သစ်တခါးဆရာတော်ကြီးပြောတဲ့အဓိဋ္ဌာန်ပြု ကျင့်ကြံအားထုတ်သူများသတိထားဖွယ်ရာ အလှည့်ကြီး (၆)မျိုး

Astrology
သစ်တခါးဆရာတော်ကြီးပြောတဲ့အဓိဋ္ဌာန်ပြု ကျင့်ကြံအားထုတ်သူများသတိထားဖွယ်ရာ အလှည့်ကြီး (၆)မျိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အဓိဋ္ဌာန်ပြု ကျင့်ကြံအားထုတ်သူများသတိထားဖွယ်ရာ အလှည့်ကြီး (၆)မျိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဓိဋ္ဌာန်ပြု ကျင့်ကြံအားထုတ်သူများသတိထားဖွယ်ရာ အလှည့်ကြီး (၆)မျိုး

သိဒ္ဓိလိုင်း မဟိဒ္ဓိလိုင်း သမာဓိလိုင်း ဝိပဿနာ လိုင်းများကို ကျင့်ကြံ အားထုတ်ကြသော အချို့သော ပုဂ္ဂိူလ်များ တွေ့ကြုံရတတ်သည့် အလှည့် ကြီး (၆) မျိူးရှိဧ။်။ ၎င်းတို့မှာ –

(၁)နတ်လှည့် ။
(၂) သိုက်လှည့် ။
(၃) ဓာတ်လှည့် ။
(၄) ပရမတ်လှည့် ။
(၅) ရာဇလှည့် ။
(၆) ဝိဇ္ဇာလှည့် ။ ဆရာလှည့် စသည်တို့ပင်ဖြစ်လေသည် ။

အထက်တွင် ရေးသားဖေါ်ပြခဲ့သော အလှည့် ကြီး (၆)မျိုးထဲမှ တစ်မျိုးမျိုးနှင့်တွေ့ကြုံ ကာ လှည့် ခြင်း ခံရပါက မိမိကျင့်ကြံ အားထုတ် သော သမာဓိ အထွတ်အထိပ်သို့ မရောက်ဘဲ ချာချာလည်ကာ မပေါက်ရောက် မအောင်မြင်နိုင်တော့ပေ။

သို့ကြောင့် ဖြစ်နိုင်ပါလျက်နှင့်အလှည့်ထဲ ဝင်ပြီး မပေါက်ရောက် မအောင်မြင်ဘဲရှိပါက အချိန်ကုန်ပြီး အလဟဿ ဖြစ်ပါတော့ သည်။

မိမိအာရုံ တွင်သော် ၎င်း အကြားတွင် သော် ၎င်း မိမိယုံကြည်သောသူကသော်၎င်း မြှောက် ပြောသည့် အခါ အပြောဖြင့်ယုံပြီး အလှည့်ထဲဝင် သွားပါက အာ ရုံတွင် စွဲပြီး ပြန်ထွက်ရခက်လှဧ။်။

သို့ကြောင့် မိမိအလုပ် မိမိကျင့်ကြံအားထုတ်ရာ မှ တစ်ပါး မည်သည့်အရာကိုမျှ စိတ်မဝင်စားဘဲ ကိုယ့် အလုပ် သာယုံကြည်ပြီး ကျင့်ကြံအားထုတ် ကြစေ လို ပေသည်။

နတ်လှည့်

နတ် နှင့် နီးစပ်သူများက မည်သည့် နတ်မှန်း မသိ မြင်းဖြူရှင်လိုလို မဟ်ဝဏ္ဏလိုလို ကိုကြီး ကျော်လိုလို ဝင်ပူးပြီးပြောတတ်ကြဧ။်။

ထိုနတ်များက ဘယ်မှာမှန်းမသိ မိမိကိုယ်ကို သရဲ စီးနေမှန်းမသိ ပြိတ္တာစီးနေမှန်းမသိ ယုံလွယ်ကာလက်ခံမိလိုက်ံပါက ချာချာလည်ပြီး အာရုံမှမထွက်တော့ပေ။

မိမိကျင့်စဉ် အပေါ် အလေးမထားဘဲ နတ်ယုံနေပါ က အလှည့်ခံနေရပြီး သမာဓိ ပညာ မတက်တော့ ဘဲ လည်နေပေတော့သည်။

နတ်တွင်ဆုံး၍ နတ်လှည့်ခံရခြင်းကို နတ်လှည့်ဟုခေါ်သည်။

သိုက်လှည့်

သိုက် နှင့် နီးစပ်သူများကလည်း ဥစ္စာသိုက် လိုလို နဂါးသိုက် လိုလို ဒေးစွန်ပါ သိုက်ကလာ သလိုလိုသိုက် ပွဲလှုခိုင်းလိုက် နဂါးစာကျွေးခိုင်း လိုက် ဘယ် သိုက် ကို ပူဇော်လိုက် စသည်ဖြင့် သိုက် နှင့် နီးစပ် သူများ သိုက် ယုံသူများအား လှည့် ၍ပြောပြီး ယုံနေ မိပါက ကိုယ့် ကျင့် စဉ်ပျက်၍ သိုက်နောက်လိုက် သိုက် လှည့်သမျှ ခံရကာ လည်လျက် ကိုယ့်ကျင့်စဉ် သမာဓိ ပညာ အထွတ် အထိပ်သို့ မပေါက်ရောက်နိုင်တော့ပေ။ ထိုပုဂ္ဂိူလ်မျိူးသည် သိုက်လှည့်ခံရသူဖြစ်ဧ။်။

ဓာတ်လှည့်

တစ်ချို့ပုဂ္ဂိုလ်များကျပြန်တော့ ဘိုးမင်းခေါင်ဓာတ် ဘိုးဘိုးအောင်ဓာတ်ဟုဆိုကာဓာတ်စကားတွေ ပြောကြပြီး ဘာတွေပြောမှန်းမသိ။ “မင်းကဘိုးမင်းခေါင်ဆက် မင်းကဘိုးဘိုးအောင်ဆက်ကွ” ဟုဆိုသဖြင့် စိတ်ထဲတွင် ဘိုးမင်းခေါင်ကစောင့်ရှောက်သလိုလို ဘိုးဘိုးအောင်ကစောင့်ရှောက်သလိုလို ချာချာလည်ကာ ကိုယ့်ကျင့်စဉ်ကိုယ့်သမာဓိ အထက်သို့ မတက်ရောက်နိင်တော့ဘဲ ရပ်တန့်ကာရောက်ရှိနေသည့် အဆင့်တွင်သာ ပျော်နေမိပြီး ဓာတ်စီးနေပါက အထွတ်အထိပ်သို့ မပေါက်ရောက် မအောင်မြင်နိုင်တော့ပေ။ ထိုပုဂ္ဂိုလ်မျိူးသည် ဓာတ်စီးပြီးလှည့်ခြင်းခံရသော ဓာတ်လှည့်ခံရသူ ဖြစ်နေပါတော့သည်။ အမှန်တစ်ကယ်တော့ သိဒ္ဓိရှင် မဟိဒ္ဓိရှင်များသည် အငွေ့အာရုံသာပေးပြီး စောင့်ရှောက်တတ်ကြခြင်းဖြစ်ဧ။်။ မိမိအနေဖြင့်မေတ္တာပွား၍မေတ္တာပို့မှုသည်သာ အဓိကဖြစ်ပြီး ကို့အလုပ်ကို ပြီးမြောက်အောင် ကျင့်ကြံအားထုတ် လုပ်ဆောင်ရမည် ဖြစ်ပေသည်။

ပရမတ်လှည့်

ပရမတ်လှည့်ဟူသည် မိမိကျင့်ကြံအားထုတ်၍ သမာဓိအနည်းငယ်ရပါက ဝိပဿနာတရားပရမတ္ထ သစ္စာတရားများကို ပါးစပ်ကဟောနေပြောနေပြီး ကျင့်စဉ်လျှော့ချကာ ” ငါ ရနေပြီပရမတ္ထသစ္စာ သိနေပြီ ” ဟု ဆို၍ အလှည့်ခံရပြီး အတု အစစ် မခွဲခြားနိုင်တော့ဘဲ နားထင်သွေးရောက် ပရမတ်ရူး ရူးလျက် ပညာ သမာဓိအထွတ်အထိပ်သို့ မရောက်နိုင်တော့သည်ကိုပရမတ်လှည့်ဟု ခေါ်ဧ။်။

ရာဇလှည့်

တစ်ချို့ပုဂ္ဂိုလ်များသည် “ငါက ဟိုဘဝကအနော်ရထာမင်းကြီးဘဲ။ သာသနာပြုမင်းကြီးဘဲငါကတော့ဖြင့်ဘုရင့်နောင်မင်းတရားကြီး။ ငါကအလောင်းဘုရားကွ ” ဟု ဆိုကာ နောင်ဘဝမင်းဘဲဟူ၍ ေ့ပြာသမျှ ယုံသူများ မြှောက်ပေးသမျှ ယုန်ထင်ကြောင်ထင် ထင်မိပြီး မိမိဧ။် မဖြစ်သလောက် အားထုတ်မှုဖြင့် ပေါက်မြောက်အောင် မြင်နေပြီဟူသော အတွေးနှင့် ရှေးဘဝနောက်ဘဝများကို မျှော်တွေး၍ ပျော်နေတတ်ကြသည်။

ထိုသို့သောအလှည့်ခံရခြင်းကို ရာဇလှည့်(ခေါ်) မင်းလှည့်ဟု ခေါ်ဧ။်။ ယင်းသို့ အလှည့်
ခံနေရသော ပုဂ္ဂိုလ်တို့သည်လည်း ကိုယ့်ကိုယ်ကို အထင်ကြီး ဘဝင်မြင့်ကာ ထိုအလှည့်ကိုမကျော်လွှားနိုင်တော့ဘဲ ချာချာလည်ပြီး ခံနေရပါတော့သည်။

ဝိဇ္ဇာလှည့် / ဆရာလှည့်

ဝိဇ္ဇာလှည့်ဆိုသည်ကား ငါက ဘာဝိဇ္ဇာကြီးဖြစ်သွားပြီ။ ဘာတွေရနေပြီ ဘယ်လိုတွေ မြင်နေပြီ စိတ်ကြံတိုင်း ဖြစ်နေပြီဟု ဆိုပြီး ကိုယ့်ကိုကိုယ် ပါးစပ်က ဝိဇ္ဇာဟူသော အသုံးအနှုန်းကိုမချတော့သည့်သဘော။ ကိုယ်အမြဲကျင့်ရမည့်ကျင့်စဉ် အာစိဏ္ဏကံကုသိုလ်တွေကို မလုပ်တော့ဘဲ ဝိဇ္ဇာဟူ၍ ထင်ယောင်ထင်မှား ဖြစ်နေ
တတ်သည့် သဘောကို ဝိဇ္ဇာလှည့်ဟု ခေါ်သည်

ဆရာလှည့်ဆိုသည်ကား ရေးသမျှစာအုပ်တွေဖတ်ပြီး အကုန်လက်ခံ ယုံကြည်ပြီးလုပ်
ငါက ဘယ်ကမ္ဘာစစ်ကြီးတားလိုက်တာကွ။ဘယ်နိုင်ငံတွေကို ဘယ်လိုက ပစ်တင်လိုက်
တာကွ ငါက ရာထူးဘယ်အဆင့်ကွ ဟုဆိုပြီးပြောတိုင်း ရေးတိုင်းယုံကာ ဖြစ်နိုင်ခြေရှိသည်မရှိသည်ကို ဝေဖန်ပိုင်းခြား စဉ်းစားနိုင်ခြင်းမရှိတော့ဘဲ ပြောသမျှ ရေးသမျှများကို လက်ခံယုံကြည်နေမိသည်ကို ဆရာလှည့်ခံနေရခြင်းပင်ဖြစ်ဧ။်။ ရုန်းမထွက်နိုင်တော့ဘဲ လည်နေတတ်ပါသည်။

ထို့ကြောင့် သိဒ္ဓိ မဟိဒ္ဓိလိုင်းကိုသော်၎င်းသမာဓိ ဝိပဿနာလိုင်းကိုသော်၎င်း တက်လှမ်း
နေကြသော ပါရမီရှင်များသည် ရှေးဖြစ်စဉ်နောက်ဖြစ်စဉ် အတိတ် အနာဂတ်တို့ကို ပြန်လည်စဉ်းစား မတွေးတောတော့ဘဲ အထက်တွင် ရေးသားဖေါ်ပြခဲ့သော သစ်တံခါးဆရာတော် သတိပေးညွှန်ပြထားသည့် အလှည့်ကြီးများကို ရှောင်ရှား၍ ပစ္စုပ္ပန်တည့်တည့် မိမိဧ။်ကျင့်စဉ်ကို ရင့်ကျက်ထုံနေအောင် ကြိုးစားကြပါကုန်ဟူ၍ တိုက်တွန်းရေးသားလိုက်ရပါပေတော့သတည်း။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။