ဘာတွေဘယ်လိုခက်နေလဲ

Astrology
ဘာတွေဘယ်လိုခက်နေလဲ

“လူတစ်ခုပူမှုရယ်တဲ့ ဆယ်ကုဋေ”ဆိုတဲ့ မြန်မာစကားပုံရှိပါတယ် ။ဒီတော့ဘယ်သူမဆိုမွေးဖွားခြင်း နဲ့သေဆုံးခြင်းကြားမှာအပူသောကအမျိုးမျိုးကတော့လူမှုနယ်မြေအတွင်းတွေ့ကြုံနေကြရမှာပါပဲလေ ။အဲဒီလိုတွေ့ကြုံရင်ဆိုင်ရတဲ့ အခါမျိုးမှာအခက်အခဲအကြီး ၊အသေးအလိုက်အပူသောကမီးလျှံတွေလောင်မြိုက်ဝါးမြိုခြင်းခံရပါတော့တယ် ။

ခြေမကိုင်မိလက်မကိုင်မိနဲ့ဆောက်တည်ရာ ကင်းမဲ့စွာကယ်တင်ပေးနိုင်သူကိုရှာဖွေရပြန်တယ် ။ကူညီလို့ဖြေရှင်းပေးနိုင်တဲ့သူ ရှိသလိုကူညီလို့ဖြေရှင်းမရတဲ့အခက်အခဲတွေလည်းဖြေရှင်းကာလအပိုင်းအခြားအတွင်းမှာကြုံရတတ်ပါတယ် ။ဒီတော့ဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့ဘူး ။ပူထူနေပြီလေ ။

အခုလိုအခက်အခဲပြဿနာတစ်စုံတရာကြုံတွေ့ခဲ့ရင် ဒါမှမဟုတ် ကိုယ့်မိဘဆွေမျိုးအပေါင်းအသင်းတစ်ဦးဦးကြုံတွေ့ခဲ့ရင်အခုယတြာကိုမကြာခဏလုပ်ပေးပါ ။ကိုယ့်ဘက်ကမှန်ကန်မှုသာရှိပါစေ ။ကြုံတွေ့နေရတဲ့အခက်အခဲပြဿနာပြေလည်ငြိမ်းအေးသွားပါလိမ့်မယ်ဗျာ ။ပထမဆုံးညောင်ပင်ကြီးကြီး တစ်ပင်ကိုတွေ့အောင်ရှာပါ ။

တွေ့ပြီဆိုရင်တော့ထမင်းဖြူ(၇)ဆုပ်၊ထန်းလျှက်ခဲ(၇)၊ခဲနှင်းဆီပန်း(၇)ပွင့်နဲ့ရေချမ်း(၇)ခွက်ကိုအဲဒီညောင်ပင်ကြီးကြီးမှာနေတဲ့ညောင်ပင်စောင့်နတ်(ရုက္ခစိုး)အားရိုရိုသေသေလှူဒါန်းပူဇော်ပေးပါ ။ဦးမချရ ။လှူပြီးရင်အဲဒီညေါင်ပင်ကအပြစ်အနာအစာကင်းတဲ့ညောင်ရွက်တစ်ရွက်ကို
ရုက္ခစိုးနတ်ဆီခွင့်တောင်းပြီးခူးယူခဲ့ပါ ။အိမ်ပြန်ရောက်တဲ့အခါညောင်ရွက်ကိုပန်းမပါတဲ့ကြွေပန်းကန်ပြားအဖြူရောင်ပေါ်တင်ပါ ။

ပြီးရင်မြေစလောင်းဖုံး တစ်ချပ်ကိုညောင်ရွက်တင်ထားတဲ့ကြွေပန်းကန်ပြားပေါ်ပက်လက်အနေအထားတင်ကာဖယောင်းတိုင်မကြာခဏတင်ထွန်းပေးရင်းဆုတောင်းပေးပါ ။အဆင်ပြေသွားပါလိမ့်မယ် ။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။