ကိုယ်ဝန်ဆောင်မိခင်များနှင့် အုန်းရည်

Health Knowledge
ကိုယ်ဝန်ဆောင်မိခင်များနှင့် အုန်းရည်

ကိုယ်ဝန်ဆောင်မိခင်များ အုန်းရည်သောက်လို့ရလားဆို ရပါတယ်။ အုန်းရည်သောက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရလဲဆိုတာကို ဆက်ပြောပါမယ်။
အုန်းရည်မှာ မိခင်ရော သန္ဓေသားကျန်းမာရေးအတွက်ပါ ကောင်းမွန်တဲ့ အာဟာရဓာတ်တွေပါဝင်တယ်။ အဆီမပါဝင်တဲ့ အရည်တခုဖြစ်တယ်။ အေးမြလန်းဆန်းစေတယ်။ ရေဓာတ်ပြည့်ဝစေတယ်။ ချွေးထွက်တဲ့အခါ ဆုံးရှုံးသွားတဲ့ ဆားဓာတ်ကို ပြန်လည်ဖြည့်တင်းပေးတယ်။

ခန္ဓာကိုယ်ရဲ့ fluid and electrolyte levelတွေကို တည်ငြိမ်စေတယ်။ အုန်းရည်မှာ သကြားဓာတ်၊ ပရိုတိန်းဓာတ်၊ ဆိုဒီယမ်တို့ပါဝင်ပါတယ်။ ခန္ဓာကိုယ်ကို ရောဂါပိုးတွေမဝင်နိုင်အောင်ကာကွယ်ပေးနိုင်တယ်။

ကိုယ်ဝန်ဆောင်မိခင်တွေကို ကိုယ်ခံစွမ်းအားမြင့်မားစေတယ်။ ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုကာကွယ်ပေးတယ်။ သွေးပေါင်ချိန်တက်နေတာကို ကျစေတယ်။

အုန်းရည်က ကယ်လိုရီပါဝင်မှုနည်းတယ်။ fiber, omega fatty acid ပါဝင်တယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သင့်လျော်ပြီး ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တယ်။

ဝိတ်ချနေတဲ့သူတွေအတွက် အထောက်အကူပြုတယ်။ မကောင်းတဲ့ cholesterol တွေကို တဖြည်းဖြည်း ဖယ်ထုတ်ပေးပြီး ကောင်းတဲ့ cholesterol ကို တိုးစေတယ်။
အဆီဆဲလ်တွေ စုပြုံလာခြင်းကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်နေစေတယ်။

အစာခြေဖျက်မှုကိုတိုးတက်စေတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် အစာကြေလွယ်စေပြီး အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေတယ်။ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်။ pH ပုံမှန်အတိုင်းရှိနေအောင် ထိန်းသိမ်းပေးတယ်။

ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်ပျက်မှုကိုတိုးတက်စေပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေဖယ်ရှားပေးတယ်။ အုန်းရည်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ antioxidant တွေပေါကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ အုန်းရည်သောက်ခြင်းက မိခင်ရော သန္ဓေသားကိုပါ fluနဲ့ တခြားသော ဖျားနာမှုတွေကနေ ကာကွယ်ပေးနိုင်တယ်။ကိုယ်ဝန် ပထမသုံးလမှာ အုန်းရည်သောက်ခြင်းက morning sickness ကို သက်သာစေပြီး ပျို့ခြင်းကို လျော့ကျစေပါတယ်။

အုန်းရည်ကို အလွန်အကျွံသောက်လို့မရပါ။ ရေအစားထိုးအနေနဲ့ မသောက်သင့်ပါ။ တနေ့ တခွက် (သို့) နှစ်ခွက်အထိသာ သောက်သင့်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ အုန်းစိမ်းရည်ကိုသာ သောက်သင့်ပါတယ်။ ready made အုန်းရည်ဘူးတွေက ပိုချိုအောင်ပြုလုပ်ထားလို့ သကြားတွေများစွာပါဝင်တဲ့အတွက် ဝိတ်တက်စေပြီး သွေးတွင်းသကြားဓာတ်ကို မြင့်စေပါတယ်။

အုန်းရည်နဲ့ ဓာတ်မတည့်သူ၊ အုန်းရည်တခါမှ မသောက်ဖူးသူတွေက ကိုယ်ဝန်ဆောင်စဉ် သောက်မယ်ဆိုရင် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သင့်ပါတယ်။

အုန်းရည်သောက်ရုံနဲ့တင် ကိုယ်ဝန်ဆောင်အတွက် အာဟာရ လုံလောက်တာမဟုတ်လို့ အာဟာရပြည့်စုံအောင် စုံလင်စွာစားပေးရပါမယ်။

ရေးသားသူ –crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။