ပစ္စည်းဥစ္စာရတနာ

Astrology
ပစ္စည်းဥစ္စာရတနာ

တစ်နေ့သ၌ မြန်မာ့ရုပ်ရှင်မဂ္ဂဇင်းအယ်ဒီတာအဖွဲ့မှ အယ်ဒီတာခေါ်မည်လား ၊ စာတည်းခေါ်မည်လား ၊ အမျိုးသမီးဖြစ်၍ စာတည်းမ ခေါ်မည်လား မဆိုနိုင်သော ဆွေဆွေဆိုသည့် မိန်းကလေးသည် ကျွန်ုပ်ထံသို့ ရောက်လာလေ၏ ။

ရောက်လျှင်ရောက်ချင်း ၎င်းက….
“ဆရာကြီး ကျွန်မတို့ မြန်မာ့ရုပ်ရှင်မဂ္ဂဇင်းအတွက် ရေးပေးဖို့ လိုတယ်လေ ။ မေ့နေမှာဆိုးလို့”ဟု ဆိုလေ၏ ။
“ဟဲ့ မဆွေ ။ ငါအကုန်လုံး ရေးပေးပြီးပြီပဲ ။ ဘာကျန်သေးလို့တုံး”ဟု ကျွန်ုပ်က ပြောလိုက်ရာ

“လက်ဆောင် ကျန်သေးတယ်လေ ဆရာကြီးရဲ့”
ဟု မဆွေက ပြောလေ၏ ။
“နေစမ်းပါဦး မဆွေရယ် ။ ဘာကို လက်ဆောင်ပေးရမှာတုံး” ဟု ကျွန်ုပ်က ပြန်၍ မေးလိုက်ရာ မဆွေက
“မြန်မာရုပ်ရှင်မှာ အမျိုးသမီးတွေ ဝတ်ဆင်တဲ့ ရတနာပစ္စည်းနဲ့ ပတ်သက်တဲ့အကြောင်းလေး ဘာလေး လိုချင်တယ် ဆရာကြီးရဲ့”ဟု ပြောလေ၏ ။

“အေး အေး ။ အဲဒါနဲ့ ပတ်သက်လို့ ကုန်းဘောင်ခေတ်က အလွန်ကျော်ကြားတဲ့ “မ” တစ်လုံးကြေတဲ့ ဆရာတော်ခင်ကြီးဖျော် ရေးသားစီရင်တော်မူတဲ့ ရတနာအမျိုးမျိုးရလိုကြောင်းဆိုတဲ့ စာတစ်ပုဒ်ရှိတယ် ။ အဲဒါကို ပုတီးစိပ်ရင် ရတနာပစ္စည်း တဖြည်းဖြည်းပြည့်စုံလာရတယ်လို့တောင် အဆိုရှိတယ်”ဟု ကျွန်ုပ်က ပြောလိုက်ရာ အမျိုးသမီး အယ်ဒီတာ မဆွေက…
“တကယ်ပဲလား ဆရာကြီးရဲ့။ အမှန်တကယ် အဲဒီလိုရတယ်ဆိုရင်တော့ ကျွန်မလည်း စိပ်မယ် ။ ကျွန်မ ရတနာပစ္စည်းလိုချင်တယ် ဆရာကြီးရဲ့ဟု ပြောလေ၏ ။

“ငါ့အတွေ့ အကြုံတစ်ခု ပြောမယ်နော် ။ ငါနဲ့ သိတဲ့မုန့်ဟင်းခါးရောင်းတဲ့ မိန်းကလေးနှစ်ယောက်ရှိတယ် ။ အဲဒီဂါထာလေးတွေ ပေးဖူးတယ် ။ အဲဒါကို သူတို့ စွဲစွဲမြဲမြဲ လုပ်ကြတယ် ။ ထူးခြားတယ်ဟေ့ ။ သူတို့မှာ လက်ဝတ်ရတနာတွေ တဖြည်းဖြည်း ပြည့်စုံလာကြတယ် ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးကွယ့် ။ ငါနဲ့သိတဲ့ အဒေါ်ကြီးတစ်ယောက်ကို အဲဒီဂါထာပေးဖူးတယ် ။ အဲဒီအဒေါ်ကြီးဟာ ရွတ်တော့တာပဲဟေ့ ။ အဲဒါနဲ့ တဖြည်းဖြည်း ပြည့်စုံလာတယ် ။ အဲဒါ သူ့အသက်အရွယ်နဲ့ မလိုက်အောင် ဝတ်တော့တာပဲဟေ့”

ဟု ကျွန်ုပ်က ပြောလိုက်ရာ အယ်ဒီတာကလေးမက…
“ဒီလိုဆိုရင်လည်း ပေးပါဆရာကြီးရယ်”
ဟု ပြောရာ ကျွန်ုပ်သည် လွန်စွာအစွမ်းထက်သော အတုလဆရာတော် ခင်ကြီးဖျော်၏ အောက်ပါဂါထာကို ပေးလိုက်လေတော့သတည်း။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။