ခက်ခက်ခဲခဲ ရုန်းကန်ပြီးရင် အောင်မြင်မှု ရလိမ့်မယ်

Astrology
ခက်ခက်ခဲခဲ ရုန်းကန်ပြီးရင် အောင်မြင်မှု ရလိမ့်မယ်

ဘဝမှာ အောင်မြင်ခြင်း၊ပန်းတိုင်ရောက်ခြင်းများအတွက် ကြိုးစားတဲ့အခါ ကံကောင်းသူတွေလို့ ပြောရမယ့် ပုဂ္ဂိုဟ်တွေက အလွယ်တစ်ကူရကြပေမယ့် အချို့သော ပုဂ္ဂိုဟ်များကတော့ ခက်ခက်ခဲခဲ ရုန်းကန်ပြီးရင် အောင်မြင်မှု ရတတ်ကြပါတယ်။ ဒီလိုခက်ခက်ခဲခဲ ရုန်းကန်ပြီးရတဲ့ အောင်မြင်ခြင်းတွေဟာ အထွဋ်အထိဖြစ်ပြီး ရေရှည်တည်တယ်လို့လည်းပြောရမှာဖြစ်တယ်။ တန်ဖိုးရှိတဲ့ အောင်မြင်ခြင်းပါဘဲ။ ဒီလိုအောင်မြင်ခြင်းကို လူလတ်ပိုင်း အသက် (၅၀) လောက်မှ ရရှိတတ်ကြတဲ့ သူတွေရဲ့ လက္ခဏာကို လေ့လာတဲ့အခါ နှလုံးလမ်းကြောင်းက ထွက်ပေါ်တဲ့ ကံလမ်းကြောင်းကိုတွေ့ရပါတယ်။

ဒီကံလမ်းကြောင်းဟာ သန့်ရှင်းနေမယ်ဆိုရင် လူလတ်ပိုင်းမှာ မိမိရဲ့ ညဏ်အား၊ဝိရိယအားတွေရဲ့ အသီးအပွင့်တွေကို ခံစားရတဲ့ အချိန်ရောက်လာလို့ပါဘဲ။ (နှစ်ခွနှလုံးလမ်းနဲ့ အကြည့်မမှားဖို့တော့ သတိထားရပါတယ်၊ နှလုံးလမ်းနှစ်ခွက အင်္ဂလိပ်အက္ခရာ ( Y ) ပုံစံခွဲထွက်နေတတ်ပြီး ယခု ကံလမ်းကြောင်းကတော့ နှလုံးလမ်းမှ ထောင်တက်နေတာမျိုးဖြစ်ပါတယ်၊ အတွေ့အကြုံကြီးတဲ့သူတွေကတော့ အလွယ်တကူ ခွဲနိုင်ပါတယ်)

သန်းခေါင်ကျော်ရင် အာရုံလာမယ်ဆိုတဲ့ ဒီလက္ခဏာအမှတ်အသားဟာ မိတ်ဆွေရဲ့ လက်ဖဝါးပြင်မှာပါရှိနေပြီဆိုရင်တော့ လူလတ်ပိုင်း အသက်(၅၀)ရောက်တာနဲ့ ဘဝတစ်သက်တာ စုဆောင်ခဲ့တဲ့ ပညာတွေ၊အတွေ့အကြုံတွေက မိမိကို အကျိုးပြုမယ့်အမှတ်အသားကောင်းဖြစ်ပါကြောင်းတင်ပြရပါတယ်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။