ယူကရိန်းစစ်သုံ့ပန်းတွေပါတဲ့ ရုရှားစစ်တပ်ပို့ဆောင်ရေးလေယာဥ်ပျက်ကျ

International News
ယူကရိန်းစစ်သုံ့ပန်းတွေပါတဲ့ ရုရှားစစ်တပ်ပို့ဆောင်ရေးလေယာဥ်ပျက်ကျ

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့လေယာဥ်ပျက်ကျချိန်ရုပ်သံက မြင်ကွင်း

ယူကရိန်းစစ်သုံ့ပန်းတွေပါဝင်တဲ့ ရုရှားစစ်တပ် ပို့ဆောင်ရေးလေယာဥ် Ilyushin-76 တစ်စီးဟာ ယူကရိန်းနိုင်ငံနဲ့နယ်စပ် ရုရှားတောင်ပိုင်းက ဗြဲဂရောဒေသမှာ ပျက်ကျခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ဗြဲဂရောကို ဦးတည်သွားနေတဲ့အဲဒီလေယာဥ်ပေါ်မှာ ဖမ်းဆီးခံ ယူကရိန်းစစ်သား ၆၅ ဦးလည်း ပါဝင်ပြီး အကျဥ်းသားလဲလှယ်ဖို့ တင်ဆောင်လာတာလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ လေယာဥ်ပေါ် ပါသူတွေရဲ့အခြေအနေ အသေးစိတ်ကို သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ရုရှားသတင်းဌာန ရီယာ နိုဗိုစတီ ကတော့ လေယာဥ်ပေါ်မှာ လေယာဥ်အမှုထမ်း ၆ ဦးပါအဝင် လူ ၉ ဦးလည်း ပါဝင်တယ်လို့ သတင်းဖော်ပြပါတယ်။

ယူကရိန်းသတင်းဌာန Ukrainska Pravda အင်တာနက်စာမျက်နှာမှာတော့ အဲဒီလေယာဥ်ပေါ်မှာ ရုရှားရဲ့ S-300 လေကြောင်းကာကွယ်ရေးစနစ်အတွက် ဒုံးကျည်တွေ သယ်ယူလာတယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်ကို ကိုးကားပြီး သတင်းဖော်ပြထားပါတယ်။ ဒါပေမဲ့ စစ်သုံ့ပန်းတွေအကြောင်းတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

လူမှုကွန်ရက်မှာ မျှဝေနေကြတဲ့ ရုပ်သံမှာတော့ ပေါက်ကွဲမှုတစ်ခုအပြီးမှာ လေယာဥ်တစ်စီး ထိုးဆင်းသွားတာကို မြင်ရပြီး ဗြဲဂရောမြို့အရှေ့မြောက်ပိုင်း မိုင် ၄၀ ကျော်အကွာက ယာ့ဘလနဗို ရွာအနီးမှာ မီးလုံးကြီးအဖြစ်ပြောင်းလဲသွားတာကို မြင်ရပါတယ်။

ယူကရိန်းမီဒီယာတွေမှာတော့ အဲဒီလေယာဥ်ကို ယူကရိန်းတပ်ဖွဲ့တွေက ပစ်ချခဲ့တာဖြစ်နိုင်တယ်လို့ အစောပိုင်းမှာ သတင်းဖော်ပြခဲ့ပေမဲ့ နောက်ပိုင်းမှာ ဖျက်ခဲ့ကြပါတယ်။

ယူကရိန်း စစ်ဦးစီးချုပ်ကတော့ ဒီအခြေအနေနဲ့ပတ်သက်ပြီး တိကျတဲ့သတင်းအချက်အလက် မရသေးတာကြောင့် စုံစမ်းစစ်ဆေးတာတွေလုပ်နေဆဲလို့ ဘီဘီစီ ယူကရိန်းဘာသာစကားဌာနကို ပြောပါတယ်။

ဗြဲဂရော ဒေသအုပ်ချုပ်ရေးမှူး ဗရာချက်စလော့ ဂလက်ခေါ့ဗ်ကတော့ အခုဖြစ်ရပ်ကို သူသိရှိထားတယ်လို့ပြောပေမဲ့ အသေးစိတ်ပြောကြားတာတော့ မရှိသေးပါဘူး။

အကျဥ်းသားလဲလှယ်ရေးဆိုင်ရာ ယူကရိန်းအစိုးရအဖွဲ့အစည်းကတော့ ရုရှားဟာ ယူကရိန်းဆန့်ကျင်ရေး အထူးသတင်းအချက်အလက်တွေကို တက်တက်ကြွကြွလုပ်နေပြီး ယူကရိန်း လူမှုအသိုက်အဝန်းကို ပျက်ပြားစေဖို့ လုပ်နေတယ်လို့ သတိပေးပြောဆိုထားပါတယ်။

ရုရှားလွှတ်တော် ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ အန်ဒရေး ခါတာပိုလော့ဗ် ကတော့ ပျက်ကျတဲ့လေယာဥ်အပြင် ယူကရိန်း စစ်သား ၈၀ ကို သယ်ယူပို့ဆောင်နေတဲ့ ဒုတိယမြောက် လေယာဥ်တစ်စီးလည်း လေပေါ်မှာ ပျံသန်းနေခဲ့ပြီး အဲဒီလေယာဥ်ဟာ နောက်ပိုင်းမှာ ပျံသန်းတဲ့လမ်းကြောင်း ပြောင်းသွားခဲ့တယ်လို့ ပြောပါတယ်။

‘‘လက်ရှိမှာတော့ တခြား(အကျဥ်းသား)လဲလှယ်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေမရှိနိုင်သေးဘူး’’ လို့ သူက ရုရှားရုပ်သံဌာနကို ပြောပါတယ်။

ရုရှား သမ္မတရုံးပြောခွင့်ရသူ ဒီမီထရီ ပက်စ်ကော့ဗ် ကတော့ ကရင်မလင်နန်းတော်ဟာ အခုလေယာဥ် ပျက်ကျမှုကို သိရှိထားပေမဲ့ အသေးစိတ်ကို ပြောဆိုဖို့ ငြင်းဆိုပါတယ်။

Il-76 လေယာဥ် ပျက်ကျတယ်ဆိုတဲ့သတင်းထွက်ပေါ်ပြီးပြီးချင်းမှာပဲ ယူကရိန်းနိုင်ငံတဝန်းမှာ နိုင်ငံအနှံ့ လေကြောင်းရန်သတိပေးချက်ကို တဒင်္ဂ တပ်လှန့်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံနယ်စပ်နဲ့ ၂၅ မိုင်နီးပါးပဲ ကွာတဲ့ ဗြဲဂရောဟာ ယူကရိန်းစစ်ပွဲစတင်ကတည်းကဆိုရင် ဒရုန်းနဲ့တိုက်ခိုက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒါဇင်နဲ့ချီတဲ့ထိခိုက်thayဆုံးမှုဒဏ်ကို ခံစားနေရတဲ့နေရာဖြစ်ပါတယ်။

ဒီဇင်ဘာလတုန်းက လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် လူ ၂၅ ဦးthayဆုံးပြီး နောက်ထပ် ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ယူကရိန်းဘက်ကတော့ စစ်ဘက်ရေးရာအဆောက်အအုံကိုသာ ပစ်မှတ် ထားတာဖြစ်ပြီး ရုရှားရဲ့လေကြောင်းကာကွယ်ရေးဆိုင်ရာ အကြွင်းအကျန်တွေ မြို့ပေါ်ကို ကျတာဆိုပြီး အပြစ်ဖို့ ပြောဆိုထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။