လေးညှင်းပွင့်ဖြင့် ငွေခေါ်နည်း

Astrology
လေးညှင်းပွင့်ဖြင့် ငွေခေါ်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လေးညှင်းပွင့်ဖြင့် ငွေခေါ်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လေးညှင်းပွင့်ဖြင့် ငွေခေါ်နည်း

ငွေခေါ်နည်းတွေထဲက တစ်ခုဖြစ်တဲ့လေးညှင်းပွင့်ကိုသုံးပြီး ငွေခေါ်နည်းလေးကိုဝေမျှပေးလိုက်ပါတယ်….ဒီနည်းလေးဟာ အရမ်းကိုရိုးရှင်းပြီးလုပ်ရတာလည်းလွယ်ကူပါတယ်….

လေးညှင်း ( clove) ကို ရပ်ကွက်ထဲက ကုန်ခြောက်ဆိုင် ၊ ကုန်စုံဆိုင်တွေလည်း အလွယ်တကူဝယ်လို့ရသလို ပရဆေးဆိုင်တွေမှာလည်းဝယ်လို့ရပါတယ်…
Ocean/ City Mart တို့မှာလည်းဝယ်လို့ရတာကြောင့်

ဒီနည်းလေးကိုရေးပေးဖြစ်တာပါ….နည်းလေးကတော့…. အရောင်းအဝယ်ကောင်းချင်သူများ / စျေးရောင်းနေသူများ
ပစ္စည်းတွေရောင်းမထွက်ပါက လေးညှင်းပွင့်လေးကို ပစ္စည်းတွေကြားမှာထားပေးပါ…..( အပွင့်အရေအတွက်မသတ်မှတ်ထားပါ)

တပတ် တစ်ခါတော့လုပ်ပေးပါ…ထင်မထားလောက်အောင်အရောင်းသွက်လာပါမယ်နော်….

online မှအရောင်းအဝယ်လုပ်နေသူများကတော့ လေးညှင်းပွင့်ကို လေးညှင်းပွင့်လေး 5 ပွင့်ကို အိတ်ထဲထည့်ကာ ဆောင်ထားပါ…မနက်တိုင်း အိတ်ဖြင့် ဖုန်းကိုပုတ်ကာ မိမိလိုရာဆုတောင်းပါ…အရောင်းအဝယ် ငွေကြေးလာဘ်လာဘတွေပွင့်ပါလိမ့်မယ်….

မိမိအိမ်ခြံမြေဆိုင်ခန်းမှာ လာဘ်ပိတ်နေတယ်လို့ထင်ရင်တော့ လေးညှင်းပွင့် ပြုတ်ရည်ဖြင့်သာ နေရာအနှံပတ်ဖြန်းပါတော့….ပြုတ်ရည်သာသုံးပါရန်….တလတစ်ကြိမ်လုပ်လို့ရပါတယ်….

ငွေဝင်ချင်ရင်တော့ ပိုက်ဆံအိတ်ထဲမှာ လေးညှင်းပွင့် 3 ပွင့်ထည့်ကာဆောင်ထားပါ….
စန်းကျနေတယ်ထင်ပါက လေးညှင်းပွင့်ပြုတ်ရည်နှင့်ခေါင်းလျှော်ပေးပါ….အနံစွဲတာမကြိုက်သူများကတော့ ပြီးရင်တော့ရေနဲ့ပြန်လျှော်ပေါ့နော်…..
စန်းကောင်းမှ လာဘ်ကောင်းတာမလို့ စန်းဟာလည်းအရေးကြီးလှပါတယ်….

လုပ်ရလွယ်တဲ့နည်းမလို့ လူတိုင်းလိုက်လုပ်ကြည့်ပါ
ယခုနည်းလေးကို မိမိနှစ်သက်ရာ နေ့ရက် အချိန်မှစပြီးလုပ်လို့ရပါတယ်….

ရေးသားသူ – Luna Tarot

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။