ကန်ဒေါ်လာ ၃ ထောင်ကျော်တန်ဖိုးရှိ ထည့်တဲ့sandwich အိတ်ဒီဇိုင်း LV အိတ်

International News
ကန်ဒေါ်လာ ၃ ထောင်ကျော်တန်ဖိုးရှိ ထည့်တဲ့sandwich အိတ်ဒီဇိုင်း LV အိတ်

ပြင်သစ်နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ် Louis Vuitton က နွားဖြူသားရေနဲ့ ပြုလုပ်ထားတဲ့ အိတ်အသစ်ကို မကြာခင်က မိတ်ဆက်ခဲ့တာပါ။ အဲဒီအိတ်က sandwichထည့်တဲ့အိတ်ပုံစံမျိုးပါ။ ဇန်နဝါရီ ၄ ရက်နေ့က စတင်ရောင်းချခဲ့ပြီး LV ရဲ့ Men’s Creative Director လည်းဖြစ်တဲ့ အဆိုတော် ဖရယ်ဝီလျံက ဒီဇိုင်းဆွဲခဲ့တာပါ။ သူက sandwichထည့်တဲ့ စက္ကူအိတ်ကနေ စိတ်ကူးစိတ်သန်းယူပြီး ဆွဲခဲ့တာပါ။

ဒီအိတ်ကို LV ရဲ့ဈေးဝယ်အိတ်နဲ့ အတိအကျတူညီတဲ့အရောင်ကို သုံးထားပါတယ်။ Louis Vuitton စာသားအပြင် အပြာရောင်အိတ်ပိတ်လေးလည်းပါရှိပါတယ်။ အလျား ၃၀ စင်တီမီတာ၊ အမြင့် ၂၇ စင်တီမီတာနဲ့ အကျယ် ၁၇ စင်တီမီတာရှိပါတယ်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ထောင်ကျော် (၃၃၆၉) ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။