တင်းတိပ်၊အမည်းစက်များ၊ဝက်ခြံအမျိုးမျိုးနှင့် မီးလောင်ဒဏ်ရာများအတွက် အကောင်းဆုံး ကန်စွန်းရွက်

Health Knowledge
တင်းတိပ်၊အမည်းစက်များ၊ဝက်ခြံအမျိုးမျိုးနှင့် မီးလောင်ဒဏ်ရာများအတွက် အကောင်းဆုံး ကန်စွန်းရွက်

ကန်စွန်းရွက်ဟာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ အထောက်အကူဖြစ်စေရုံသာမက၊ အသားအရည်ကို ကောင်းမွန်သန့်ရှင်းစေလို့ အကောင်းဆုံးအဖော်မွန်ပါဘဲ။

(က)ဝက်ခြံစို၊ ဝက်ခြံခြောက်၊ ဝက်ခြံပုန်း၊ တင်းတိပ်၊ အမည်းစက်များနှင့် မျက်နှာအသားအရေ အရောင်မညီခြင်းများအတွက် စိတ်မပျက်ပါနှင့်။ကန်စွန်းရွက်ကိုကြိတ်ချေပြီး၊ ထိုသတ္တုရည် တစ်မျိုးတည်းကိုသာ စိတ်ချလက်ချ လိမ်းပေးခြင်းဖြင့် သက်သာလာစေနိုင်ပါတယ်။

(ခ)ပျားရည်စားပွဲတင်ဇွန်း ၁-ဇွန်းနှင့် ကန်စွန်းရွက်သတ္တုရည် စားပွဲတင်ဇွန်း ၄-ဇွန်းကို သမအောင်ရောမွှေကာ ခြေလက်များကို လိုးရှင်းအဖြစ် နံက်နှင့် ည ပုံမှန်လိမ်းပေးခြင်းဖြင့် အသားအရေ ဝင်းလက်စိုပြေ တောက်ပလာစေနိုင်ပါတယ်။

(ဂ)ကန်စွန်းရွက်ကို အရည်ညှစ်၍ ခေါင်းဦးရေပြားထဲ စိမ့်ဝင်အောင် နှိပ်နယ်ပေးခြင်းဖြင့် ဆံပင်သန်စွမ်းကာအရှည်မြန်စေပါတယ်။ ဒါ့ပြင်ဦးရေပြားကိုအေးမြစေလို့၊ ဗောက်များ ကင်းစင်စေပါတယ်။

(ဃ)မီးဟပ်ခြင်းနှင့်မီးလောင်ဒဏ်ရာများအတွက် ကန်စွန်းရွက်သတ္တုရည်ကို သကြားနဲ့ရောစပ် လိမ်းပေးခြင်းဖြင့် အပူ လောင်ခြင်းကို သက်သာစေကာ၊ အမာရွတ်မကျန် ပျောက်ကင်းစေနိုင်ပါတယ်။

မှတ်ချက်။

(က) များသောအားဖြင့် ကန်စွန်းပင်များကို စိုက်ခင်းထဲတွင် သဘာဝရေမှော်ကဲ့သို့စိုက်ပျိုးထားလေ့ရှိတာမို့၊ ကပ်ပါးပိုးများ ပါလာတတ်၍ အသုံးမပြုမီ ရေများများဖြင့် စင်စင်ဆေးကြောသင့်ပါတယ်။

(ခ) ညှိးပျော့၍အဝါရောင်သန်းနေသော ကန်စွန်းရွက်များသည် မလတ်ဆတ်ဘဲ ကျန်းမာရေးအာနိသင်လဲ ပျက်ပြယ်စေလို့ အရွေးမမှားဘို့လိုပါတယ်။

ခေတ်မီတိုးတက်လျှက်ရှိသော ယနေ့ကမ္ဘာတွင် ကျန်းမာရေးအမြင်ရှိသူတိုင်းက သစ်သီးဝလံံနှင့် ဟင်းသီးဟင်းရွက်များသည် ကျန်းမာရေးအထောက်အကူပြု အာဟာရအစားအစာများအဖြစ် အရေးပါပုံကို သိမြင်လက်ခံလာကြပြီဖြစ်၏။ထို့ကြောင့် မိမိတို့ပတ်ဝန်းကျင်တွင် ရာသီမရွေးရရှိနိုင်ကာ ငွေကုန်သက်သာလွယ်ကူစွာ ချက်ပြုတ်နိုင်ပြီး၊ ခံတွင်းလဲမြိန်၊ ကျန်းမာရေးကိုလဲ များစွာ အထောက်အကူပြုစေသည့် ဆေးစွမ်းထက်မြက် ကန်စွန်းရွက်ကို မီးဖိုချောင်သုံးဆေးဝါး အဖြစ် စားသုံးပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

ဆောင်းပါးရှင် ပေါက်ပေါက်

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။