The Rock ဆိုတဲ့ နာမည်ကို တရားဝင်ပိုင်ဆိုင်တော့မယ့် ဒဝိန်းဂျွန်ဆင်

Celebrity International News
The Rock ဆိုတဲ့ နာမည်ကို တရားဝင်ပိုင်ဆိုင်တော့မယ့် ဒဝိန်းဂျွန်ဆင်

ပရော်ဖက်ရှင်နယ် နပန်းလောကမှာ The Rock လို့ ပြောလိုက်တာနဲ့ ဒဝိန်းဂျွန်ဆင်ကို ပြေးမြင်ကြမှာဖြစ်ပေမဲ့ သူ့အနေနဲ့ အဲဒီအမည်ကို တရားဝင်ပိုင်ဆိုင်ခဲ့ခြင်း မရှိပါဘူး။ အခုအခါမှာတော့ WWE နပန်းအဖွဲ့ချုပ်နဲ့ သဘောတူညီချက်အရ ဒဝိန်းဂျွန်ဆင်က The Rock ဆိုတဲ့ အမည်ကို တရားဝင် ပိုင်ဆိုင်ခွင့်ရတော့မှာဖြစ်သလို WWE နဲ့ UFC ပြိုင်ပွဲတွေ ကျင်းပနေတဲ့ TKO Group ရဲ့ ဘုတ်အဖွဲ့ဝင်လည်း ဖြစ်လာပါပြီ။

The Rock ဆိုတဲ့ နာမည်ဟာ ဒဝိန်းဂျွန်ဆင်ရဲ့အဖေ ရော့ကီဂျွန်ဆင် ( WWE ပြိုင်ပွဲသမိုင်းမှာ ပထမဆုံး လူမည်းချန်ပီယံဖြစ်ပြီး နာမည်ကျော်ပြခန်းမှာ ထည့်သွင်းဂုဏ်ပြုခံရသူ)ထံကနေ ဆင်းသက်လာခဲ့တာပါ။ ဂျွန်ဆင်ဟာ ၁၉၉၆ ခုနှစ်က WWE ပြိုင်ပွဲနဲ့အတူ နပန်းလောကထဲ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ချန်ပီယံဆုကို ၈ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

နပန်းလောကမှာတင်မက ရုပ်ရှင်လောကမှာပါ အောင်မြင်ပြီး သရုပ်ဆောင်ကြေး အများဆုံးရသူအဖြစ် ရပ်တည်နေတဲ့ ဒဝိန်းဂျွန်ဆင်ဟာ Seven Bucks Productions ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ၊ Teremana Tequila ကုမ္ပဏီ၊ ZOA Energy အားဖြည့်အချိုရည်၊ Project Rock အမှတ်တံဆိပ်၊ United Football League အမေရိကန်ဘောလုံးအသင်းတွေကိုလည်း ပိုင်ဆိုင်သူပါ။

ဒဝိန်းဂျွန်ဆင်ကို ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ပြီးနောက် TKO ရဲ့ ဘုတ်အဖွဲ့ဝင် ၁၃ ဦးအထိ ရှိလာခဲ့ပြီး ဒီသတင်းကြောင့် ရှယ်ယာတန်ဖိုးကလည်း ၁၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။