အိပ်ရာပေါ်မှာ လဲနေတာကြာပြီလား?

Astrology
အိပ်ရာပေါ်မှာ လဲနေတာကြာပြီလား?

ရောဂါတစ်ခုခုကြောင့် အိပ်ရာပေါ်မှာ တာရှည်လဲနေသူတွေကို တွေ့ဖူးမှာပါ။ လူနာမှာလည်း ရောဂါခံစားနေရ၊ အိမ်သားတွေမှာလည်း လူနာပြုစု နေရလို့ အချိန်ကုန်၊ လူပန်း၊ အိပ်ရေးပျက် ဖြစ်နေကြရ။ ကြာတော့ စိတ်ပျက်လာကြသည်။ စိတ်မရှည်ချင်တော့။ လူနာခများမှာလည်း “ဒီဝဋ်က ကျွတ်ချင်လှပါပြီ၊ သေပဲ မသေနိုင်ဘူး” ဟု လူလာလျှင် ညည်းညူပြသည်။

ထိုနာတာရှည် လူမမာများအတွက် ထူထူထောင် ဖြစ်စေသော ယတြာပေးပါမည်။ အကျိုးရှိမရှိကိုတော့ လက်တွေ့သာ စမ်းကြည့်ပါဟု ဆိုလိုက်ပါရစေ။

၁။ တနင်္ဂနွေသားသမီး လူမမာများအတွက်
ဇောင်းလျား၊ ဇလပ်၊ ဆလပ် ရရာ အရွက်တစ်မျိုးမျိုး (အရေအတွက်မရှိပါ) ကို ခူးယူ၍ လူနာအိပ်သည့် တင်ပါးအောက်တည့်တည့်တွင် ခင်းပါ။ အပေါ်မှ အိပ်ရာခင်းဖုံး နိုင်ပါသည်။
တစ်ပတ်ပြည့်လျှင် ယူ၍ အိမ်၏ တောင်အရပ်သို့ စွန့်ပစ်ရပါမည်။

၂။ တနင်္လာသားသမီး လူမမာများအတွက်
လက်ပံရွက်၊ ယင်းမာရွက်တစ်မျိုးမျိုးကို ခူးယူ၍ လူနာအိပ်သည့် တင်ပါးအောက်တည့်တည့်နေရာတွင် ခင်းပါ။ အပေါ်မှ အိပ်ရာခင်း ဖုံးနိုင်ပါသည်။
တစ်ပတ်ပြည့်လျှင်ယူ၍ အိမ်၏ အနောက်တောင်အရပ်တွင် စွန့်ပစ်ရပါမည်။

၃။ အင်္ဂါသားသမီး လူမမာများအတွက်
ပျဉ်းတော်သိမ်းရွက်တို့ကို ခူးယူ၍ ဖြစ်စေ၊ ဈေးမှဝယ်၍ ဖြစ်စေ ယူလာ၍ လူနာ၏ အိပ်ရာ လူနာတင်ပါးအောက်တည့်တည့်တွင် ခင်းပါး။ အပေါ်မှ အိပ်ရာခင်းဖုံးနိုင်ပါသည်။
တစ်ပတ်ပြည့်လျှင်ယူ၍ အိမ်၏ အနောက်ဘက်သို့ စွန့်ပစ်ရပါမည်။

၄။ ဗုဒ္ဓဟူးသားသမီး လူမမာများအတွက်
သနပ်ရွက်များကို လူနာအိပ်ရာ လူနာ၏တင်ပါး အောက်တည့်တည့်တွင်ခင်းပါ၊ အပေါ်မှ အိပ်ရာခင်းဖုံးနိုင်သည်။ တစ်ပတ်ပြည့်လျှင်ယူ၍ နေအိမ်၏ အနောက်မြောက်ထောင့်သို့ စွန့်ပစ်ရပါမည်။

၅။ ကြာသပတေးသားသမီး လူနာများအတွက်
အုန်းနှဲရွက်များကိုယူ၍ လူနာအိပ်ရာထက် လူနာ၏ တင်ပါးအောက်တည့်တည့် နေရာတွင် ခင်းထားပါ အပေါ်မှ အိပ်ရာခင်း ဖုံးထားနိုင်ပါသည်။ တစ်ပတ်ပြည့်လျှင်ယူ၍ အိမ်၏အရှေ့တောင်ထောင့် အရပ်တွင် စွန့်ပစ်ရပါမည်။

၆။ သောကြာသားသမီး လူမမာများအတွက်
အင်ကြင်းရွက်များကိုယူ၍ လူနာအိပ်ရာ၏ လူနာတင်ပါးအောက်တည့်တည့် နေရာတွင် ခင်းထားပါ။ အိပ်ရာခင်းဖုံးထားနိုင်ပါသည်။ တစ်ပတ်ပြည့်လျှင်ယူ၍ အိမ်၏ အရှေ့တောင်ထောင့်အရပ်တွင် စွန့်ပစ်ပါ။

၇။ စနေသားသမီး လူမမာများအတွက်

ကြက်ဆူရွက်များကိုယူ၍ လူနာအိပ်ရာ၏ လူနာတင်ပါး အောက်တည့်တည့်နေရာတွင် ဖြန့်ခင်းပါ။ တစ်ပတ်ပြည့်လျှင် အိမ်၏မြောက်အရပ်သို့ စွန့်ပြစ်ရပါမည်။
မှတ်ချက်။ ။ အရွက်များကို စွန့်ပစ်တိုင်း လူနာ၏ ရောဂါများ ဤရွက်ဟောင်းများနှင့် ပါသွားပါစေ၊ လူနာအမြန်ဆုံး ထူထူထောင်ထောင် ဖြစ်ပါစေဟု ဆုတောင်းရပါမည်။
အရွက်များလဲပြီးတိုင်း နောက်ထပ်အရွက်သစ်များကို လူနာကျန်းမာလာသည် အထိလဲလှယ် ခင်းပေးနိုင်ပါသည်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။