ပေးတတ်သည့်အကျင့် ကြောင့် မကြာခဏဆုံးရှုံးတတ်သည်။ ငွေတိုးချေးသောအလုပ်နှင့်မသင့်တော်ပါ။ လခစားအလုပ် အကျိုးမပေးဘဲ ကိုယ်ပိုင်လုပ်မှသာ အောင်မြင်မည်။ စည်းကမ်းတကျဖြင့် တိကျပြတ်သားစွာလုပ်ကိုင် လျှင် ဥစ္စာစည်းစိမ်နှင့်ပြည့်စုံပြီး အထူးချမ်းသာမည်။

အချစ်ရေးနှင့်အိမ်ထောင်ရေးတွင် လေးနက် သောအချစ်ရှိသော်လည်း ဇွတ်တရွတ်လုပ်ဆောင် မှုကြောင့် ပြဿနာများကြုံရတတ်သည်။ ကွဲကွာရန် မလွယ်ဘဲ အိမ်ထောင်ရေး ခိုင်မြဲမည်။ သေးငယ် သောအကြောင်းအရာများကြောင့် တစ်ယောက်ကို တစ်ယောက် အနိုင်ယူလိုစိတ်ဖြင့် တကျက်ကျက် စကားများရတတ်သည်။ တစ်ယောက်ကိုတစ် ယောက်နားလည်မှုရှိရန် ကြိုးစား၍သည်းခံစိတ်မွေး လျှင် သာယာသောအိမ်ထောင်ရေးဖြစ်လာမည်။

မိန်းမများအတွက် ကျန်းမာရေးတွင် မီးယပ် ရောဂါဖြစ်ရတတ်သည်။ အမျိုးသား၊ အမျိုးသမီးအား လုံး နှလုံး၊ ကျောက်ကပ်၊ အကြောအဆစ်ကိုက် သည့်ရောဂါဖြစ်တတ်သည်။

အဆောင်ကျောက်မှာ ရွှေ၊ ငွေ၊ စိန်၊ ကြောင်၊ နီလာ၊ ပုလဲတို့သင့်မြတ် သည်။ အသက် (၆၊ ၁၅၊ ၂၄၊ ၃၃၊ ၄၂၊ ၅၁၊ ၆၀၊ ၆၉၊ ၇၈၊ ၈၇၊ ၉၆)နှစ်များတွင် ထူးခြားမှုရှိမည်။

“အကြွင်း(၇)အတွက် ဗေဒင်ဟောကိန်း”

သစ္စာသမာဓိရှိသူ၊ ကတိတည်သူဖြစ်သည်။ ဖော်ရွေမှုရှိသော်လည်း လူတိုင်းနှင့်အပေါင်းအသင်း မဖြစ်နိုင်ပါ။ အပေါ်ယံလောက်သာ ဆက်ဆံပေါင်း သင်းမှုရှိမည်။ ဂုဏ်သိက္ခာရှိမှ လေးစားလောက်စရာ ကောင်းမှသာသဘောကျ၍ လှိုက်လှိုက်လှဲလှဲပေါင်း သင်းလိုစိတ်ရှိမည်။ သည်းခံလိုက်လျောတတ်မှု၊ လက်တွေ့ကူညီတတ်မှုတို့ကြောင့် ဆက်ဆံရသူမှာ မမေ့နိုင်အောင်ဖြစ်သွားရသည်။ မှတ်ဉာဏ်အလွန် ကောင်းခြင်း၊ အမှန်တရားကိုလိုလားခြင်း၊ သည်းခံ စိတ်နှင့်ပြည့်စုံခြင်း စသည့်အရည်အချင်းများကိုပိုင်ဆိုင်မည်။
မကြာခဏ ဆွပေးပါများပါက ဒေါသထွက် လာလျှင် ခြေလွန်လက်လွန်ဖြစ်တတ်သည်။ ဆရာ ဇာတာပါသူလည်းဖြစ်၏။ဘ၀တစ်လျှောက်တွင် အခက်အခဲ၊ အနှောင့်အယှက်နှင့်ရန်အပေါင်းကိုကြုံ တွေ့ရတတ်သော်လည်း ကျော်လွှားအောင်နိုင်မည်။ သူတစ်ပါးကို ဝေဖန်ပြောဆိုတတ်မှုကြောင့် အမြင် ကတ်ခံရပြီး ရန်များမည်။ အရာရာတွင် ကိုယ်တိုင် ကိုယ်ကျလုပ်ကိုင်ရမှ ကျေနပ်မည်။လျှို့ဝှက်လောကီ ပညာများ၊ ဂမ္ဘီရပညာရပ်များဝါသနာပါမည်။ တရား ထိုင်ခြင်း၊ ပုတီးစိပ်ခြင်းများရှိတတ်မည်။ အများ ကောင်းကျိုးလုပ်ဆောင်တတ်ခြင်း၊ ဇွဲရှိ၍အနစ်နာခံ တတ်ခြင်းများကြောင့် ရန်များပြီးထင်ရှားကျော်ကြားမည်။ ထင်ရှားသည့်အတိုက်အခံဇာတာရှင်လည်း ဖြစ်ပေသည်။

ငွေကြေးသုံးစွဲရာတွင် စည်းစနစ်မကျဘဲ ရ သလောက်သုံးပစ်တတ်မည်။ သို့သော် သုံးသ လောက်လည်း ရအောင်ရှာနိုင်စွမ်းရှိမည်။ ငွေတိုး ချေးလုပ်ငန်း အကျိုးမရှိပါ။ ဆန္ဒစောသဖြင့် အကုန် အကျများတတ်သည်။ ငွေရကံကောင်းသဖြင့် နည်း လမ်းအမျိုးမျိုးမှငွေရသော်လည်း အသုံးအစွဲကြောင့် မစုဆောင်းနိုင်ဘဲဖြစ်ရမည်။ အတတ်ပညာ၊ အသိ ပညာဖြင့်လုပ်ရသောလုပ်ငန်းများ၊ စက်မှုလက်မှု လုပ်ငန်းများနှင့်အောင်မြင်အကျိုးပေးမည်။ ဘ၀အ ဆင့်အတန်းမီ နေထိုင်ရနိုင်ပြီး အဆိုးရောအကောင်းပါ ထင်ရှားကျော်ကြားမည်။

အချစ်ရေးနှင့်အိမ်ထောင်ရေးတွင် စိတ်ချမ်း သာမှုရရှိမည်။ လက်ထပ်ပြီး ဆယ်နှစ်ကျော်သော အခါ သွေးအေးသွားပြီး သစ္စာတရား၊ အကြင်နာ တရားနှင့်ဘ၀ပေါင်းစပ်မှုကြောင့်သာ အိမ်ထောင်ကွဲ ကွာမှုမရှိနိုင်ဘဲ ဖြစ်ရမည်။

ကျန်းမာရေးကောင်းမွန်ရန်အတွက် လေ ကောင်းလေသန့်ရရှိသော နေရောင်ခြည်ရရှိသည့် နေရာတွင်နေထိုင်၍ အစားအသောက်မျှတအောင် စားသောက်သင့်သည်။ သို့မဟုတ်ပါကကျန်းမာရေး ညံ့နိုင်သည်။

ပုလဲ၊ နီလာ၊ ဂေါ်မုတ်၊ ရွှေတို့သည် အဆောင်ကောင်းများဖြစ်ပါသည်။ အသက်(၇၊ ၁၆၊ ၂၅၊ ၃၄၊ ၄၃၊ ၅၂၊ ၆၁၊ ၇၀၊ ၇၉၊ ၈၈)နှစ်များတွင် ထူးခြားမှုများစွာရှိမည်။

“အကြွင်း(၀)အတွက် ဗေဒင်ဟောကိန်း”

ကိုယ်အမူအရာ၊ နှုတ်အမူအရာ အစဉ်သွက် လက်ပြီး တက်ကြွနေမည်။အပျော်အပါးတွင်ဝါသနာ ရှိမည်။ စကားမပြောလျှင်မပြော၊ ပြောပြန်လျှင် လည်း သူများလိုက်မမီအောင်ဖြစ်မည်။ နားမလည် သောအရာမရှိအောင် အရာရာနားလည်နိုင်သည်။ သို့သော် တစ်ခုခုတွင်မှမပြီးဆုံးတတ်ပါ။ မဖြစ်မနေ လုပ်ဆောင်တတ်သောအကျင့်ရှိပြီး ဇွဲကောင်းသည်။ အလုပ်ဟူသမျှ ထက်ထက်မြက်မြက်လုပ်ကိုင်တတ် သော်လည်း အပင်ပန်းမခံနိုင်။ လွတ်လွတ်လပ်လပ် ဖြစ်သလိုနေထိုင်လိုစိတ်ရှိမည်။ သို့သော် လူအများ ကြားတွင် သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်တတ် မည်။ သံယောဇဉ် ခင်မင်မှုကြီးမားတတ်၏။ သံယောဇဉ်ကို အကြောင်းပြု၍ မြှောက်ပင့်သူများ၏ လိုလားသယောင်ယောင်စကားကိုအဟုတ်မှတ်ထင် မှုကြောင့်မိမိအကျိုးစီးပွားထိခိုက်နစ်နာရတတ်သည်။

ဘ၀ခရီး၌ စိတ်တုန်လှုပ်ချောက်ချားဖွယ်ရာ ဖြစ်ရပ်များ၊စိတ်ဝင်စားစရာကောင်းသောဖြစ်ရပ်များ၊ မမေ့ပျောက်နိုင်စရာဖြစ်ရပ်များ ကြုံတွေ့ရပေလိမ့်မည်။ မိမိ၏ပုံပန်းသဏ္ဍာန်မှာ ရွှင်ပျပြီး စည်းရုံးရေး ကောင်းသူတစ်ဦးဖြစ်ရာ ခင်မင်သူ များပြားပေလိမ့် မည်။

အချစ်ရေးနှင့်အိမ်ထောင်ရေးတွင် ငယ်ရွယ်စဉ် ၌ အိမ်ထောင်ကျတတ်သည်။နှစ်ဖက်သောမိသားစု အိမ်များတွင် ပူးပေါင်းနေထိုင်ပါက စိတ်ပျော်ရွှင်ရ မည်မဟုတ်။ မိမိတို့ကိုယ်တိုင် အိုးခွဲပြီး ထူထောင် နေထိုင်မှသာ ချစ်သူနှစ်ဦး ပိုမိုစည်းရုံးမှုရှိပြီး စိတ် ချမ်းမြေ့ကာ ဘ၀ခရီးတွင်အောင်မြင်မှုများပိုမိုရရှိမည်။

အလုပ်အကိုင်နှင့်ပတ်သက်သည့် ကံတရား မှာ ဆန်းကြယ်မှုရှိမည်။ မိမိကလုပ်ကိုင်ရသော် လည်း သူတစ်ပါးက နာမည်ရတတ်သလိုပင် သူတစ်ပါးကလုပ်ကိုင်ရပြီး မိမိကလည်း နာမည်ရနိုင် သည်။ အလုပ်တစ်ခုခုတွင် နှစ်အနည်းငယ်မျှသာ လုပ်ကိုင်သော်လည်း ရာထူးရတတ်ပါသည်။ ရာထူး တက်လွယ်သည်။

သို့သော် အလုပ်တစ်ခုတည်း မမြဲပါ။ မကြာခဏဆိုသလို အလုပ်အရွှေ့အပြောင်း ကိစ္စကြုံရတတ်သည်။ သို့သော် စီးပွားဖြစ်တတ်ပါ သည်။ မိမိပိုင်ဆိုင်သော ငွေကြေးများ ရုတ်တရက် ကုန်ဆုံးသွားတတ်ခြင်း၊ ရုတ်တရက်ဆိုသလို ငွေ ကြေးများစွာရရှိလာတတ်ခြင်းများကြုံရတတ်သည်။ ကံတရားကလည်း ရှိနေပြန်ပါသည်။

ကျန်းမာရေးနှင့်ပတ်သက်၍ နှလုံးအားနည်း ခြင်းနှင့်သွေးလေမညီညွတ်တတ်သောရောဂါများကို သတိပြုသင့်ပါသည်။

မိမိအတွက် အဆောင်ကောင်းမှာ စိန်၊ ပုလဲ၊ ဂေါ်မုတ်၊ ကျောက်ဖြူ၊ ကျောက်စိမ်းတို့ဖြစ်သည်။ ကျောက်စိမ်းမှာ ပို၍သင့်မြတ်သည်။

ထူးခြားမည့် နှစ်အပိုင်းအခြားများမှာ(၈၊ ၁၇၊ ၂၆၊ ၃၅၊ ၄၄၊ ၅၃၊ ၆၂၊ ၇၁၊ ၈၀၊ ၈၉)နှစ်များဖြစ်သည်။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။