သမီးငယ်လေး မစ်မစ်တုန်ရဲ့ အရွယ်ရောက်လာပြီဖြစ်တဲ့ပုံရိပ်လေးတွေ ဝေမျှလာတဲ့ Rဇာနည်

Celebrity Local News
သမီးငယ်လေး မစ်မစ်တုန်ရဲ့ အရွယ်ရောက်လာပြီဖြစ်တဲ့ပုံရိပ်လေးတွေ ဝေမျှလာတဲ့ Rဇာနည်

ပရိသတ်ကြီးရေ အဆိုတော် R ဇာနည်ကတော့ နွေဦး တော်လှန်ရေးမှာ အားသွန် ခွန်စိုက် ပါဝင်ခဲ့တဲ့အတွက် ပုဒ်မ ၅ဝ၅(က) ထုတ်ပြန်ခြင်း ခံခဲ့ရပါတယ်။ ဒါကြောင့် ဘေး ကင်းရာသို့ တိမ်းရှောင်ရင်း အမေရိကားနိုင်ငံသို့ မိသားစု လိုက် ပြောင်းရွှေ့ခဲ့ရပါတယ်။ အခုချိန်မှာတော့ အဆိုတော် ဘဝကို စွန့်လွှတ်ပြီး ဆူရှီလိပ်တဲ့အလုပ်ကို လုပ်ကိုင် နေရ တာ ဖြစ်ပါတယ်။

အားလပ်ချိန်တွေမှာတော့ သူ့ရဲ့Youtube Channel မှ တစ်ဆင့် သီချင်းလေးတွေ တင်ပေး တတ်ပါသေးတယ်။ သူ့ ရဲ့ကလေးတွေကိုလည်း ပရိသတ်တွေက လွမ်းနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင်က R ဇာနည်ရဲ့ဇနီး ဝမ်းရဲ့လူမှု ကွန်ရက် စာမျက်နှာတွင် ဓာတ်ပုံတစ်ချို့တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ပရိသတ်တွေ့ မတွေ့ရတာကြာပြီ ဖြစ်သော သမီး အငယ်ဆုံးလေးရဲ့လက်ရှိပုံရိပ်လေးကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ အငယ်ဆုံးလေး မစ်မစ်တုန်ဟာ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပြီး မအေတူသမီးလေး ဖြစ်တာကြောင့် အရမ်းကို ချစ်စရာကောင်းနေတာ ဖြစ်ပါ တယ်။ ကဲ ပရိသတ်တွေလည်း R ဇာနည်တို့ မိသားစုလေးရဲ့ ပုံရိပ်လေးကို အားလုံး ကြည့်ရှုနိုင်စေဖို့ အခုပဲ တင်ဆက် ပေးလိုက်ပါပြီနော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။