မှတ်မှတ်သားသားဗေဒင်စကားများ

Astrology
မှတ်မှတ်သားသားဗေဒင်စကားများ

မိုးခေါင်တဲ့ အရပ်ဒေသတစ်ခုမှာ မိုးရွာစေချင်တဲ့အခါ အိမ်ကဘုရားဆင်းထုတော်ကို ရေမကြာခဏ ဆိုသလို သပ္ပါယ်ပေးပြီး ဆုတောင်းပါ ။

အိမ်ခေါင်းရင်ဘက်မှာ အမှိုက်ပုံ မထားရ ။ အမှိုက် မပစ်ရ ။ လာဘ်ပိတ်တယ် ။

ညဘက် မှာတံမြက်စည်း ပြောင်းပြန် ထောင်ထားပါ ။မနက်ဆို အိမ်ရှေကနေ အိမ်နောက်ဖေးဘက်ကို တံမြက်စည်း လှည်း၍ ညနေကျရင် အိမ်နောက်ဖေးကနေ အိမ်ရှေ့ကို တံမြက်စည်း လှဲရင် လာဘ်ပွင့်ပါတယ် ။

အိမ်မှာ ကြည့်မှန်ကွဲရင် မထားရ ။ သူတပါး အကောက်ကြံတာ ခံရတတ်တယ် ။

စီးတဲ့ဖိနပ်ကို ချွတ်ပြီး အပြန်အလှန် မတီးရ ။ အိမ်တွင်း ရန်ပေါ်တတ်ပါတယ် ။

အိမ်သစ်ဆောက်ရင် အိမ်မှာလူပျို အပျိုရှိက မင်္ဂလာဆောင်ရတတ်တယ် ။

ဖိနပ် ဘယ်ညာ မှားစီးရင် အလုပ်နှစ်မျိုး လုပ်ရတတ်သလို ရည်းစားနှစ်ယောက် ရတတ်တယ် ။

နဖူးအလယ်တည့်တည့်မှာ မှည့်ပါခဲ့ရင် မုဆိုးဖို ၊ မုဆိုးမ ဖြစ်တတ်တယ် ။

လုံချည် ထမိန် ဝတ်ဆင်ရင် ခေါင်းကစွပ်ပြီး မဝတ်ရ ။ ဆင်းရဲ တာရှည်တတ်တယ် ။

အိမ်မှာအဖေ ၊ အမေပုံ မချိတ်ပဲ သားသမီးပုံတွေ ချိတ်ထားရင် သားသမီတွေ ဆုံးမရ ပြောဆိုရ ခက်ခဲတတ်ပါတယ် ။

ခရီးသွားရင် လမ်းပေါ်မှာ မြွေဖြတ်သွားတာ မြင်တွေ့ရင် ခြေလှမ်း သုံးလှမ်း နောက်ဆုတ်ပြီးမှ ခရီးရှေ့ဆက်သွားပါ ။

အိမ်ထောင်ဦးစီးရဲ့ အင်္ကျီ ၊ လုံချည် ဧည့်သည်ကို ပေးဝတ်ရင် အလုပ်အကိုင် ထိခိုက် အဆင်မပြေ ဖြစ်တတ်တယ် ။

လုံချည် ၊ ထမိန်နဲ့မျက်နှာသုတ်ရင် မကြီးပွား မချမ်းသာတတ်ပါ ။

ကိုယ့်ရဲ့ ညာဘက်မှာပေါ်တဲ့ အလှူမင်္ဂလာသွားရင် မျက်နှာပွင့်တတ်ပါတယ် ။ လာဘ်ပွင့်တတ်ပါတယ် ။

ကိုယ်ရဲ့ ဘယ်ဘက်ကပေါ်တဲ့ အလှူမင်္ဂလာ သွားရင်လာဘ်တိတ်ပြီး စုထားတဲ့ငွေ ပါကုန်တတ်ပါတယ် ။

ညာဘက်က အသုဘ နာရေးကား သွားတာမြင်ရင်လာဘ်တိတ်ပါတယ် ။ ဘယ်ကသွားတာမြင်ရင် ငွေဝင်တတ်ပါတယ် ။

ကိုယ့်အိမ် ကိုယ့်ဆိုင်ကို ကားဝင်တိုက်ရင် တိုက်တဲ့လူကို တောင်းပန်ခိုင်းပါ ။ အတိုက်ခံရတဲ့ နေရာကိုလည်း အသစ်ပြုပြင်ခိုင်းပါ ။ လုပ်မပေးရင် ဝင်တိုက်တဲ့ကားခေါင်းကို အိမ်ကရေအိုးထဲမှ ရေကိုခပ်ပြီး “နင့်ဒဏ်နင်ခံ”ပြောပြီး လက်ပြန်သုံးခါ ပက်လိုက်ရင် အဲ့လူမွဲပြာကျသွားပါလိမ့်မယ် ။

အိမ်ပူအိမ်ဆူနေရင် မနက်တကြိမ် ၊ ညတစ်ကြိမ် သောက်တော်ရေ ၅ ခွက် အိမ်ဘုရားမှာ သီးသန့်ကပ်လှူ၍ ဆုတောင်းပေးပါ ။

လမ်းဦးတိုက် လှေဦးတိုက်အိမ်ဖြစ်ခဲ့ရင် ကြည့်မှန်တစ်ချပ် အိမ်ရှေ့ကပ်ထားပါ ။

စားသောက်တဲ့ ပန်းကန်ခွက်ယောက်တွေကို မတီးရ။ထမင်းငတ်တတ်ပါတယ် ။

ဘုရားခန်းရှေ့ ၊ အိမ်ဦးခန်းမှာ လင်မယားအတူတူညစ်ညမ်းဇာတ်ကားတွေ မကြည့်ရ ။ စီးပွားပျက်ပြီး မွဲတေ သွားပါလိမ့်မယ် ။ ကြည့်ချင်ရင် အိပ်တဲ့ အခန်းထဲ ကြည့်ကြပါ ။

ကိုယ်အိမ်ကို ကိုယ့်မလာစေချင်တဲ့သူရှိရင် တံမြက်စည်း နှစ်ချောင်းကို အဖျားချင်းတီးခတ်ပြီး “မလာစေနဲ့”လို့ ပါးစပ်ကပြောပါ ။

ကိုယ့်အိမ်ခေါင်းရင်းဘက်မှာ ရန်ဖြစ်ရင် လာဘ်တိတ်တတ်လို့ မိမိအိမ် ခြေရင်းဘက်ကို ခြေထောက်နဲ့ ကန်ကြောက် အိုးခွက်ပန်းကန်တွေ အသံထွက်အောင်ဆောင့်ကြီးအောင့်ကြီး ပစ်ချရင် လာဘ်မတိတ်တော့ပဲ ငွေပြန်ဝင်လာပါလိမ့်မယ် ။

ခြေရင်းဘက်အိမ်က ရန်ဖြစ်သံကြားရင် သီချင်းမြူးမြူး ဖွင့်က’ပါက ငွေဝင် ထီပေါက်တတ်ပါတယ် ။

အိမ်တစ်အိမ်မှာ လင်ယူ ၊ မယားယူ ချစ်သူရည်းစား ခိုးပြေးကြတာ ခိုးပြေးလာတာ နှစ်ကြိမ်တောင်ဖြစ်တယ် အသံကြားရင် ကိုယ့်အိမ်မှာရှိတဲ့ အပျိုလူပျို မင်္ဂလာဆောင်ရတတ်ပါတယ် ။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။