နွားထိုးကြီးတွင် လက်ဖက်ရည်ဆိုင် စားပွဲထိုးနှစ်ဦး ဖမ်းဆီးthet ဖြတ်ခံရ

Local News

နွားထိုးကြီးတွင် လက်ဖက်ရည်ဆိုင် စားပွဲထိုးနှစ်ဦး ဖမ်းဆီးthet ဖြတ်ခံရ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နွားထိုးကြီးတွင် လက်ဖက်ရည်ဆိုင် စားပွဲထိုးနှစ်ဦး ဖမ်းဆီးthet ဖြတ်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


သွေးသောက်အမည်ခံအဖွဲ့ NLD ထောက်ခံသူများကို လာရှာရင်း အသက် ၂၀ အရွယ် လူငယ်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ thet ဖြတ်ပြီးနောက် အလောင်းများကို လမ်းမပေါ် စွန့်ပစ်ခဲ့သည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ယခုလ ၁၂ ရက်က လက်ဖက်ရည်ဆိုင်မှ စားပွဲ ထိုး လူငယ်နှစ်ဦး ဖမ်းဆီးthet ဖြတ်ခံရပြီး သွေးသောက်အမည်ခံအဖွဲ့၏ လက်ချက်ဖြစ်သည်ဟု မြို့ခံများက ဆိုသည်။

နွားထိုးကြီးမြို့ အမှတ်(၅) ရပ်ကွက်ရှိ ပန်းကံ့ကော် လက္ဘ်ရည်ဆိုင်ပိုင်ရှင် ကိုမျိုးကျော်ဆိုသူကို သွေးသောက်အမည်ခံထားသည့် အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးရာ မတွေ့ရှိသဖြင့် အသက် ၂၀ ဝန်းကျင်အရွယ် စားပွဲထိုး ၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် thet ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း
နွားထိုးကြီးမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

“ကလေးတွေက သူတို့ကို မဖမ်းပါနဲ့ စားပွဲထိုးတွေပါဆိုပြီး အော်ပြီး ပြောနေကြတာ အဲ့ဒါကို မျက်နှာစည်းပြီး ခေါ်သွားတာ။ မြို့အနောက်ဘက်ခြမ်းလောက်ရောက်တော့ thay နတ်သံ ကြားရပြီး မနက်ကျတော့ အလောင်းတွေကို လမ်းဘေးမှာ တွေ့တာပဲ” ဟု ၎င်းက ပြောသည်။

“ရက်ရက်စက်စက် thet ပစ်တာဗျ။ ဓားတွေနဲ့ လှီး၊ thay နတ်ဒဏ်ရာတွေလည်းတွေ့နဲ့ မြို့က အကုန်လုံး တုန်လှုပ် ခြောက်ခြားသွားတာပေါ့ဗျာ”

ယင်းနေ့ညမှာပင် ထိုသွေးသွောက်ဆိုသည့်အဖွဲ့သည် အမှတ်(၄) ရပ်ကွက်ရှိ မဝေကုန်စုံဆိုင်ကို ဝင်ရောက်ခဲ့ပြီး လူမတွေ့ရှိသည့်အတွက် နေအိမ်နှင့် ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

အဆိုပါ ကိုမျိုးကျော်နှင့် မဝေ ဆိုသူသည် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံအားပေးသူများဖြစ်ကြသည်ဟု မြို့ခံများက ပြောသည်။

နွားထိုးကြီးမြို့ပေါ်နေ မြို့ခံများကို ဖမ်းဆီးthet ဖြတ်ရန် ကြိုးပမ်းသူများသည် မြင်းခြံမြို့၌ ဖွဲ့စည်း ထားသည့် သွေးသောက်အမည်ခံ ပျူစောထီးအဖွဲ့မှဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူပေးထားကြောင်း ဆိုသည်။

ထိုပျူစောထီး အဖွဲ့ခေါင်းဆောင်သည် သီတာယုမွန် အမည်ရှိ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူးဖြစ်ကြောင်း နွားထိုးကြီးမြို့ခံ နှစ်ဦးက ပြောသည်။

“အဲဒီအမျိုးသမီးက ဘယ်လိုတောင် ပြောထားလဲဆိုရင် တော်လှန်ရေးအဖွဲ့တွေက သူတို့ ဒလန် တစ်ယောက်ကို thet ရင် ပြည်သူ ၅ ယောက်ကို ပြန်ပြီးthet ပြမယ်ဆိုပြီး ကြွေးကြော်ထားတာ” ဟု နွားထိုးကြီးမြို့ ဒေသခံ သတင်းရင်းမြစ် နောက်တစ်ဦးက ဆိုသည်။ထိုအမျိုးသမီးနှင့်ပတ်သက်၍ ပြောဆိုမှုများအပေါ် Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယခုလ ၄ ရက်ကလည်း NLD ပါတီ ထောက်ခံအားပေးသည့် နွားထိုးကြီးမြို့ ဒေသခံ ၄ ဦးကို စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် thay နတ်ဖြင့် ပစ်thet ကာ မြို့အရှေ့ဘက် ရှိ ဇေဒိတ်ရွာအနီး အလောင်းများ စွန့်ပစ်ထားခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းကလည်း ဒေသခံ ငါးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားရာ ရုပ်အလောင်းသာ ပြန်လည်တွေ့ရှိခဲ့သည်။

“မြို့ပေါ်လည်း ခြောက်ကပ်ပြီး ဆိုင်တွေလည်း မဖွင့်ရဲဘူး။ တောဘက်တွေ ပြေးကြနဲ့ ဘယ်လိုမှ မနေရဲ တော့ဘူး လိုက်thet နေတာလေ။ တော်တော်များများ ပြေးကုန်ပြီ။ လက်လုပ်လက်စားသမားကတော့ thay ကာမှ thay လေ နေရတာပေါ့” ဟု အထက်ပါ မြို့ခံက ဆက်ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်သူလူထုက NLD ပါတီ ထိပ်တန်းခေါင်းဆောင်များ၊ ပါတီဝင်များ၊ အားပေးဝန်းရံသူများကို နည်းမျိုးစုံသုံး၍ နှိပ်ကွပ်နေပြီး ထောင်ချခံနေရသူများရှိသည့်နည်းတူ အသက်သေဆုံးရသူများလည်း ရှိနေသည်။

NLD လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦးအပါအဝင် NLD ပါတီဝင် ၁၁၆၉ ဦး အဖမ်းခံထားရကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် ၂ ဦးအပါအဝင် ၆၇ ဦးမှာ စစ်တပ်က ဖမ်းထားစဉ် thay ဆုံးခဲ့ကြောင်း NLD က နိုဝင်ဘာ ၈ တွင် ထုတ်ပြန်ထားသည်။

သွေးသောက်အမည်သည် ပြီးခဲ့သည့်ဧပြီကုန်ပိုင်းတွင် ပေါ်ပေါက်လာပြီးနောက် မန္တလေးမြို့တစ်ဝိုက်တွင် NLD ပါတီဝင်များနှင့် ထောက်ခံသူများကို ဦးတည်thet ဖြတ်ခြင်းများ ပြုလုပ်လာရာ အthet ခံရသူ အနည်းဆုံး ၈ ဦး ထက်မနည်း ရှိခဲ့သည်။

ထိုအထဲတွင်မန္တလေးမြို့ စိန်ဝင်းဝင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင် NLD ရပ်ကျေးဥက္ကဋ္ဌနှင့် ဆွေမျိုးနီးစပ် NLD ပါတီ ဝင်တစ်ဦး၊ ပါတီထောက်ခံသူ ဦးသိန်းဌေးဦးနှင့် အခြားအမျိုးသားတစ်ဦး၊ မဟာအောင်မြေမြို့နယ် NLD အမတ် ၏ အစ်ကိုဖြစ်သူတို့ ပါဝင်နေသည်။

ထိုthet ဖြတ်မှုများတွင် သွေးသောက်အဖွဲ့အမည်ပါ လည်ဆွဲကတ်များ ထားခဲ့သော်လည်း နွားထိုးကြီးမှ လက်ဖက်ရည်ဆိုင် စားပွဲထိုးနှစ်ဦး အthet ခံရမှုတွင် လည်ဆွဲကတ် ပါမပါ မသိရပေ။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။